နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ခံစစ် ကစားသမား ၅ ဦး | ဘောလုံး

ယနေ့ခေတ် ဘောလုံးလောကရဲ့ လျင်မြန်တဲ့ ကစားကွက်တွေ အကြားမှာ ကွင်းလယ် ခံစစ် ကစားသမား တွေဟာ အသင်းတိုင်းရဲ့ အောင်မြင်မှု နောက်ကွယ်က ကြိုးကိုင်နေသူတွေပါ။ တနည်းအားဖြင့် အသင်း အတွက် အကောင်ဆုံး ပံ့ပိုးပေးနေတဲ့ “ အသံတိတ် သူရဲကောင်းတွေ” ဒါမှမဟုတ် အသင်းရဲ့ “ ပင်မ အင်ဂျင်” တွေပဲ ဖြစ်ပါတယ်။

သူတို့ဟာ ပြိုင်ဘက်ရဲ့ တိုက်စစ်ကို တားဆီးရုံတင်မကဘဲ နည်းဗျူဟာပိုင်း ကျွမ်းကျင်သူတွေ၊ ဘောလုံးဖြန့်ဝေသူတွေနဲ့ ပွဲရဲ့ အရှိန်အဟုန်ကို ထိန်းကျောင်းသူတွေလည်း ဖြစ်ကြပါတယ်။ ကြီးကြီးမားမား ခိုင်းနှိုင်းရမယ် ဆိုရင်တော့ ပွဲချိန်ပြည့် ကြံ့ခိုင်မှု အပြည့်နဲ့ ကွင်းတစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ ကစားသမားကောင်း တစ်ယောက်ရဲ့ အရည်အသွေးဟာ ရှုံးပွဲနဲ့ နိုင်ပွဲ၊ ဆုဖလား ရယူနိုင်မှုနဲ့ ဒုတိယနေရာမှာပဲ ကျေနပ်လိုက်ရမှုတို့ အကြားက အဓိက ခြားနားချက် ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အခုတခါမှာ Sports Illustrated က ရွေးချယ်ထားတဲ့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ခံစစ် ကစားသမား ၅ ဦးကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

 

၅။ ဂျော်ရွှာ ကင်မစ်ချ် (ဘေယန်မြူးနစ်)

ကင်မစ်ချ်ဟာ ကမ္ဘာ့အဆင့်မီ ကွင်းလယ်လူ တစ်ဦး အဖြစ် ဆယ်စုနှစ်တစ်ခုနီးပါး တည်ငြိမ်မှု အရှိဆုံးနဲ့ အကောင်းဆုံး ပုံစံကို ထိန်းထားနိုင်သူပါ။ ဘေယန်မြူးနစ်ရဲ့ ဂန္ထဝင် ဖိလစ်ပ် လမ်းရဲ့ ခြေရာကို နင်းနိုင်သူလို့လည်း သတ်မှတ်ခံထားရပါတယ်။ သူဟာ ဘေယန်ရဲ့ “ နှလုံးသည်းပွတ်” လို့ တင်စားရလောက်အောင် ပွဲရဲ့အရှိန်ကို ထိန်းကျောင်းနိုင်ပြီး ဘောလုံး ပေးပို့မှု တိကျ သေချာသူပါ။ ကစားကွက်ကို ချဉ်းကပ်နိုင်စွမ်းနဲ့ နေရာယူမှု အားကောင်းတာကြောင့် ပြိုင်ဘက် တိုက်စစ်ကို လိမ္မာပါးနပ်စွာ ဖြတ်တောက်နိုင်ပါတယ်။ လိုအပ်ရင် ညာနောက်ခံလူ အဖြစ်လည်း ကစားနိုင်တဲ့ သူ့ရဲ့ ဘက်စုံ ကျွမ်းကျင်မှုဟာ ခေတ်သစ် ဘောလုံးလောကမှာ တန်ဖိုးဖြတ်မရတဲ့ အရည်အချင်း တစ်ခု ဖြစ်ပါတယ်။

 

၄။ ရိုင်ယန် ဂရာဗန်ဘက်ချ် (လစ်ဗာပူးလ်)

လစ်ဗာပူးလ်ကို ရောက်စ ၂၀၂၃-၂၀၂၄ ဘောလုံး ရာသီမှာ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် သူနဲ့ နိုင်ငံတူ နည်းပြ အာနေး ဆလော့တ် လက်ထက် မှာတော့ ဂရာဗန်ဘက်ချ်ဟာ လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ သူ့ကို ကွင်းလယ် အဖျက် (နံပါတ် ၆) နေရာမှာ ကစားစေခဲ့ချိန်မှာတော့ လစ်ဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုရယူနိုင်မှုမှာ အဓိကကျတဲ့ မဏ္ဍိုင် ဖြစ်လာခဲ့ပါတယ်။ ခြေတံရှည်ရှည်နဲ့ ကွင်းအနှံ့ ပြေးလွှားပြီး ပြိုင်ဘက် ဘောလုံးကို လုယူနိုင်သလို၊ တိုက်စစ် အားသန်တဲ့ သူ့ရဲ့ ဗီဇကြောင့် ဖိအားတွေကြား ကနေ ဘောလုံးကို မပျက်အောင် ထိန်းထားနိုင်ပြီး ထက်မြက်တဲ့ ပေးပို့မှုတွေနဲ့ လမ်းကြောင်းသစ်တွေ ဖော်ဆောင်ပေးနိုင်သူ ဖြစ်ပါတယ်။

 

၃။ ဖရန်ကီ ဒီယောင် (ဘာစီလိုနာ)

သူတို့ဟာ ပြိုင်ဘက်ရဲ့ တိုက်စစ်ကို တားဆီးရုံတင်မကဘဲ နည်းဗျူဟာပိုင်း ကျွမ်းကျင်သူတွေ၊ ဘောလုံးဖြန့်ဝေသူတွေနဲ့ ပွဲရဲ့ အရှိန်အဟုန်ကို ထိန်းကျောင်းသူတွေလည်း ဖြစ်ကြပါတယ်။
ဘာစီလိုနာ ကွင်းလယ်ပိုင်း အတွက် အရေးပါတဲ့ ကစားသမား အဖြစ် ရှိနေတဲ့ ဖရန်ကီ ဒီယောင်

ဘာစီလိုနာမှာ မကြာခဏ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရတတ်ပေမယ့် ဒီယောင်ဟာ နဂိုဗီဇအရ ပါရမီ အရှိဆုံး ကွင်းလယ်လူ တစ်ဦး ဖြစ်ပါတယ်။ ဘောလုံးနဲ့ အတူ ချောမွေ့စွာ ကစားနိုင်ပြီး ပြိုင်ဘက်တွေ ဖိအားပေးရ အခက်ဆုံး ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ကွင်းလယ်မှာ ဘောလုံးဆွဲယူ ဖောက်ထွက်ပုံတွေက ကြည့်ကောင်းရုံတင်မကဘဲ လိုအပ်ရင် ဗဟိုနောက်ခံလူ နေရာ အထိပါ ဆင်းကစားနိုင်တဲ့ အထိ နည်းဗျူဟာပိုင်း ကြွယ်ဝပါတယ်။ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို အပြည့်အဝ မတွေ့ရသေးဘူးလို့ ယူဆစရာ ရှိပေမယ့်လည်း ဒီယောင်ရဲ့ မွေးရာပါ အရည်အသွေး ကိုတော့ ဘယ်သူမှ ငြင်းလို့ မရပါဘူး။

 

၂။ မွိုင်ဆက် ကိုင်စီဒို (ချဲလ်ဆီး)

ချဲလ်ဆီးက သူ့ကို ပေါင် ၁၁၅ သန်းနဲ့ ခေါ်ယူခဲ့စဉ်က ဝေဖန်မှုအချို့ ရှိခဲ့ပေမယ့် ကိုင်စီဒိုဟာ သူ့ရဲ့ တန်ဖိုးနဲ့ ထိုက်တန်ကြောင်း သက်သေပြခဲ့ပြီးပါပြီ။ သူဟာ အသင်းရဲ့ ဖန်တီးရှင်တွေ စိတ်ကြိုက် ကစားနိုင်အောင် နောက်ကွယ် ကနေ လိုက်လံ ထိန်းကျောင်းပေးရတဲ့ “ ကျောက်ဆူး” တစ်ခုလိုပါပဲ။ ကိုင်စီဒိုဟာ ခံစစ် အဖျက်တင် မကဘဲ အဝေးကန်ချက်တွေနဲ့ ဂိုးသွင်းယူနိုင်တဲ့ စွမ်းရည်လည်း ရှိပါတယ်။ ကွင်းလယ် ကနေ မထင်မှတ်ပဲ ကန်သွင်းလိုက်တဲ့ ဂိုးတွေနဲ့ ပြင်းထန်တဲ့ ကန်ချက်တွေဟာ သူ့ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေကို ဖော်ပြနေပြီး ပြိုင်ဘက်တွေ အတွက် အမြဲတမ်း သတိထားရမယ့်သူ ဖြစ်ပါတယ်။

 

၁။ ဗစ်တင်ညာ (ပီအက်စ်ဂျီ)

ဗစ်တင်ညာဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေ ထဲက တစ်ယောက်၊ ဒါမှမဟုတ် အကောင်းဆုံးလည်း ဖြစ်နေနိုင်ပါတယ်” လို့ ဂန္ထဝင်ကစားသမား လူကာ မိုဒရစ် ကိုယ်တိုင် ချီးကျူးခဲ့သူ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ချန်ပီယံလိဂ် ဆုဖလား ရယူနိုင်ခဲ့ရာမှာ ဗစ်တင်ညာဟာ အဓိက ဇာတ်ဆောင် ဖြစ်ခဲ့ပါတယ်။ သူဟာ အသင်းရဲ့ ကစားကွက်ကို ကြိုးကိုင်သူ ဖြစ်ပြီး ဖိအားအောက်မှာ တည်ငြိမ်စွာနဲ့ ကစားကွက်ဖော်နိုင်သူပါ။ သေးငယ်တဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံ ရှိပေမယ့် ဘောလုံး ထိန်းချုပ်မှုနဲ့ နေရာလွတ် ရှာဖွေနိုင်စွမ်း ကတော့ ထူးခြားလှပါတယ်။ ခံစစ်ပိုင်းမှာ တည်ငြိမ်သလို တိုက်စစ်ဇုန်ထဲမှာလည်း အန္တရာယ်ပေးနိုင်တဲ့ ပေါ်တူဂီသားက လက်ရှိအချိန် မှာတော့ ဒီနေရာရဲ့ ချွင်းချက်မရှိ ဘုရင် တစ်ပါးပါပဲ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်