နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပြိုင်ဘက်မရှိတာကြောင့် ရီးရဲလ်မက်ဒရစ် ဥက္ကဌ အဖြစ် နောက်ထပ် ၄ နှစ် ဆက်လက် ထမ်းဆောင်ခွင့်ရတော့မယ့် ပီရက်ဇ် | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ် ကတော့ လက်ရှိ ကလပ် အသင်းရဲ့ ဥက္ကဋ္ဌ အဖြစ် ၂၀၂၉ ခုနှစ် အထိ ဆက်လက် တာဝန် ထမ်းဆောင်ခွင့် ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ပီရက်ဇ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင် ရွေးချယ်ခံမယ့်သူ မရှိတာကြောင့် နောက်ထပ် ၄ နှစ် သက်တမ်း ထပ်မံ ဆောင်ရွက်ခွင့် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အသက်အရွယ် အားဖြင့် ၇၇ နှစ် ရှိပြီ ဖြစ်တဲ့ ဖလော်ရင်တီနို ပီရက်ဇ်က ၂၀၀၀ ခုနှစ် ကနေ စပြီး လာလီဂါ ကလပ်ရဲ့ ဥက္ကဋ္ဌ အဖြစ် စတင် ဆောင်ရွက်ခွင့် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ပီရက်ဇ်ဟာ နာမည်ကျော် ကြယ်စင်စု အသင်းကို စတင် ပုံဖော် တည်ဆောက်ခဲ့ပြီး မက်ဒရစ် ပရိသတ်တွေရဲ့ အားပေး ထောက်ခံမှုကို အပြည့်အဝ ရရှိခဲ့သူ ဖြစ်ပါတယ်။ ပီရက်ဇ်က ၂၀၀၀ ခုနှစ် ကနေ ၂၀၀၆ ခုနှစ် အထိ ရီးရဲလ်မက်ဒရစ်ရဲ့ ဥက္ကဋ္ဌ အဖြစ် ပထမအကြိမ် ဆောင်ရွက်ခဲ့သလို ၂၀၀၉ ခုနှစ် ကနေ လက်ရှိအချိန် အထိ ဒုတိယ အကြိမ်မြောက် အဖြစ် ဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက်အရွယ် အားဖြင့် ၇၇ နှစ် ရှိပြီ ဖြစ်တဲ့ ဖလော်ရင်တီနို ပီရက်ဇ်က ၂၀၀၀ ခုနှစ် ကနေ စပြီး လာလီဂါ ကလပ်ရဲ့ ဥက္ကဋ္ဌ အဖြစ် စတင် ဆောင်ရွက်ခွင့် ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ကို ကွင်းတွင်း ကွင်းပြင်ပ အောင်မြင်မှု များစွာ ရယူပေးထားတဲ့ ပီရက်ဇ်

စပိန်သားကြီးက ရီးရဲလ်မက်ဒရစ်ကို ဘောလုံး အသင်း အတွက်သာ အောင်မြင်မှုတွေ ရယူပေးထားနိုင်တာ မဟုတ်ပဲ ဘတ်စကက်ဘော အသင်း ကိုလည်း ဆုဖလား အောင်မြင်မှု များစွာ ရယူပေးနိုင်ခဲ့တာကြောင့် သမိုင်းတလျှောက် အအောင်မြင်ဆုံး ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ အဖြစ်လည်း သတ်မှတ်လို့ ရသူ ဖြစ်ပါတယ်။ ဖလော်ရင်တီနို ပီရက်ဇ်ဟာ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်ကို ကွင်းတွင်း ကွင်းပြင် အောင်မြင်မှုတွေ ရရှိအောင် ဆက်တိုက် ဦးဆောင်ပေးထားနိုင်ပြီးတော့ ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲ မှာလည်း ပြိုင်ဘက် မရှိပဲ နောက်ထပ် ၄ နှစ် သက်တမ်း ထပ်မံ ဆောင်ရွက်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပီရက်ဇ်ဟာ လာလီဂါ ကလပ်ရဲ့ ဥက္ကဋ္ဌ အဖြစ် ၂၀၂၉ ခုနှစ် အထိ ဆက်ရှိသွားတော့မှာလည်း ဖြစ်ပါတယ်။

ပီရက်ဇ်ဟာ သူ့ရဲ့ လက်ထက်မှာ ဥရောပရဲ့ အမြင့်ဆုံး အောင်မြင်မှု အဖြစ် ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ဖလားတွေ အကြိမ်ကြိမ် ရရှိခဲ့သလို ပြည်တွင်း ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် သူ့လက်ထက်မှာ ကစားသမားတွေ ကလည်း တစ်ဦးချင်း‌ အောင်မြင်မှုတွေ အဖြစ် ဘယ်လွန်ဒေါဆုတွေလည်း ရရှိခဲ့ပြီးတော့ ကလပ် အတွက် များစွာ အကျိုးရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ပီရက်ဇ်က ဥရောပ စူပါလိဂ်လို လိဂ် မျိုးကို တည်ထောင်ဖို့ အတွက် စတင်ခဲ့သူ ဖြစ်ပြီး ဝေဖန်မှု များစွာနဲ့လည်း ရင်ဆိုင်ခဲ့ရသလို တစ်ဖက်မှာ သူ့ရဲ့ ထက်မြတ်တဲ့ ဦးဆောင်မှုတွေကြောင့် ဝေဖန်မှုတွေကို ချေဖျက်နိုင်သူလည်း ဖြစ်ပါတယ်။

ါ့အပြင် ပီရက်ဇ်ဟာ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူရာမှာလည်း ပါးနပ်သူ ဖြစ်ပြီးတော့ အကယ်ဒမီထွက် ကြယ်ပွင့်များစွာ ကိုလည်း မွေးထုတ်ပေးနေသူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဆိုရင် ရီးရဲလ်မက်ဒရစ်က ယခင်လို ကစားသမား တစ်ဦး အတွက် ပြောင်းရွှေ့ကြေး အမြောက်အမြား အသုံးပြုတော့ခြင်း မရှိပဲ ဥပမာ အနေနဲ့ ပြောရရင် အမ်ဘာပေးလို ကစားသမားမျိုးကို အလွတ်နဲ့ ခေါ်ယူနိုင်ခဲ့တာမျိုးက တကယ့်ကို အထင်ကြီး လေးစားစရာ စွမ်းဆောင်မှုမျိုးလို့လည်း ပြောလို့ ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်