နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပီအက်စ်ဂျီရဲ့ ချန်ပီယံ မျှော်လင့်ချက်ကို ထိခိုက်စေခဲ့တဲ့ မိုနာကို | လီဂူးဝမ်း

ညက ကစားသွားတဲ့ လီဂူးဝမ်း ပွဲစဉ် မှာတော့ မိုနာကိုက Parc des Princes မှာ ပီအက်စ်ဂျီကို ၃-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ မိုနာကိုက အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး ဒီပွဲ ရလဒ်ကြောင့် ချန်ပီယံဆုကို စိန်ခေါ်နေတဲ့ လန်းစ် အတွက် အခွင့်အရေးတွေ ပြန်လည် ပွင့်လန်းလာခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

 

ပွဲစဉ်အကျဉ်း

ပီအက်စ်ဂျီဟာ ၎င်းတို့ရဲ့ အိမ်ကွင်းတွင် မိုနာကိုကို ၃-၁ နဲ့ မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့တာကြောင့် လီဂူးဝမ်း အမှတ်ပေးဇယား ဒုတိယ နေရာက လန်းစ်ကို အမှတ်လိုက်မီစေဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားခဲ့တာပါ။ မိုနာကို အတွက် မက်ဂ်နက်စ် အက်ကလီယူချီနဲ့ အလက်ဇန္တား ဂိုလိုဗင် တို့က ဦးဆောင်ဂိုး နှစ်ဂိုး သွင်းယူပေးခဲ့ပြီး ပီအက်စ်ဂျီ အတွက် ဘရက်ဒ်လေ ဘာကိုလာက ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူခဲ့ပေမယ့်လည်း ဖိုလာရင် ဘယ်လိုဂွန်က မိုနာကို အတွက် အနိုင်သေချာစေမယ့် တတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲဟာ လီဂူးဝမ်း ပြိုင်ပွဲ သမိုင်းမှာ နှစ်သင်း အကြား အကြိမ် (၁၀၀) ကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

ပွဲစကတည်းက မိုနာကိုက ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့သလို အခွင့်အရေးတွေ စတင်ရရှိခဲ့ပြီး ဒန်းနစ် ဇာကာရီယာရဲ့ ခေါင်းတိုက်ချက် လွဲချော်ခဲ့သလို အက်ကလီယူချီရဲ့ ကန်ချက် ကလည်း ဂိုးတိုင်ဘေးက ကပ်ထွက်ခဲ့ပါတယ်။ ပီအက်စ်ဂျီ ဘက်က နူနို မန်းဒက်စ်ရဲ့ ကန်ချက် ကလည်း လွဲချော်ခဲ့ပါတယ်။ ပွဲချိန် ၂၇ မိနစ်မှာ ဇာကာရီယာက ပီအက်စ်ဂျီ ကစားသမား ဇိုင်း အမ်မရီဆီ ကနေ ဘောလုံးကို ဖြတ်ယူပြီး ဘယ်လိုဂန်ဆီ ပေးပို့ခဲ့ရာ အဲဒီကမှ တစ်ဆင့် အက်ကလီယူချီက အနီးကပ် ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲဟာ လီဂူးဝမ်း ပြိုင်ပွဲ သမိုင်းမှာ နှစ်သင်း အကြား အကြိမ် (၁၀၀) ကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
ဂူးဝမ်းမှာ ၃၈ ဂိုး အထိ သွင်းယူထားနိုင်တဲ့ ဘယ်လိုဂန်

အဲဒီနောက် ဒုတိယပိုင်း ၅၅ မိနစ် မှာတော့ ဂိုလိုဗင်က ဧရိယာ အပြင် ကနေ ဂိုးပေါက် ညာဘက်ထောင့်ထဲသို့ လှလှပပ ကန်သွင်းကာ ဒုတိယဂိုး ရယူပေးခဲ့ပါတယ်။ ဂိုလိုဗင် အနေနဲ့ နောက်ထပ် ဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ပီအက်စ်ဂျီ ဂိုးသမား ဆာဖိုနော့ဗ်က အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဘာကိုလာရဲ့ ကန်ချက်မှာ ဂျော်ဒန် တီးဇ်နဲ့ ထိမှန်ကာ ဂိုးထဲဝင်သွားတာကြောင့် ပီအက်စ်ဂျီတို့ မျှော်လင့်ချက် ပြန်ရလာခဲ့ပါတယ်။ သို့ပေမယ့်လည်း နှစ်မိနစ် အကြာမှာပဲ ဘယ်လိုဂန်ရဲ့ အဝေးကန်ချက်က နူနို မန်းဒက်စ်နဲ့ ထိကာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့လို့ ၁-၃ ရလဒ်နဲ့ ပွဲပြီးခဲ့ပါတယ်။ လက်ရှိမှာ ပီအက်စ်ဂျီဟာ ဒုတိယနေရာက လန်းစ်ထက် (၁) ပွဲ ပိုကစားထားပေမယ့်လည်း (၄) မှတ်သာ အသာရတော့တဲ့ အခြေအနေကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ 

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ဖိုလာရင် ဘယ်လိုဂန် ကတော့ လီဂူးဝမ်းမှာ ပွဲ (၁၀၀) မြောက် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ (ရိမ်းစ်မှာ ၃၇ ပွဲ၊ မိုနာကိုမှာ ၆၃ ပွဲ)။ ၂၀၂၂-၂၃ ဘောလုံး ရာသီက စတင်ကာ ဘယ်လိုဂွန်ဟာ လီဂူးဝမ်းမှာ ဂိုးအများဆုံး သွင်းသူ အဖြစ် ၃၈ ဂိုးနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ (အာမင်း ဂူအီရီက ၄၀ ဂိုးနဲ့ ထိပ်ဆုံးက ရှိနေ)။

ဒဏ်ရာကြောင့် နောက်ဆုံး နှစ်ပွဲ လွဲချော်ခဲ့တဲ့ အက်ကလီယူချီ ကတော့ ဒီပွဲမှာ လီဂူးဝမ်း ပွဲပေါင်း (၁၀၀) ပြည့်မြောက်ခဲ့ပြီး ဂိုးသွင်းယူကာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ တဖက် မှာလည်း ပီအက်စ်ဂျီတို့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဘာကိုလာက လီဂူးဝမ်း (၃) ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်သည့် စံချိန်ကို ၎င်းရဲ့ ကစားသမား ဘဝမှာ ဒုတိယအကြိမ်မြောက် ပိုင်ဆိုင်ခဲ့ပါတယ်။လာမယ့် ပွဲစဉ်တွေ အဖြစ် ပီအက်စ်ဂျီက မတ်လ ၁၂ ရက်နေ့မှာ ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ မိုနာကို ကတော့ ပီအက်စ်ဂျီကြောင့် ချန်ပီယံလိဂ် ကနေ ထွက်ခွာလာရပြီးနောက် မတ်လ ၁၅ ရက်နေ့မှာ ဘရတ်စ်နဲ့ လီဂူးဝမ်း ပွဲ ကစားရဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်