ဘာစီလိုနာ ကွင်းလယ်လူ ပက်ဒရီ ကတော့ အသင်း သမိုင်းတလျှောက် လာလီဂါမှာ ပွဲ ၁၅၀ ပြည့်အောင် ကစားနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ စပိန်သား အနေနဲ့ လီယွန်နယ် မက်ဆီ ၁၅ နှစ်ကြာ တင်ထားခဲ့တဲ့ ရှည်လျားတဲ့ စံချိန် တစ်ခုကို ချိုးဖျက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
စပိန် ကွင်းလယ် ကြယ်ပွင့်က ကတ်တာလန် ပြိုင်ဘက် အိုဆာဆူနာကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဒီစံချိန်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပက်ဒရီက ရာဖင်ညာရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပြီးတော့ သူ့ရဲ့ အသက် ၂၃ နှစ်နဲ့ ၁၈ ရက် အရွယ်မှာ ဘာစီလိုနာ အတွက် လာလီဂါ ပွဲ ၁၅၀ ပြည့်မြောက်ခဲ့တာပါ။
ပက်ဒရီရဲ့ ရှေ့မှာတော့ မက်ဆီက ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ အသက် ၂၃ နှစ်၊ ၁၂၁ ရက်နဲ့ ဒီစံချိန်ကို ပိုင်ဆိုင်ထားခဲ့တာ ဖြစ်ပါတယ်။ ဘယ်လွန်ဒေါဆု ၈ ကြိမ်ရှင် မက်ဆီ အနေနဲ့ ပက်ဒရီရဲ့ စံချိန်ချိုးဖျက်ခြင်း ခံခဲ့ရပေမယ့် ကလပ် အသင်းရဲ့ သမိုင်းစာအုပ်ထဲ မှာတော့ ဒီစံချိန်ကို ၁၅ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပက်ဒရီဟာ စပိန် ထိပ်တန်း လိဂ် ဖြစ်တဲ့ လာလီဂါမှာ ဘာစီလိုနာ အတွက် ပွဲပေါင်း ၁၅၀ ကစားထားပြီး သွင်းဂိုး ၂၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်ထားပါတယ်။ စပိန် လက်ရွေးစင် ကစားသမား အနေနဲ့ ကတ်တာလန် ကလပ်ကို ၂၀၂၂-၂၀၂၃ နှင့် ၂၀၂၄-၂၀၂၅ ဘောလုံး ရာသီတွေမှာ လာလီဂါ ချန်ပီယံဆု ရရှိဖို့လည်း ကူညီပေးခဲ့ပါတယ်။

အခုတစ်ပတ် လာလီဂါ ပွဲစဉ်မှာ အိုဆာဆူနာဟာ ဘာစီလိုနာကို အကောင်းဆုံး ထိန်းချုပ် ကစားနိုင်ခဲ့ပေမယ့် လက်ရှိ ချန်ပီယံ တို့ဟာ မိနစ် ၇၀ နောက်ပိုင်း မှာတော့ အနိုင်ဂိုးတွေ သွင်းပြီး ၃ မှတ် အပြည့်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ အတွက် သွင်းဂိုး ၂ ဂိုးစလုံး ကိုတော့ ရာဖင်ညာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ပက်ဒရီ ကိုတော့ နည်းပြ ဖြစ်သူ ဟန်ဆီ ဖလစ်ခ်က အခုလိုပဲ ချီးကျူးစကားတွေ ပြောကြားခဲ့ပါတယ်။ ဖလစ်ခ်က“ပက်ဒရီက အံ့အားသင့်စရာ ကောင်းတဲ့ ကစားသမားပါ။ သူ့ရဲ့ ခြေစွမ်းက ထိပ်တန်း အဆင့်မှာ ရှိပါတယ်။ သူ့အကြောင်း ဘာပြောရမလဲ။ သူက အံ့သြစရာ ကောင်းတဲ့ ကစားသမားပါ။” လို့ ချီးကျူးခဲ့ပါတယ်။
ဆက်လက်ပြီး “အိုဆာဆူနာက ခံစစ်ပိုင်းမှာ အလွန်အမင်း ကောင်းမွန်စွာ ကစားနိုင်ခဲ့ပြီး နေရာလွတ်တွေ ဖန်တီးဖို့ မလွယ်ကူခဲ့ပေမယ့် အခွင့်အရေး ရလာတဲ့ အခါ မှာတော့ ကျွန်တော်တို့ အခွင့်ကောင်းယူခဲ့ပါတယ်။ ပြီးတော့ ဒါက ပက်ဒရီနဲ့ ရာဖင်ညာ တို့ရဲ့ အရည်အသွေးလည်း ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ အတွက် အရမ်းပဲ အရေးကြီးပါတယ်။ ဘာလို့လဲ ဆိုတော့ အရင်က ကျွန်တော် ပြောခဲ့သလိုပဲ ဒီနေ့မှာ အရေးကြီးဆုံး အရာက ၃ မှတ်ပါပဲ။” လို့ ဖလစ်ခ် က ပြောကြားသွားခဲ့ပါသေးတယ်။
ဘာစီလိုနာဟာ လာမယ့် တပတ်မှာ ဗီလာရီးယဲလ်နဲ့ အရေးကြီးတဲ့ လာလီဂါ ပွဲစဉ် ကစားရဖို့ ရှိပြီး အားလပ်ရက် မတိုင်ခင် ရလဒ်ကောင်းတွေ ရှာဖွေဖို့ မျှော်လင့်ထားပါတယ်။ ဗီလာရီးရဲလ်နဲ့ ပွဲမတိုင်ခင် မှာတော့ ဘာစီလိုနာက ဂူအာဒါလာဂျာရာနဲ့ ကိုပါဒယ်ရေး ၃၂ သင်း အဆင့် ပွဲစဉ် ကစားရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


