နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တော့တင်ဟမ်ဟော့စပါးကို စံချိန်တင် အနိုင်ယူခဲ့တဲ့ အာဆင်နယ် ပွဲအပေါ် ချဉ်းကပ် သုံးသပ်ကြည့်ခြင်း | ပရီးမီးယားလိဂ်

အာဆင်နယ် ကတော့ မနေ့ညက ကစားသွားတဲ့ မြောက်လန်ဒန် ဒါဘီ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးကို အဝေးကွင်းမှာ ပထမအကျော့ ရလဒ် အတိုင်း အနိုင်ယူပြခဲ့ပါတယ်။ စပါးရဲ့ ယာယီ နည်းပြသစ် အီဂေါ တူဒါက ပွဲမတိုင်ခင်မှာ “ကျွန်တော် ဒီကို ပျော်ရွှင်ဖို့ အတွက် ရောက်လာတာ မဟုတ်ဘူး” လို့ ပြတ်ပြတ်သားသား ပြောဆိုထားခဲ့ပြီး တကယ်တော့ အဲဒီစကားက မြောက်လန်ဒန်ဒါဘီ ရှုံးနိမ့်မှု အတွက် လက်ခံဖို့ ပိုပြီး လွယ်ကူသွားစေလောက်ပါတယ်။

စပါးဟာ ပထမပိုင်းမှာ အာဆင်နယ်ကို သူတို့ တတ်နိုင်သလောက် အကောင်းဆုံး ယှဉ်ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း စပြီး ၂ မိနစ်အကြာမှာပဲ ဗစ်တာ ယောကရက်စ်က အာဆင်နယ် အတွက် ဦးဆောင်ဂိုး ပြန်သွင်းပေးလိုက်ချိန် မှာတော့ စပါးတို့ စိတ်ဓာတ်တွေ လုံးဝပြိုဆင်းသွားခဲ့ပါတယ်။ အဲဒီနောက် မှာတော့ အီဘာရီချီ အက်ဇေးက သူ့ရဲ့ ဒုတိယမြောက်ဂိုး (ဒီရာသီ စပါးနဲ့ နှစ်ကျော့ ကစားပြီး ၅ ဂိုးသွင်း) ကို ထပ်မံ သွင်းယူပေးခဲ့တာကြောင့် အာဆင်နယ်က ၃-၁ နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲပြီးခါနီး မှာတော့ ယောရက်စ် ကပဲ စတုတ္ထမြောက်ဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။

အာဆင်နယ်ဟာ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းက စလို့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ရုန်းကန်နေခဲ့ရတာပါ။ ပြီးခဲ့တဲ့ လိဂ် ၇ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့လို့ မန်စီးတီးနဲ့ ရမှတ် ၃ မှတ်သာ ကွာဟပါတော့တယ်။ စပါးနဲ့ ပွဲမှာလည်း တချို့သော အချိန်တွေမှာ စိုးရိမ်စရာ အခြေအနေတွေ ရှိခဲ့ပေမယ့် နောက်ဆုံး မှာတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ခေတ် အတွင်း စပါး အိမ်ကွင်းမှာ အကြီးမားဆုံး နိုင်ပွဲကို စံချိန်တင် ရယူနိုင်ခဲ့ပါတယ်။

ဒါဆိုရင် ဒီပွဲကနေ ကျွန်တော်တို့ ဘာတွေ သိလိုက်ရသလဲ ဆိုတာကို ပြန်လည် ပြောပြပေးပါမယ်။

 

ဂိုးပေါက် ပျောက်နေတဲ့ တိုက်စစ်မှူးတွေ ဂိုးပြန်သွင်းနိုင်ခြင်း

ဗစ်တာ ယောကရက်စ်ဟာ ဒီပွဲမတိုင်ခင်အထိ ပရီးမီးယားလိဂ်မှာ ဂိုးပေါက် ကန်သွင်းခွင့် မရတာ ၃ နာရီ နီးပါး ကြာမြင့်နေပြီ ဖြစ်သလို၊ အက်ဇေးဟာလည်း ပြီးခဲ့တဲ့ ၃ လအတွင်း ဂိုးပေါက်တည့်အောင် မကန်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီကစားသမား နှစ်ဦး စလုံးရဲ့ အားနည်းချက်တွေကို “ဒေါက်တာ စပါး” က ကုသပေးလိုက်ပါတယ်။

စပါးရဲ့ ကွင်းလယ်ဟာ ဒဏ်ရာ ပြဿနာတွေနဲ့ လူမစုံ ဖြစ်နေတာကြောင့် အက်ဇေး အတွက်တော့ နေရာလွတ်တွေ အများကြီး ရနေခဲ့ပါတယ်။ စပါး ကွင်းလယ်လူ ဘစ်ဆူးမားဟာ ပွဲအစမှာ တက်ကြွခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ အက်ဇေးရဲ့ လှည့်ကွက်တွေ အောက်မှာ ရုန်းကန်ခဲ့ရပါတယ်။ တစ်ဖက် မှာလည်း ယောကရက်စ်ဟာ သူ့ရဲ့ Performance သိပ်မထွက်တဲ့ ရာသီရဲ့ အကောင်းဆုံး ပုံစံ တစ်ခုကို ဒီနေ့ပွဲမှာ စပယ်ရှယ် ပြသနိုင်ခဲ့ပါတယ်။ သူဟာ စပါး နောက်ခံလူ ဒရာဂူဆင်ကို တစ်ပွဲလုံး အသာစီးယူ ကစားသွားနိုင်ခဲ့ပါတယ်။ တကယ်လို့သာ စပါးမှာ ခရစ္စရှန် ရိုမီယိုကို အမာခံ နောက်ခံလူ တစ်ဦး ပါဝင်နိုင်ခဲ့မယ် ဆိုရင်တော့ နည်းပြ တူဒါ အနေနဲ့ ဒရာဂူဆင်ကို သုံးဖြစ်မှာ မဟုတ်ပါဘူး။ နည်းပြ တူဒါ ကိုယ်တိုင် ကလည်း “အာဆင်နယ်က ကျွန်တော်တို့ထက် အများကြီး သာလွန်ခဲ့ပါတယ်” လို့ ဝန်ခံခဲ့ပါတယ်။ တကယ်တမ်းလည်း သူ့ အနေနဲ့ ပရီးမီးယားလိဂ် ဆိုတာ ဘာလဲ ကောင်းကောင်း နားလည်သွားလောက်ပြီ ထင်ပါတယ်။

 

မှောင်မိုက်နေတဲ့ စပါး အတွက် မျှော်လင့်ချက် ရောင်ခြည်

စပါး အတွက်တော့ လွန်ခဲ့တဲ့ ၄၈ နှစ်အတွင်း အိမ်ကွင်းမှာ အာဆင်နယ်ကို အဆိုးရွားဆုံး ရှုံးနိမ့်ခဲ့တာကြောင့် အကောင်းမြင်စရာ သိပ်မရှိပါဘူး။ ဒါပေမယ့် ပထမပိုင်း မှာတော့ တူဒါ အလိုရှိတဲ့ အားကြိုး မာန်တက် ကစားဟန်ကို မြင်တွေ့ခဲ့ရပါတယ်။ စပါး ကစားသမားတွေဟာ ပြိုင်ဘက်ကို အဟန့်အတား ဖြစ်စေဖို့ ပြစ်ဒဏ် ကျူးလွန်မှု ၁၇ ကြိမ် အထိ ပြုလုပ်ခဲ့ပြီး ဒါဟာ ဒီရာသီမှာ အများဆုံးပါပဲ။ ဒါပေမယ့် ဒဏ်ရာရ ကစားသမား များပြားနေတာ၊ အရန်ခုံမှာ လူငယ် ကစားသမား ၅ ဦး အထိ ရှိနေတာတွေက ပွဲချိန်နှောင်းပိုင်း မှာတော့ သူတို့ရဲ့ ကစားအားကို သိသိသာသာ ကျဆင်းသွားစေတာ တွေ့ရပါတယ်။

ဂန်းနားတို့ ပရီးမီးယားလိဂ် အပါအဝင် ချန်ပီယံဆုကို မျှော်မှန်းထားရင်တော့ အာတေးတား အနေနဲ့ ဒါကို အမြန်ဆုံး ပြုပြင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း စပါး ဘက်ကို ၅ ဂိုးအထိ သွင်းနိုင်ခဲ့တဲ့ အက်ဇေး

ထူးခြားတာ တစ်ခုကတော့ စပါး တိုက်စစ်မှူး ရန်ဒဲလ် ကိုလို မူအာနီရဲ့ ပုံစံကောင်း ဖြစ်ပါတယ်။ သူဟာ နည်းပြ တူဒါရဲ့ လက်အောက် (ဂျူဗင်တပ်စ်မှာတုန်းက အပါအဝင်) ၁၃ ပွဲမှာ ၇ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါဟာ နည်းပြဟောင်း သောမတ်စ် ဖရန့်ခ် လက်အောက် ၂၇ ပွဲမှာ ၃ ဂိုးပဲ သွင်းနိုင်ခဲ့တာနဲ့ နှိုင်းယှဉ်ရင် အများကြီး သာလွန်နေတာပါ။ ဒါပေမယ့် နည်းပြ တူဒါ ကတော့ ပွဲအပြီးမှာ စိတ်ပျက်နေဆဲ ဖြစ်ပြီး “ကျွန်တော်တို့ ပိုပြေးဖို့လိုတယ်၊ ပိုကောင်းအောင် ကစားဖို့လိုတယ်၊ Second Ball တွေကို အပိုင်ရအောင် ယူရမယ်” လို့ ပြောကြားခဲ့ပါတယ်။ သူ့အမြင်မှာတော့ အာဆင်နယ်က ပိုမြန်တယ်၊ ပိုသန်မာတယ်၊ ပြီးတော့ ပိုပြီးတော့ အနိုင်ရချင်စိတ် ပြင်းပြနေတယ်လို့ ဆိုပါတယ်။

 

အာဆင်နယ် အတွက် သတိထားရဦးမယ့် အားနည်းချက်များ

အာဆင်နယ်ဟာ ဂိုးပြတ်နိုင်ခဲ့သည့်တိုင်အောင် နောက်တန်း အမှားအယွင်းတွေ ကတော့ ရှိနေဆဲပါ။ ကွင်းလယ်လူ ဒီကလန် ရိုက်စ်က အသင်းသားတွေ စိတ်ဓာတ် ပြင်းထန်ကြဖို့ ပြောနေပေမယ့် သူကိုယ်တိုင်ပဲ ကိုလို မူအာနီဆီကို ဘောလုံး အမှားပေးမိရာ ကနေ စပါးတို့ ချေပဂိုး ရသွားခဲ့တာပါ။ နောက်တန်းက မာတင် ဇူဘီမန်ဒီ၊ ဂါဘရီရယ်နဲ့ ဂိုးသမား ရာယာတို့ မကြာခဏ ဆိုသလို နားလည်မှု လွဲနေပြီး အမှားတွေ လုပ်နေကြတာဟာ နည်းပြ မီခဲလ် အာတေးတား အတွက်တော့ ခေါင်းခဲစရာ ဖြစ်နေပါတယ်။

နောက်ထပ် သတိထားမိတဲ့ အချက် တစ်ချက်က အာဆင်နယ်ဟာ ဂိုးသွင်းပြီးပြီးချင်း ၁၀ မိနစ် အတွင်း ဂိုးပြန်ပေးရလေ့ရှိတာ ပါပဲ။ ဒီရာသီ သူတို့ ပေးလိုက်ရတဲ့ ဂိုးအားလုံးရဲ့ သုံးပုံ တစ်ပုံကျော် (၉ ဂိုး) ဟာ ဂိုးသွင်းပြီး ၁၀ မိနစ် အတွင်း မှာပဲ ပြန်ပေးလိုက်ရတာ ဖြစ်ပါတယ်။ ဒါဟာ အာဆင်နယ်ရဲ့ အာရုံစူးစိုက်မှုပိုင်း အားနည်းချက်ကို ပြသနေတာ ဖြစ်ပါတယ်။ ဂန်းနားတို့ ပရီးမီးယားလိဂ် အပါအဝင် ချန်ပီယံဆုကို မျှော်မှန်းထားရင်တော့ အာတေးတား အနေနဲ့ ဒါကို အမြန်ဆုံး ပြုပြင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

မည်သို့ပင် ဆိုစေကာမူ လောလောဆယ်တော့ အာဆင်နယ်က မြောက်လန်ဒန် ဒါဘီ အဝေးကွင်း ဂိုးပြတ် နိုင်ပွဲကြောင့် အတိုင်းအတာ တစ်ခု အထိ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ပြန်လည် မြင့်တက်သွားမှာ အသေအချာပါပဲ။ လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၂ နေရာက မန်စီးတီးကို တစ်ပွဲ ပိုကစားပြီး ၅ မှတ် ဖြတ်ထားနိုင်လို့ ဖိအားတော့ အနည်းငယ် လျော့သွားပါတယ်။ အခုပွဲ ခြေစွမ်းအတိုင်း ဆက်ကစားရင်၊ အာတေးတား အနေနဲ့ မလိုအပ်ပဲ နည်းစနစ် အပြောင်းအလဲတွေ မလုပ်ရင် (တနည်းအားဖြင့် အတွေးခေါင်မှုတွေ)၊ ကစားသမားတွေရဲ့ အာရုံစူးစိုက်မှု အားကောင်းရင်၊ ဒီလူစာရင်း အစုအဖွဲ့နဲ့ သူတို့ လိုချင်နေတဲ့ ဖလား ၄ လုံး အောင်မြင်မှု ဆိုတာ မဝေးတော့ကြောင်း ပြောကြားရင်း…။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်