ခရစ္စတီယာနို ရော်နယ်ဒို ကတော့ သူ့ရဲ့ ကြွက်သား ဒဏ်ရာ အတွက် စပိန်နိုင်ငံ မြို့တော် မက်ဒရစ်မှာ ဆေးကုသမှု ခံယူပြီး အနားယူနေပါတယ်။ ဒီအချိန်မှာ သူ့ရဲ့ သားအကြီးဆုံး ဖြစ်တဲ့ ဂျူနီယာက လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ အကယ်ဒမီမှာ သွားရောက် လေ့ကျင့်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
လက်ရှိမှာ ဆယ်ကျော်သက် အရွယ်သာ ရှိသေးတဲ့ ရော်နယ်ဒို ဂျူနီယာဟာ အဲလ်နာဆာ အကယ်ဒမီမှာ ကစားနေသူ ဖြစ်ပါတယ်။ အသက် ၁၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရော်နယ်ဒို ဂျူနီယာက သူ့ရဲ့ ဖခင်သွားလေရာ ကမ္ဘာအနှံ့ကို လိုက်ပါခဲ့ပြီး မန်ချက်စတာယူနိုက်တက်၊ ဂျူဗင်တပ်စ်နဲ့ အဲလ်နာဆာ စတဲ့ ကလပ် အသင်းကြီးတွေရဲ့ လူငယ် အကယ်ဒမီတွေမှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂျူနီယာက သူ့ရဲ့ ကစားသမား ဘဝ အစပိုင်းမှာ ရီးရဲလ်မက်ဒရစ်မှာ ဖြတ်သန်းဖို့ အသင့်ဖြစ်နေပုံ ရပါတယ်။
The Athletic ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒို ဂျူနီယာက အခု တပတ် အတွင်း ရီးရဲလ်မက်ဒရစ်ရဲ့ ယူ-၁၆ အသင်းနဲ့ အတူ လေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး မကြာမီကာလ အတွင်း အသင်းရဲ့ နာမည်ကျော် လာဖာဘရီကာ အကယ်ဒမီကို ဝင်ရောက်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ ဂျူနီယာက လက်ရှိမှာ အဲလ်နာဆာ အသင်းရဲ့ လူငယ် ကစားသမား ဖြစ်နေပေမယ့်လည်း ဖခင် ဖြစ်သူ စပိန်မှာ ဒဏ်ရာ ကုသနေစဉ် အတွင်း အသင်းနဲ့ ခေတ္တ ခွဲခွာကာ အခုလို လာရောက် လေ့ကျင့်နေခြင်း ဖြစ်ပါတယ်။
ရော်နယ်ဒို ဂျူနီယာဟာ ၂၀၂၅ ခုနှစ် မေလက ပေါ်တူဂီ ယူ-၁၅ အသင်း အတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပြီးနောက်၊ လက်ရှိမှာ ယူ-၁၇ အသင်း အတွက် ကိုယ်စားပြု ကစားပေးနေပါတယ်။ သူ့ကို အမေရိကန်မှာ မွေးဖွားခဲ့ပေမယ့်လည်း ဖခင်ရဲ့ ဇာတိ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက်သာ ကစားဖို့ ဆုံးဖြတ်ထားသူပါ။
အကယ်၍ ရော်နယ်ဒို ဂျူနီယာသာ ရီးရဲလ်မက်ဒရစ်နဲ့ အမှန်တကယ် စာချုပ်ချုပ်ဆိုဖြစ်ခဲ့ရင်တော့ သူ့ရဲ့ ပုခုံးပေါ်မှာ ကြီးမားတဲ့ ဖိအားတွေ ရှိနေမှာ သေချာပါတယ်။ အဓိက အကြောင်းရင်း ကတော့ သူ့ရဲ့ ဖခင်က အသင်း သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား ဖြစ်နေသောကြောင့် ဖြစ်ပါတယ်။ ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ် အတွက် ပွဲပေါင်း ၄၃၈ ပွဲမှာ ၄၅၁ ဂိုး သွင်းယူကာ အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နေသည်။
ဒါ့အပြင် ရော်နယ်ဒိုက ဘယ်လွန်ဒေါ ၅ ဆု အနက် ၄ ဆုကို ရီးရဲလ်မက်ဒရစ်မှာ ရရှိခဲ့တာပါ။ ဒါ့အပြင် သူက ချန်ပီယံလိဂ် ၄ ကြိမ်၊ လာလီဂါ ၂ ကြိမ် အပါအဝင် တခြား ဆုဖလားပေါင်း ၁၀ လုံးကျော်ကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဂျူနီယာက ဖခင် ဖြစ်သူ ဂန္ထဝင် ဖြစ်ခဲ့တဲ့ နေရာမှာ ကိုယ်ပိုင် လမ်းကြောင်း တစ်ခု ဖောက်ထွက်ဖို့က တော်တော်လေး ခက်ခဲတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီကည် လူငယ် ကြယ်ပွင့်တွေ မွေးထုတ်ရာမှာ နာမည်ကြီးသလို ရီးရဲလ်မက်ဒရစ်ရဲ့ လာဖာဘရီကာ ကလည်း နာမည်ကျော်တွေ မွေးထုတ်ပေးခဲ့တဲ့ အကယ်ဒမီ တစ်ခုပါ။ လက်ရှိ လာလီဂါ ကလပ် အသင်းခေါင်းဆောင် ဖက်ဒရစ်ကို ဗယ်လ်ဗာဒီက လာဖာဘရီကာ အကယ်ဒမီထွက် ဖြစ်ပြီး ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ရရှိထားပြီး ဖြစ်ပါတယ်။
နည်းပြသစ် အဲလ်ဗာရို အာဘီလိုအာ လက်ထက်မှာ အသက် ၁၈ နှစ်အရွယ် သီယာဂို ပီတာ့ချ်လို လူငယ်တွေ အခွင့်အရေး ရလာသလို၊ တခြားကလပ်တွေမှာ တောက်ပနေတဲ့ အာရှ်ရပ်ဖ် ဟာကီမီ၊ မားကို့စ် လော်ရန်တေး တို့ကလည်း ရီးရဲလ် အကယ်ဒမီထွက်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုမိုမှာ ခြေစွမ်းပြနေတဲ့ နီကို ပက်ဇ် ကလည်း လာဖာဘရီကာ အကယ်ဒမီထွက် ဖြစ်ကာ လာမယ့် နွေရာသီ မှာတော့ ဘာနေဗျူးကို ပြန်လာဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


