နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုမဲယိုကို အပြိုင်အဆိုင် ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ မက်ဒရစ် မြို့ခံနှစ်သင်း | လာလီဂါ

လာလီဂါ တော့တင်ဟမ်ဟော့စပါး ဗဟိုခံစစ်မှူး ခရစ္စတီယန် ရိုမဲယို ကိုတော့ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

အာဂျင်တီးနား လက်ရွေးစင်ဟာ စပိန် ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတာ အချိန်ကာလ ကြာမြင့်နေပြီ ဖြစ်ပြီး လာလီဂါ ကလပ် ကလည်း ကစားသမားကို စိတ်ဝင်စားကြောင်း ပြသထားပါတယ်။ ဒါ့အပြင် ရိုမဲယို အနေနဲ့ စပါးမှာ သူရဲ့ စာချုပ် သက်တမ်း နောက်ဆုံး ၂ နှစ်ထဲကို ရောက်ရှိလာပြီ ဖြစ်တာကြောင့် အသင်း ပြောင်းရွှေ့နိုင်တဲ့ ထင်ကြေးတွေကို ပိုတိုးစေခဲ့ပါတယ်။

Relevo ကတော့ အက်တလက်တီကိုမက်ဒရစ်ဟာ ခံစစ်ပိုင်းကို အားကောင်းစေဖို့ ပြင်ဆင်နေတာကြောင့် ရိုမဲယိုက လာလီဂါ ကလပ်ရဲ့ “အိပ်မက် ခေါ်ယူမှု” ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စပါးမှာ ၅ ရာသီ အတွင်း ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၁၅ ပွဲ ကစားထားတဲ့ ရိုမဲယို

ဒါ့အပြင် ရိုမဲယိုဟာ တော့တင်ဟမ်ဟော့စပါး ဆေးအဖွဲ့နဲ့ အဆင်မပြေ ဖြစ်နေပြီး ဒီအချက် ကလည်း မြောက်လန်ဒန် ကလပ်မှာ သူ့ရဲ့ အနာဂတ်ကို မသေမချာ ဖြစ်နေစေတာလည်း ဖြစ်ပါတယ်။ ရိုမဲဘိုက နိုင်ငံတကာ အားလပ်ရက် အတွင်း အာဂျင်တီးနားရဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ အနေနဲ့ အခုရာသီ အတွင်း သူခံစားခဲ့ရတဲ့ ဒဏ်ရာ ပြဿနာကို အဆုံးသတ်စေဖို့ ကူညီပေးခဲ့တဲ့ အတွက် ချီးကျူးခဲ့ပါတယ်။ ဒါ့အပြင် ရိုမဲယိုဟာ တော့တင်ဟမ်ဟော့စပါးရဲ့ ကြံ့ခိုင်မှု ဆိုင်ရာ စီမံခန့်ခွဲမှု အပေါ် စိတ်ပျက်မိကြောင်း အခိုင်အမာ ပြောဆိုထားပြီး သူ့ အနေနဲ့ အခုနှစ်ရာသီ ပြိုင်ပွဲစုံမှာ ၂၇ ပွဲ အထိ လွဲချော်ခဲ့ရပါတယ်။

Relevo ကတော့ အက်တလက်တီကိုမက်ဒရစ်ဟာ ခံစစ်ပိုင်းကို အားကောင်းစေဖို့ ပြင်ဆင်နေတာကြောင့် ရိုမဲယိုက လာလီဂါ ကလပ်ရဲ့ “အိပ်မက် ခေါ်ယူမှု” ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အက်တလက်တီကို မက်ဒရစ်ဟာ ကစားသမားရဲ့ ဆန္ဒကို သိရှိနိုင်စေဖို့ အေးဂျင့် ဖြစ်သူနဲ့ ဆက်သွယ် ချိတ်ဆက်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။ ရိုမဲယို ကတော့ အက်တလက်တီကိုမက်ဒရစ် ဒါမှမဟုတ် တခြားသော ကမ်းလှမ်းမှု မှန်သမျှကို နားစွင့်လျက် ရှိပြီး သူ့ကို ခေါ်ယူဖို့ အမှန်တကယ် ကြိုးစားတဲ့ ကလပ် ရှိလာရင်ကို စပါး ကနေ ထွက်ခွာဖို့ အသင့် ရှိနေကြောင်း အဆိုပါ သတင်းမှာ ဖော်ပြထားပါတယ်။ ရိုမဲယိုဟာ စပါးမှာ ၅ ရာသီ အတွင်း ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၁၅ ပွဲ ကစားကာ ၇ ဂိုး သွင်းယူထားပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ရိုမဲယိုကို ၂၀၂၂ ခုနှစ် နွေရာသီမှာ ပေါင် ၄၂.၅ သန်းနဲ့ ခေါ်ယူခဲ့ပြီးတော့ အခု ပြန်လည် ရောင်းထုတ်ချိန်မှာ အဲဒီ ပမာဏထက် ပိုပြီး အလိုရှိနေတယ်လို့ သိရပါတယ်။ အက်တလက်တီကိုမက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီ ကတော့ ရိုမဲယို တစ်ဦးတည်းကိုသာ အလိုရှိနေတာ မဟုတ်ဘဲ စပါး ကွင်းလယ်လူ ရိုဒရီဂို ဘန်တန်ကာ ကိုလည်း ပစ်မှတ် စာရင်းထဲ ထည့်သွင်းထားပါတယ်။ ဘန်တန်ကာ ကတော့ ၂၀၂၆ ခုနှစ်မှာ စပါးနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီးတော့ အသင်း ပြောင်းရွှေ့နိုင်ချေလည်း နည်းနေပေမယ့် နွေရာသီ အပြောင်းအရွှေ့ မှာတော့ အကြို ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်