ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ဒေါ့မန် အသင်းရဲ့ ဂွန်ဇာလို ဂါစီယာ အပေါ် စိတ်ဝင်စားမှုကို အခွင့်ကောင်းယူကာ နီကို ရှလော့တ်တာဘက်ခ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ လာလီဂါ ကလပ်က ရှလော့တ်တာဘက်ခ်ကို ခေါ်ယူဖို့ အစောပိုင်း ကတည်းက ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီး ကွင်းလယ်လူ တီဂျန်နီ ရိုင်းဒါးစ်ကို ခေါ်ယူဖို့ စဉ်းစားနေပြီး သူအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ဝန်းကျင် လိုအပ်မယ်လို့ ခန့်မှန်းရပါတယ်။
နောက်ထပ် လာလီဂါ ထိပ်သီး ဘာစီလိုနာဟာ ကစားသမား ၅ ဦးကို ရောင်းထုတ်ခြင်းဖြင့် နွေရာသီ အပြောင်းအရွှေ့ အတွက် ရန်ပုံငွေ ရှာဖွေသွားနိုင်ပါတယ်။ ရောင်းထုတ်နိုင်တဲ့ စာရင်းမှာ နောက်ခံလူတွေ ဖြစ်ကြတဲ့ ရော်နယ် အာရူဟို၊ အလက်ဟန်ဒရို ဘဲလ်ဒီ၊ ဂျူးလ်စ် ကွန်ဒေး၊ ကွင်းလယ်လူ မာ့ခ် ကာဆာဒိုနဲ့ တောင်ပံ ကစားသမား ရူနီ ဘာဒ်ဂျီတို့ ပါဝင်နေပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘရာဟင်မ် ဒီးယက်ဇ်ကို ခေါ်ယူဖို့ ယူရို ၂၅ သန်းနဲ့ ကမ်းလှမ်းထားပါတယ်။
လစ်ဗာပူးလ် အသင်း တိုက်စစ်မှူး မိုဟာမက် ဆာလာ ကတော့ အသင်းဖော်ဟောင်း ဂျော်ဒန် ဟန်ဒါဆန်ကို အသင်းဘက်က သေသေချာချာ နှုတ်ဆက်ပွဲ ပြုလုပ်ပေးဖို့ လိုအပ်နေကြောင်း တောင်းဆိုသွားခဲ့ပါတယ်။ ရာသီကုန် အသင်းနဲ့ လမ်းခွဲတော့မယ့် ဆာလာဟာ အသင်းဖော်ဟောင်း ဟန်ဒါဆန်နဲ့ အတူ နည်းပြဟောင်း ယာဂန် ကလော့ပ် လက်ထက်တုန်းက အသင်းရဲ့ အဓိက နေရာမှ ပါဝင်ကစားပေးခဲ့သူတွေ ဖြစ်ပြီး ဆုဖလားပေါင်း များစွာ ရယူပေးခဲ့ဖူးပါတယ်။ ဟန်ဒါဆန် ကတော့ အသင်းခေါင်းဆောင် ရာထူး ရယူနိုင်ခဲ့သူ ဖြစ်သလို ၁၂ နှစ်ကြာ အသင်းမှာ လာရောက် ကစားပေးခဲ့တာ ဖြစ်ပြီး ၂၀၂၃ မှာတော့ ဆော်ဒီကို ရုတ်တရက် ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ်။
နာပိုလီ ကွင်းလယ် ကစားသမားဟောင်း နိုင်ဂိုလန် ကတော့ လက်ရှိ အသင်းမှာ ခြေစွမ်းပြနေတဲ့ စကော့တ် မက် တော်မီနေးကို သာမန် အဆင့် ကစားသမား တစ်ယောက် အဖြစ် သုံးသပ်သွားခဲ့ပါတယ်။ အသင်း အတွက် ပါဝင်ကစားပေးနေတဲ့ ၂ နှစ် ဝန်းကျင် ကာလ အတွင်း သွင်းဂိုး ၂၆ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီ ဖြစ်သလို အရေးပါတဲ့ ဖန်တီးမှုတွေ ပြုလုပ်ပေးနေပေမယ့် တော်မီနေးရဲ့ အရည်အသွေးတွေကို နိုင်ဂိုလန် တစ်ယောက် အကြိုက်တွေ့ခြင်း မရှိပါဘူး။
အင်္ဂလန် အသင်း နည်းပြဟောင်း စတိဗ် မက္ကလာရင်ဟာ နောက်ခံလူ မက်ဂွိုင်းယားနဲ့ ပတ်သက်ပြီး လက်ရှိ လက်ရွေးစင် အသင်း နည်းပြ ဖြစ်သူ တူချယ်ကို အကြံကောင်းပေးခဲ့ပါတယ်။ မက္ကလာရင်ဟာ ယူနိုက်တက် နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ် လက်ထက်တုန်းက လက်ထောင် နည်းပြ အဖြစ် ယူနိုက်တက် အသင်းမှာ နောက်ဆုံးအကြိမ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အခု မက္ကလာရင်က မက်ဂွိုင်းယားဟာ ကိုယ့်အသင်း ပယ်နယ်တီ Box အတွင်းမှာ သာမက ပြိုင်ဘက်အသင်း ပယ်နယ်တီ ဧရိယာ အတွင်း လက်နက်ကောင်း တစ်ခုလို အသုံးချနိုင်တာကြောင့် လိုအပ်လာရင် သူ့ကို တိုက်စစ်နေရာမှာ အသုံးပြုသင့်တယ်လို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


