မန်ချက်စတာယူနိုက်တက်က မိုက်ကယ် ကာရစ်ခ်ဟာ မန်ချက်စတာယူနိုက်တက် ယာယီ နည်းပြ အဖြစ် ဇန်နဝါရီလမှာ စတင် တာဝန်ယူပြီးနောက် နယူးကာဆယ် အတွေ့မှ ပထမဆုံးသော ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အမော်ရင် ထွက်ခွာပြီးနောက် ကာရစ်ခ်ဟာ ပရီးမီးယားလိဂ် ဇယားထိပ်က မန်စီးတီးနဲ့ အာဆင်နယ် တို့ကို ဆက်တိုက် အနိုင်ယူပြီး သရဲနီတွေ အတွက် အားတက်စရာတွေ ယူဆောင်ပေးခဲ့သူပါ။ ဒါပေမယ့် အခုတော့ နယူးကာဆယ်နဲ့ အတွေ့မှာ ကာရစ်ခ် တယောက် လက်တွေ့ဘဝရဲ့ ခါးသီးမှုကို မြည်းစမ်းခဲ့ရပြီ ဖြစ်ပါတယ်။ အဲဒီ ရှုူံးပွဲ ကနေ ယူနိုက်တက်တို့ ဘယ်အချက်တွေကို သင်ခန်းစာယူသင့်သလဲ ဆိုတာ Sports Illusrtated က ဖော်ပြလာခဲ့ပြီး SBOTOP ပရိသတ်တွေကို ထပ်ဆင့် ပြန်လည် ဝေမျှပေးလိုက်ရပါတယ်။
၁။ ခပ်ပါးပါး ခြားနေတဲ့ အနိုင်နဲ့ အရှုံး ကြားက စည်း
ပရီးမီးယားလိဂ် ဇယားထိပ်က အာဆင်နယ်ကို အနိုင်ရပြီးကတည်းက ယူနိုက်တက်ရဲ့ ခြေစွမ်းဟာ အံ့မခန်း ဖြစ်နေတာမျိုး မဟုတ်ပါဘူး။ အနိုင်ရလဒ်တွေ ဆက်တိုက် ထွက်ပေါ်နေတာဟာ အသင်းငယ်တွေကို ဂိုးပြတ် ခြေပြတ် အနိုင်ယူနိုင်လို့ မဟုတ်ဘဲ ကစားသမားတွေရဲ့ ဇွဲနဲ့ ရုန်းကန်နိုင်မှုကြောင့်သာ ဖြစ်ပါတယ်။ ဖူလ်ဟမ်ကို အနိုင်ရတုန်းက ဆိုရင် ၉၄ မိနစ်မှ ဘင်ဂျာမင် ဆက်စ်ကိုရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ဒါ့အပြင် ယူနိုက်တက်က စပါးနဲ့ပွဲ မှာလည်း ပြိုင်ဘက်က အနီကတ်နဲ့ လူလျော့သွားလို့သာ ကပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ်နဲ့ ပွဲမှာလည်း ပြိုင်ဘက်က လူလျော့သွားခဲ့ပေမယ့် အရင်ပွဲတွေလို ကံမကောင်းတော့ဘဲ ပင်နယ်တီ ပေးလိုက်ရတာနဲ့ ဝီလီယမ် အိုဆူလာရဲ့ တစ်ကိုယ်တော် ခြေစွမ်းပြမှုကြောင့် အရှုံးပေးလိုက်ရတာပါ။ ဒါဟာ အမြဲတမ်း ခြေစွမ်း မတည်ငြိမ်ဘဲ ကံကိုပဲ အားကိုးနေလို့ မရဘူး ဆိုတဲ့ သင်ခန်းစာပါပဲ။
၂။ အခွင့်အရေး အသုံးချနိုင်မှုကသာ အဓိက

ဘောလုံးပွဲမှာ ရလာတဲ့ အခွင့်အရေးကို ဂိုး အဖြစ် ပြောင်းလဲနိုင်ဖို့က အဆုံးအဖြတ်ပါပဲ။ ဒီပွဲမှာ ယူနိုက်တက်ဟာ နယူးကာဆယ်ထက် ဂိုးကန်သွင်းခွင့် ပိုရခဲ့သလို (၁၄ ကြိမ် – ၁၂ ကြိမ်)၊ အပိုင်ဂိုး ရမယ့် အခွင့်အရေး (Big Chances) လည်း ပိုရခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးခဲ့တာ မှာလည်း ယူနိုက်တက်က (၃) ကြိမ်နဲ့ ပိုများနေပါတယ်။ အဆိုပါ အခွင့်အရေးတွေ ကိုသာ အသုံးချနိုင်ခဲ့ရင် ပွဲရလဒ်ဟာ ၂-၁ နဲ့ ရှုံးနိမ့်မှု ကနေ ၃-၂ အနိုင်ရလဒ် ဖြစ်သွားနိုင်တာပါ။
၃။ ကွင်းလယ် အင်ဂျင် တစ်ဦး လိုအပ်နေခြင်း
ယူနိုက်တက်ရဲ့ ကွင်းလယ်ဟာ နယူးကာဆယ်ရဲ့ ဆန်ဒရို တိုနာလီလို ကစားသမားမျိုးနဲ့ ယှဉ်ရင် လိုအပ်ချက်များစွာ ရှိနေပါတယ်။ ကတ်စ်မဲရိုးဟာ ဂိုးတွေ သွင်းပေးနိုင်ပေမယ့် ခံစစ် အားသန်တဲ့ ကွင်းလယ်လူ (နံပါတ် ၆) သာ ဖြစ်ပြီး သူက မကြာခင် မှာလည်း အသင်း ကနေ ထွက်ခွာတော့မှာပါ။ ကိုဘီ မိန်းနူး ကတော့ ဖန်တီးမှုပိုင်း အားသန်တဲ့ Deep-lying playmaker အမျိုးအစားပါ။ ယူနိုက်တက်မှာ ကွင်းလယ် တစ်ဖက် ကနေ တစ်ဖက်ကို အမြဲတမ်း အတက်အဆင်း လုပ်ပြီး ကစားနိုင်တဲ့ (Box-to-box engine) မျိုး မရှိသေးပါဘူး။ အာဆင်နယ်မှာ ဒီကလန် ရိုက်စ်၊ ချဲလ်ဆီးမှာ မွိုက်ဆက်စ် ကိုင်စီဒိုတို့ ရှိသလိုမျိုး ယူနိုက်တက် မှာလည်း လိုအပ်နေတာ ဖြစ်လို့ လာမယ့် နွေရာသီမှာ တိုနာလီ သို့မဟုတ် အီလီယော့တ် အန်ဒါဆန်လို ကစားသမားမျိုးကို ပစ်မှတ်ထားသင့်ပါတယ်။
၄။ အနားယူရင်း ပြန်လည် သုံးသပ်ရမယ့် အချိန်
ကံကောင်းတာ တစ်ခု ကတော့ ဒီတစ်ပတ်မှာ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွေ ရှိလို့ ယူနိုက်တက်ဟာ ၁၀ ရက်လောက် နားရက်ရသွားတာပါ။ ဒါဟာ ကာရစ်ခ် အတွက် အသင်းသားတွေကို ကိုယ်ကာယပိုင်း ပြန်လည် နာလန်ထူစေဖို့နဲ့ ဘာကြောင့် ရှုံးခဲ့သလဲ ဆိုတာကို ပြန်လည် သုံးသပ်ဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ လာမယ့် မတ်လ ၁၅ ရက်နေ့မှာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အရေးပါတဲ့ အက်စတွန်ဗီလာနဲ့ ပွဲကို အကောင်းဆုံး ပြင်ဆင်သွားရမှာ ဖြစ်ပါတယ်။
မိုက်ကယ် ကာရစ်ခ် ကတော့ နယူးကာဆယ်ကို ရှုံး အပြီးမှာ “ဒီရှုံးပွဲ ဘာကြောင့် ဖြစ်ရသလဲ ဆိုတာ သင်ခန်းစာယူရမယ်၊ ရှေ့မှာ ကစားရမယ့် ပွဲတွေ အများကြီး ရှိသေးတယ်။” လို့ ဆိုခဲ့ပါတယ်။ တကယ်လည်း ယူနိုက်တက် အနေနဲ့ ဒီရာသီ သူတို့ရဲ့ အဓိက ရည်မှန်းချက် ဖြစ်တဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့၊ အမြင့်မားဆုံး အဆင့် ရပ်တည်နိုင်ဖို့ အတွက် ဆိုရင်တော့ ဗီလာနဲ့ ပွဲမှာ အကောင်းဆုံး ပြန်လည် ရုန်းထနိုင်ဖို့ လိုအပ်နေပါပြီ။ လက်ရှိ အနေအထားအရ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဆင့် ၃ နေရာနဲ့ ရာသီသိမ်းနိုင်ခြေ များနေတာကို ငြင်းလို့ မရပါဘူး။ ဒါပေမယ့် ခြေချော်မှုတွေ ရှိမယ် ဆိုရင်တော့ အဆင့် ၆ ပြင်ပကို ရောက်ရှိနိုင်တာ ကိုလည်း သတိပြုရမှာ ဖြစ်ကြောင်း…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


