နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒါးလော့တ်ကို ခေါ်ယူချင်နေတဲ့ ရီးရဲလ်မက်ဒရစ် | ပရီးမီးယားလိဂ်

ရီးရဲလ်မက်ဒရစ် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ညာနောက်ခံလူ ဒီယိုဂို ဒါးလော့တ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီအခြေအနေမှာ ပရီးမီးယားလိဂ် ကလပ်က သူတို့ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၆၀ လောက် အလိုရှိနေပြီး အမှန်တကယ် ကမ်းလှမ်းလာရင် ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေတယ် လို့လည်း သိရပါတယ်။

ဒီသတင်း ကိုတော့ The Independent ကနေ ဖော်ပြလာခဲ့တာ ဖြစ်ပြီး လတ်တလောမှာ ဒါလော့တ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ ရီးရဲလ်မက်ဒရစ် အနေနဲ့ ယူနိုက်တက်ဆီ ဆက်သွယ် မေးမြန်းမှုတွေ လုပ်ဆောင်ထားတယ်လို့လည်း စပိန် မီဒီယာ ဖြစ်တဲ့ Relevo ကနေ ဖော်ပြထားပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ညာနောက်ခံလူ ဒန်နီ ကာဗာဟယ်ရဲ့ နေရာမှာ အစားထိုးဖို့ ထိပ်တန်း ကစားသမား တစ်ဦး ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းမှာ လစ်ဗာပူးလ်က ထရန့် အလက်ဇန္တား အာနိုးလ်ကို နံပါတ် ၁ ပစ်မှတ် အဖြစ် သတ်မှတ်ထားပေမယ့် အာနိုးလ်ကို ခေါ်ယူဖို့ အဆင်မပြေရင်တော့ နောက်ထပ် ရွေးချယ်မှု အနေနဲ့ ဒါးလော့တ်ကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် ကတော့ ဒါးလော့တ်ကို အသင်း ကနေ အလျင်စလို ထုတ်ရောင်းသွားဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ စပိုတင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူဖို့ အတွက် အသုံးစရိတ် များစွာ လိုအပ်တာကြောင့် ဒါးလော့တ် အတွက် ယူရို သန်း ၆၀နဲ့ ကမ်းလှမ်းလာမယ် ဆိုရင် ရောင်းချသွားဖွယ် ရှိပါတယ်။

ဒါပေမယ့် နောက်ပိုင်း မှာတော့ ဒါးလော့တ်က ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ ပုံမှန် ကစားခွင့် ရလာခဲ့ပါတယ်။
လက်ရှိရာသီမှာ ခြေစွမ်းပိုင်း ကျဆင်းနေတဲ့ ဒါးလော့တ်

ဒါးလော့တ်က ယူနိုက်တက်နဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီးတော့ လက်ရှိ အသင်း မှာလည်း နည်းပြ အပြောင်းအလဲ ဖြစ်ထားပေမယ့် ပုံမှန် ပွဲကစားခွင့် ရရှိနေသူ ဖြစ်ပါတယ်။ နည်းပြ ရူဘင် အမော်ရင် ကလည်း ဒါးလော့တ်ကို အသင်းမှာ ဆက်ထိန်းထားချင်ပေမယ့် အသင်း ဘက်က သတ်မှတ်ထားတဲ့ ယူရို သန်း ၆၀ လောက်နဲ့ ကမ်းလှမ်းလာမယ် ဆိုရင်တော့ လက်လွှတ်သွားနိုင်ပါတယ်။

အသက် ၂၅ နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ညာ နောက်ခံလူ ဒီယိုဂို ဒါးလော့တ် ကတော့ ၂၀၁၈ ခုနှစ် ကတည်းက ပေါ်တို ကနေ ယူနိုက်တက်ကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါးလော့တ်ဟာ ယူနိုက်တက်ကို ရောက်ရောက်ချင်းနှစ်တွေမှာ ပွဲထွက် ကစားခွင့် နည်းနည်းသာ ရခဲ့ပြီး အေစီမီလန် အသင်းထံ အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်း မှာတော့ ဒါးလော့တ်က ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ ပုံမှန် ကစားခွင့် ရလာခဲ့ပါတယ်။ ဒါးလော့တ်က ယူနိုက်တက်မှာ ညာခြမ်း ခံစစ် နေရာမှာ သာမက ဘယ်ခြမ်း ခံစစ် အတွက်လည်း ကစားနိုင်သူ ဖြစ်ပါတယ်။ ပေါ်တူဂီသားက ပြီးခဲ့တဲ့ ရာသီတွေမှာ အသင်း အတွက် ပုံမှန် ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပေမယ့် လက်ရှိ ရာသီမှာတော့ ခြေစွမ်းပိုင်း ကျဆင်းနေတာကြောင့် ဝေဖန်မှုတွေ ခံနေရသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်