နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အက်တလက်တီကို၊ ကူဘို အတွက် တန်ကြေး ယူရို သန်း ၅၀ သတ်မှတ်လိုက်တဲ့ ဆိုစီဒက် | လာလီဂါ

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဘာစီလိုနာ အသင်းနဲ့ စာချုပ် သက်တမ်းကုန်ဆုံးတော့မယ့် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ အက်တလက်တီကိုမက်ဒရစ်က စိတ်ဝင်စားနေပါတယ်။ လီဝမ်ဒေါစကီးဟာ ဒီရာသီကုန်မှာ လာလီဂါ ကလပ် ဘာစီလိုနာ ကနေ ထွက်ခွာဖို့ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ မန်စီးတီး ကွင်းလယ်လူ ရိုဒရီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပိုမိုလုပ်ဆောင်လာပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို အပြိုင်လုနေတဲ့ မန်စီးတီး ဘက်ကတော့ ၂၀၂၄ ဘယ်လွန်ဒေါဆုရှင် ရိုဒရီဟာ အက်တီဟတ်ကွင်းမှာ ဆက်ရှိနေဖို့ စာချုပ်သစ် ချုပ်ဆိုလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ချန်ပီယံလိဂ်မှာ ဘေယန်မြူးနစ်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရရင်တော့ ရီးရဲလ်မက်ဒရစ် အနေနဲ့ အသင်းရဲ့ ကြယ်ပွင့် ကစားသမား တချို့ကို လက်လွှတ်ရဖွယ် ရှိနေပါတယ်။ အထူးသဖြင့် ပြင်သစ်သား အက်ဒူယာဒို ကာမာဗင်ဂါက လာမယ့် နွေရာသီမှာ အသင်း ကနေ ရောင်းထုတ်ခံရမယ့် ကစားသမား စာရင်းရဲ့ ထိပ်ဆုံးမှာ ပါဝင်နေပါတယ်။

ဘာစီလိုနာ အသင်း ကတော့ လာမယ့် နွေရာသီမှာ ဗဟိုနောက်ခံလူ တစ်ဦးကို အသည်းအသန် လိုအပ်နေပြီး အင်တာမီလန်က အလက်ဆန်ရို ဘက်စတိုနီဟာ သူတို့ရဲ့ ပစ်မှတ် စာရင်းမှာ ထိပ်ဆုံးက ရှိနေပါတယ်။ အကယ်၍ ဘက်စတိုနီကို ခေါ်ယူဖို့ အဆင်မပြေရင် ဘိုလော့ဂ်နာ နောက်ခံလူ ဂျွန်လူကူမီကို အစားထိုး ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။

လက်ရှိ ချန်ပီယံ ဘာစီလိုနာ ကတော့ လာမယ့် ရာသီ အတွက် အငှား ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အပြီးသတ် မခေါ်ယူနိုင်ခဲ့ပါက အစားထိုးဖို့ ကစားသမား ရှာဖွေနေပါတယ်။ ရီးရဲလ်မက်ဒရစ် ကတ်စတီလာ အသင်းထွက် ဗစ်တာ မူနော့ဇ်ကို သဘောကျနေပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ဘက်ကတော့ သူတို့ရဲ့ ကစားသမားကို ကတ်တလန် ကလပ်ဆီ ပြောင်းရွှေ့ခွင့်ပေးမှာ မဟုတ်ဘဲ ပိတ်ပင်သွားမယ်လို့ သိရပါတယ်။

လာလီဂါ ကလပ် ရီးရဲလ်ဆိုစီဒက် အသင်း ကတော့ သူတို့ရဲ့ တောင်ပံ ကစားသမား တာကာဖူဆာ ကူဘို အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၅၀ အထိ သတ်မှတ်လိုက်ပါတယ်။ လက်ရှိမှာ တော့တင်ဟမ်ဟော့စပါး အသင်းက ဂျပန် ကြယ်ပွင့်ကို ခေါ်ယူဖို့ စောင့်ကြည့်လျက် ရှိနေပါတယ်။ 

ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အာတေးတားကို ရာထူး ကနေ ထုတ်ပယ်ဖို့နဲ့ ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီ ကို အရန်ခုံပို့ဖို့ တောင်းဆိုနေကြတဲ့ အာဆင်နယ် ပရိသတ်တွေကို ထရိုင် ဒီနေးက CBS Sports ရဲ့ ပွဲပြီးသုံးသပ်ချက်မှာ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ အာတေးတားကို ထုတ်ပယ်ဖို့ တောင်းဆိုမှု အပေါ် “သူ့ကို အသင်းက ထုတ်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ဒီအသင်းကို အရင်ကထက် အဆမတန် တိုးတက်အောင် လုပ်ပေးထားလို့ပါ။” လို့ ဆိုပါတယ်။

ဘရာဇီးလ် လက်ရွေးစင် အသင်းရဲ့ လက်ထောက် နည်းပြ ဒါးဗီဒီရဲ့ ပြောကြားချက်အရ နေမာဟာ ကြံ့ခိုင်မှုပိုင်း ဆိုင်ရာ စိုးရိမ်ရမှုတွေ ရှိနေပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလား အတွက် ရွေးချယ်ခံရမယ့် လူစာရင်းမှာ ပါဝင်လာနိုင်ခြေ ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ အေးဂျင့် ကတော့ လာမယ့် နွေရာသီမှာ ၎င်းရဲ့ ကစားသမားကို ရီးရဲလ်မက်ဒရစ်ဆီ ပို့ဆောင်ဖို့ ဆိုင်းပြင်းနေပါတယ်။ အစောပိုင်း ကတည်းက ရီးရဲလ်မက်ဒရစ်နဲ့ အန်ဇို ဖာနန်ဒက်ဇ် အကြား သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပြီး ကစားသမား ကိုယ်တိုင် ကလည်း လာလီဂါ ကလပ်ထံ ပြောင်းရွှေ့လိုနေပါတယ်။

အာဆင်နယ် ကတော့ အသင်းရဲ့ အကယ်ဒမီထွက် လူငယ်တွေ ဖြစ်တဲ့ မိုင်းလ်စ် လူးဝစ်-စကယ်လီနဲ့ အီသန် နွမ်နရီ တို့ကို ရောင်းထုတ်ပြီး လာမယ့် နွေရာသီမှာ အသုံးစားရိတ် ရှာဖွေဖို့ ပြင်ဆင်နေပါတယ်။ ဇူဘီမန်ဒီ၊ ယောကရက်စ်၊ အက်ဇေး၊ မာဒူအေခေ၊ မော့စ်ကွဲယား၊ နော့ဂတ်၊ ကီပါတို့ အတွက် ပြီးခဲ့တဲ့နွေ ပေါင် သန်း ၂၅၀ အသုံးပြုခဲ့တဲ့ အာဆင်နယ်ဟာ လာမယ့် နွေရာသီ အတွက် အသုံးစားရိတ် လိုအပ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်