နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘရာဟင်မ် ဒီးယက်ဇ်ကို ယူရို သန်း ၄၀ ဝန်းကျင်နဲ့ ရောင်းမယ့် ရီးရဲလ်၊ စူပါလိဂ်ကို မထောက်ခံတော့တဲ့ ဘာစီလိုနာ | လာလီဂါ   

အခုတစ်ခါမှာတော့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့လည်ခင်းအထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် အသင်းဟာ ဘရာဟင်မ် ဒီယက်ဇ်ကို ယူရို သန်း ၄၀ ဝန်းကျင်နဲ့ ရောင်းချဖို့ စဉ်းစားနေပါတယ်။ ဘုန်းမောက်ဟာ ၎င်းတို့ရဲ့ တိုက်စစ်မှူး အန်တိုနီယို ဆီမီညိုကို လက်လွှတ်လိုက်ရပြီးနောက် မော်ရိုကို ကြယ်ပွင့်နဲ့ အစားထိုးဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

တဖက်မှာလည်း ရီးရဲလ်မက်ဒရစ် အသင်းဟာ သူတို့ရဲ့ ခံစစ် ပစ်မှတ် ဖြစ်တဲ့ ဒါယော့တ် အူပါမီကာနိုကို လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် ကြယ်ပွင့်ဟာ လက်ရှိ ဘွန်ဒက်စ်လီဂါ ချန်ပီယံ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နောက်ဆုံးအဆင့် စာရွက်စာတမ်း ကိစ္စတွေကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ပီအက်စ်ဂျီ အကယ်ဒမီထွက် အတောက်ပဆုံး လူငယ် ခြေတက်တွေထဲက တစ်ဦး ဖြစ်တဲ့ အသက် ၁၇ နှစ် အရွယ် အီမန်နျူရယ် အမ်ဘမ်ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ကတ်တာလန် ကလပ်က ဒီလူငယ်နောက်ခံလူကို အနာဂတ် အတွက် အားထားရမယ့် ရင်းနှီးမြှုပ်နှံမှု တစ်ခု အဖြစ် ရှုမြင်ထားပါတယ်။

မကြာသေးခင် ရက်သတ္တပတ်တွေ အတွင်း ဘာစီလိုနာ၊ ချဲလ်ဆီးနဲ့ အာဆင်နယ် တို့နဲ့ သတင်းတွေ ထွက်ခဲ့တဲ့ ဟူလီယန် အဲလ်ဗာရက်ဇ်ဟာ အက်တလက်တီကိုမက်ဒရစ် ကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းဟာ စူပါလိဂ် ကျင်းပဖို့ ထောက်ခံခဲ့ပေမယ့် ယခုတစ်ခေါက် မှာတော့ တရားဝင် နှုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
ပြိုင်ပွဲ ဖြစ်မြောက်နိုင်ခြေ မရှိတော့တဲ့ စူပါလိဂ်

ဘာစီလိုနာ အသင်းရဲ့ ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲမှာ လက်ရှိ ဥက္ကဋ္ဌ ယိုအန် လာပေါ်တာ အရေးနိမ့်ပြီး ဗစ်တာ ဖွန့်သာ အနိုင်ရခဲ့ရင် နည်းပြ ဟန်ဆီ ဖလစ်ခ်ဟာ ၂၀၂၅-၂၆ ရာသီအကုန်မှာ အသင်း ကနေ နုတ်ထွက်ဖို့ စဉ်းစားသွားမှာ ဖြစ်ကြောင်း MARCA က ဖော်ပြပါတယ်။

အကယ်၍ ရီးရဲလ်မက်ဒရစ် အသင်း အနေနဲ့ လာမယ့် နွေရာသီမှာ ယာဂန် ကလော့ပ်ကို နည်းပြ အဖြစ် ခန့်အပ်ချင်တယ် ဆိုရင် ကစားသမားသစ် ၄ ဦး ခေါ်ယူပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ အဆိုပါ တောင်းဆိုချက်ထဲမှာ ဗဟို နောက်ခံလူ ၂ ဦး၊ ကွင်းလယ်လူ ၂ ဦးနဲ့ (အငှားချထားတဲ့) လူငယ် တိုက်စစ်မှူး အန်းဒရစ်ကို အသင်းဆီ ပြန်လည် ခေါ်ယူပေးဖို့ တို့ပါ ပါဝင်ကြောင်း Defensa Central က ဖော်ပြပါတယ်။

လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းဟာ စူပါလိဂ် ကျင်းပဖို့ ထောက်ခံခဲ့ပေမယ့် ယခုတစ်ခေါက် မှာတော့ တရားဝင် နှုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင် စူပါလိဂ်ကို ထောက်ခံခဲ့ဖူးတဲ့ ဘာစီလိုနာရဲ့ ယခုတစ်ခေါက် ဆုံးဖြတ်ချက်ကြောင့် ရီးရဲလ်မက်ဒရစ် တစ်သင်းတည်းသာ စူပါလိဂ်ကို ထောက်ခံတဲ့ စပိန် ထိပ်သီး ကလပ် ဖြစ်လာခဲ့ပြီး အစောပိုင်းတုန်းက ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ် အပါအဝင် အသင်းကြီး ၁၂ သင်းက စူပါလိဂ်ကို အသက်သွင်းဖို့ ပြိုင်တူ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါ ၁၂ သင်းအနက် ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့ ၃ သင်းသာ လူသိရှင်ကြား စူပါလိဂ်ကို ပိုမိုအားထည့် ထောက်ခံနေကြတာ ဖြစ်ပြီး ယခုတစ်ခေါက် သတင်းထုတ်ပြန်ချက် အရ စူပါလိဂ် ဖြစ်မြောက်လာဖို့ တော်တော်လေး မှေးမှိန်သွားခဲ့ရပြီ ဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ ဆယ်ကျော်သက် တိုက်စစ်ကစားသမား လာမင်း ယာမယ်ဟာ ဥရောပ ထိပ်သီးလိဂ် ၅ ခုမှာ အသက် ၁၉ နှစ် မပြည့်ခင် ဂိုးအများဆုံး သွင်းယူနိုင်သူ အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ယာမယ်ဟာ လာမယ့် ဇူလိုင်လမှာမှ အသက် ၁၉ နှစ် ပြည့်မှာ ဖြစ်ပြီး လက်ရှိအချိန်မှာ သူ့ရဲ့ လာလီဂါ သွင်းဂိုးက ၂၄ ဂိုး ရှိသွားပါပြီ။ ဒါကြောင့် မိုနာကိုနဲ့ ပီအက်စ်ဂျီ အသင်းတွေမှာ ကစားစဉ် ၁၉ နှစ် မပြည့်ခင် လိဂ်ဂိုး ၂၃ ဂိုး သွင်းယူခဲ့တဲ့ အမ်ဘာပေးကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။

ယာမယ်ဟာ အခုတစ်ပတ် မာယော့ကာကို ၃-၀နဲ့ အနိုင်ရတဲ့ပွဲမှာ တစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် လာလီဂါ သွင်းဂိုး ၂၄ ဂိုး ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် သူ့အသက် ၁၉ နှစ် မပြည့်ခင် လာလီဂါ ပြိုင်ပွဲက နောက်ထပ် ၁၅ ပွဲ ယှဉ်ပြိုင်ရဦးမှာ ဖြစ်တာကြောင့် သူ့ရဲ့ သွင်းဂိုး မှတ်တမ်းက မြင့်တက်လာဖို့တော့ သေချာနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်