နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗင်နီးစီးယပ်စ် ဂျူနီယာ နဲ့ ရီးရဲလ်မက်ဒရစ် တို့ရဲ့ စာချုပ်သစ် မရေမရာဖြစ်မှု နောက်ကွယ်က အခြေအနေများ | လာလီဂါ

အာဆင်နယ်က လာလီဂါ ကြယ်ပွင့် ဗင်နီးစီးယပ်စ် ဂျူနီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာကြောင့် သူ့ရဲ့ စာချုပ်သစ် ကိစ္စဟာ ပိုမို စိတ်ဝင်စားစရာ ကောင်းလာခဲ့ပါတယ်။

အတိတ်ကို ပြန်ကြည့်ရင် ဖလာမင်ဂို အသင်းမှာ လူငယ် ကြယ်ပွင့် အဖြစ် တောက်ပနေချိန်က ဘာစီလိုနာ အသင်းက လာလီဂါ ပြိုင်ဘက်ထက် ပိုမိုများပြားတဲ့ လုပ်ခလစာနဲ့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒါပေမယ့် ဗင်နီးစီးယပ်စ် ကတော့ “ဘာစီလိုနာက ပိုက်ဆံပိုပေးခဲ့ပေမယ့် ကျွန်တော် တို့က မက်ဒရစ်ရဲ့ အကောင်းဆုံး ပရောဂျက် ကိုပဲ ရွေးချယ်ခဲ့တာပါ” လို့ ပြန်လည် ဖွင့်ဟခဲ့ဖူးပါတယ်။ ၂၀၂၂ မှာ ရီးရဲလ်နဲ့ အတူ ပထမဆုံး ချန်ပီယံလိဂ်ဖလား ဆွတ်ခူးချိန် အထိ သူဟာ အသင်းမှာ လစာ အနည်းဆုံး ရရှိသူ ၅ ဦးထဲမှာ ပါဝင်ခဲ့သူပါ။

၂၀၂၂ နွေရာသီမှာ ရီးရဲလ်နဲ့ တိတ်တဆိတ် သဘောတူညီမှု ယူခဲ့ပြီး ၂၀၂၃ ဟောလိုးဝင်းမှာ တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသက် ၂၆ နှစ် အရွယ် ဘရာဇီးလ် တိုက်စစ်မှူးရဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၇ ခုနှစ် ဇွန်လ ၃၀ ရက်မှာ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ စာချုပ်သက်တမ်း ၁ နှစ်ကျော်သာ လိုတော့တဲ့ အချိန်မှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု မရသေးတာကြောင့် အာဆင်နယ်လို ကလပ် အသင်းကြီးတွေက ချဉ်းကပ်ဖို့ စောင့်ကြည့်လာကြတာ ဖြစ်ပါတယ်။

 

ဗင်နီ လက်ရှိ ရရှိနေတဲ့ လုပ်ခလစာ နဲ့ တောင်းဆိုထားတဲ့ အချက်များ

စပိန်က လာတဲ့ သတင်းတွေအရ ဗင်နီးစီးယပ်စ်ဟာ လက်ရှိမှာ အခွန်နှုတ်ပြီး တစ်နှစ်ကို ယူရို ၁၅ သန်း ကနေ ၁၇ သန်း အထိ ရရှိနေပြီး တစ်ပတ်ကို အခွန် မနှုတ်မီ စတာလင်ပေါင် ၄၅၀,၀၀၀ ခန့် ရရှိနေတာပါ။ ဒါပေမယ့် BBC Sport ရဲ့ ဖော်ပြချက်အရတော့ သူ့ရဲ့ အမှန်တကယ် ဝင်ငွေဟာ ဒီထက်မက ပိုမို များပြားတယ်လို့ သိရပါတယ်။

ဗင်နီးစီးယပ်စ်ဟာ ခရစ္စတီယာနို ရော်နယ်ဒို ရရှိခဲ့ဖူးတဲ့ ကလပ် စံချိန်တင် တစ်နှစ် အခွန်နှုတ်ပြီး ယူရို သန်း ၃၀ ဝန်းကျင်နဲ့ သက်တမ်းတိုးကြေး အထိ တောင်းဆိုခဲ့တာပါ။ အခုအခါမှာတော့ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ရရှိနေတဲ့ လုပ်ခလစာ ဖြစ်တဲ့ တစ်နှစ် အခွန်နှုတ်ပြီး ယူရို သန်း ၂၀ ဝန်းကျင် အထိ လျှော့ချလိုက်ပြီ ဖြစ်ပေမယ့် သက်တမ်းတိုးကြေး ကိုတော့ ဆက်လက် တောင်းဆိုထားဆဲ ဖြစ်တာကြောင့် အသင်း ထိပ်ပိုင်း တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းရ ခက်ခဲနေတာ ဖြစ်ပါတယ်။

 

ရီးရဲလ်မက်ဒရစ် အပေါ် ထားရှိတဲ့ ဗင်နီရဲ့ သစ္စာတရား

အတိတ်ကို ပြန်ကြည့်ရင် ဖလာမင်ဂို အသင်းမှာ လူငယ် ကြယ်ပွင့် အဖြစ် တောက်ပနေချိန်က ဘာစီလိုနာ အသင်းက လာလီဂါ ပြိုင်ဘက်ထက် ပိုမိုများပြားတဲ့ လုပ်ခလစာနဲ့ ကမ်းလှမ်းခဲ့ဖူးပါတယ်။
အမ်ဘာပေးနဲ့ တန်းတူ လုပ်ခလစာ လိုချင်နေတဲ့ ဗင်နီးစီးယပ်စ်

မရေမရာ ဖြစ်နေတဲ့ သတင်းတွေကြားထဲမှာ ဗင်နီးစီးယပ်စ် ကတော့ လာလီဂါ ကလပ် အပေါ် ထားတဲ့ သစ္စာတရားကို အမြဲ ထုတ်ဖော် ပြောဆိုလေ့ ရှိပါတယ်။ ၂၀၂၅-၂၆ ရာသီအပြီး CazéTV နဲ့ အင်တာဗျူးမှာ “ကျွန်တော် ရီးရဲလ်မက်ဒရစ်က လွဲလို့ တခြား နေရာမှာ ကစားဖို့ စိတ်ကူးတောင် မယဉ်ဖူးပါဘူး။ ဒါက ကျွန်တော့်ရဲ့ အိမ်မက် ကလပ် ဖြစ်လို့ ဒီမှာ ရှိနေတဲ့ စက္ကန့်တိုင်းကို တန်ဖိုးထားပါတယ်။ ကျွန်တော့် တစ်သက်လုံး ဒီမှာပဲ ဆက်ကစားသွားချင်ပါတယ်။ စာချုပ်သစ် အတွက်လည်း အလျင်လိုမနေပါဘူး။ ၂၀၂၇ အထိ စာချုပ်ရှိထားတာ ဆိုတော့ ပြောဆို ဆွေးနွေးဖို့ အချိန် အများကြီး ကျန်ပါသေးတယ်။ အသင်း ဘက်ကလည်း အေးအေးဆေးဆေးပါပဲ၊ ဥက္ကဋ္ဌက ကျွန်တော့်ကို ယုံကြည်သလို ကျွန်တော် ကလည်း သူ့ကို ယုံကြည်ပါတယ်။” လို့ ဗင်နီးစီးယပ်စ်က ပြောခဲ့ဖူးပါတယ်။

ဗင်နီ အတွက် တစ်ခုတည်းသော ပြဿနာ ဖြစ်ခဲ့တာ ကတော့ နည်းပြ ဇာဘီ အလွန်ဆိုရဲ့ ခဏတာ အုပ်ချုပ်ချိန်မှာပါ။ အလွန်ဆိုနဲ့ အဆင်မပြေခဲ့ဘဲ ပွဲအတွင်း လူစားလဲခံရစဉ် ကစားသမားက ကွင်းထဲက တိုက်ရိုက် ထွက်ခွာသွားခဲ့ဖူးပြီး အလွန်ဆို ရှိနေသမျှ စာချုပ်သစ် ချုပ်မှာ မဟုတ်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အလွန်ဆို တယောက် ၂ လအ တွင်း ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာကြောင့် အခြေအနေတွေ တမျိုးတဖုံ ပြောင်းလဲသွားခဲ့ပါတယ်။

 

စာချုပ်အခြေအနေနဲ့ အာဆင်နယ်ရဲ့ စိတ်ဝင်စားမှု

ရီးရဲလ်နဲ့ စာချုပ် သက်တမ်း ၁ နှစ်ကျော်သာ ကျန်ရှိတော့တာကြောင့် ဗင်နီးစီးယပ်စ်ရဲ့ ပြောင်းရွှေ့ကြေးဟာ ပုံမှန်ဆိုရင် ပေါင် သန်း ၂၀၀ ကျော် တန်ကြေး ရှိပေမယ့်လည်း အခု အခြေအနေ မှာတော့ အာဆင်နယ် အသင်း အနေနဲ့ ယူရို ၁၆၀ သန်း ဝန်းကျင် ပေးချေရုံနဲ့ ခေါ်ယူနိုင်ချေ ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။

အကယ်၍ ဒီပြောင်းရွှေ့ကြေး ဖြစ်မြောက်ခဲ့ပါက အာဆင်နယ်ရဲ့ စံချိန်တင် ခေါ်ယူမှု၊ ရီးရဲလ်ရဲ့ စံချိန်တင် ရောင်းချမှု ဖြစ်လာမယ့် အပြင် နေမာ နဲ့ အမ်ဘာပေး တို့ရဲ့နောက် ကမ္ဘာ့တတိယမြောက် ပြောင်းရွှေ့ကြေး အများဆုံး ကစားသမား ဖြစ်လာမှာပါ။

 

ရီးရဲလ်တို့ ဗင်နီကို စာချုပ်သစ် ချုပ်ဆိုနိုင်မလား

ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ် ကတော့ “သူ့ကို အသင်းမှာ ထာဝရ ရှိနေစေချင်ပါတယ်။ အချိန်တွေ အများကြီး ကျန်ပါသေးတယ်” လို့ ပြောကြားထားသလို၊ နည်းပြသစ် ဟိုဆေး မော်ရင်ညို ကလည်း ဗင်နီးစီးယပ်စ်ကို အသင်းမှာ ဆက်ထိန်းထားချင်နေတာပါ။ လက်ရှိမှာ အာဆင်နယ် အသင်းက စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်လာတာကြောင့် ဗင်နီးစီးယပ်စ်ရဲ့ ကိုယ်စားလှယ်တွေ ဘက်က အသာစီးရလာခဲ့ပြီး၊ ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေ အနေနဲ့လည်း အခု သီတင်းပတ် အတွင်း ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ စာချုပ်သစ် အတွက် ပြန်လည် ဆွေးနွေးဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း Sky Sports News က ဖော်ပြထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်