အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၈ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်မှာ အနာဂတ် မတည်မငြိမ် ဖြစ်နေတဲ့ ကွင်းလယ် ကစားသမား ဖက်ဒရစ်ကို ဗယ်လ်ဗာဒီကို ခေါ်ယူချင်နေပါတယ်။ တစ်ဖက် မှာလည်း ယူနိုက်တက်က ဥရုဂွေးသားကို ယူရို ၁၀၀ သန်း (ပေါင် ၈၇.၃ သန်း၊ ဒေါ်လာ ၁၁၆.၅ သန်း) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
လာလီဂါ အဲလ်ကလက်ဆီကို ဒါဘီ ပြိုင်ဘက် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် ကတော့ ဒေါ့မန်ရဲ့ ခြေစွမ်းပြ နောက်ခံလူ နီကို ရှလော့တ်တာဘက်ခ်ကို အပြိုင်အဆိုင် ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဒါ့အပြင် ဒီနှစ်သင်းဟာ ကိုဘီ မိန်းနူးကို ခေါ်ယူဖို့လည်း အပြိုင်အဆိုင် ဖြစ်နေကြတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက် ကွင်းလယ် ကစားသမားဟာ လာမယ့် ဇန်နဝါရီမှာ အိုးထရက်ဖို့ဒ် ကနေ အငှားနဲ့ ထွက်ကစားချင်နေပြီး နာပိုလီက ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
ခရစ္စတိုဖာ အန်ကွန်ကူ ကတော့ ကလပ် အသင်းနဲ့ စာချုပ်ချုပ်ဆိုပြီး ၆ လ အကြာမှာပဲ အေစီမီလန် ကနေ ထွက်ခွာမယ် ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာပါတယ်။ အေစီမီလန်ဟာ ကစားသမားရဲ့ အေးဂျင့် ပီနီ ဇဟာဗီနဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေပြီး ဇဟာဗီဟာ ရောဘတ် လီဝမ်ဒေါစကီးရဲ့ အေးဂျင့်လည်း ဖြစ်တာကြောင့် တပြိုင်နက်တည်း ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာ ကတော့ လာမယ့် ဇန်နဝါရီမှာ ကစားသမား ခေါ်ယူဖို့ ရန်ပုံငွေ ရှာဖွေရေး အတွက် အန်ဒရီယာ့စ် ခရစ္စတန်ဆန်၊ မာ့ခ် အန်ဒရီ တာစတီဂျန်နဲ့ ဂွန်နီ ဘက်ဒ်ဂီ တို့ကို ရောင်းချဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
မေဂျာလိဂ် ကလပ် တော်တော်များများရဲ့ ရေရှည် ပစ်မှတ် တစ်ခု ဖြစ်တဲ့ အန်တွန် ဂရစ်ဇ်မန်း ကိုတော့ ဆော်ဒီပရိုလိဂ်က ကြီးမားတဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ တစ်ရာသီကို ယူရို သန်း ၃၀ ကျော် (ဒေါ်လာ ၃၄.၉ သန်း) နဲ့ ကမ်းလှမ်းဖို့ စီစဉ်ထားပြီး မေဂျာလိဂ်နဲ့ အက်တလက်တီကိုမက်ဒရစ် တို့ကတော့ ဒီပမာဏ ကျော်လွန်ပြီး ကမ်းလှမ်းနိုင်ဖို့ မရှိကြောင်း သိရပါဝယ်။

အက်တလက်တစ် ကလပ် ဘီလ်ဘာအိုရဲ့ ခြေစွမ်းပြ ဗဟိုကွင်းလယ် ကစားသမား မီခဲလ် ဂျော်ရီဂီဇာ ကတော့ အက်စတွန်ဗီလာရဲ့ ပစ်မှတ် စာရင်းထဲမှာ ရှိနေကြောင်း သိရပါတယ်။ အူနိုင်း အမ်မရီရဲ့ အသင်း အနေနဲ့ ဒီကစားသမားကို ခေါ်ယူချင်ရင်တော့ ယူရို ၆၀ သန်း (ပေါင် ၅၂.၄ သန်း၊ ဒေါ်လာ ၆၉.၉ သန်း) ပေးချေရဖို့ ရှိနေပါတယ်။
ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ နာပိုလီ နဲ့ ဂျူဗင်တပ်စ် တို့ရဲ့ စီးရီးအေ ပွဲစဉ်မှာ နာပိုလီက ရက်စ်မက်စ် ဟွိုက်ဂျ်လန်းရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အတူ ၂-၁ နဲ့ အနိုင်ရကာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ဂျူဗင်တပ်စ်ကို အနိုင်ရလိုက်တဲ့ နာပိုလီ နည်းပြ ကွန်တီကတော့ ယခုနိုင်ပွဲက သာမန်ထက် ထူးကဲတဲ့ နိုင်ပွဲမျိုး ဖြစ်ခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။
ဟော့ဖန်ဟိန်းကို ၂ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ယခုထက် ပိုမိုတိုးတက်တဲ့ ခြေစွမ်းမျိုး လိုအပ်နေသေးကြောင်း ဒေါ့မန် နည်းပြ နီကို ကိုဗက်က သတိပေးသွားခဲ့ပါတယ်။
ဘရိုက်တန်ကို သရေကျတာက ရှုံးနိမ့်သလို ခံစားရကြောင်း ဝက်စ်ဟမ်း အသင်း ခေါင်းဆောင် ဂျရော့ဒ် ဘိုဝင်က ဝန်ခံသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


