နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စိတ်ဝင်စားစရာ တွေ့ဆုံမှုတွေနဲ့ ရင်ခုန်ရဦးမယ့် ချန်ပီယံလိဂ် ၁၆ သင်း အဆင့်

ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် အတွက် မဲခွဲပွဲကို ဒီကနေ့ ညနေမှာပဲ ကျင်းပသွားခဲ့ပြီး အသင်းကြီး အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုတွေလည်း ပါဝင်နေခဲ့ပါတယ်။ မဲခွဲမှုအရ မန်ချက်စတာစီးတီးဟာ သူတို့နဲ့ အမြဲတမ်းလိုလို တွေ့ဆုံလေ့ ရှိတဲ့ ပြိုင်ဘက်ဟောင်း ရီးရဲလ်မက်ဒရစ်နဲ့ ထပ်မံ ရင်ဆိုင်ရမှာ ဖြစ်ပြီး၊ ချဲလ်ဆီး ကတော့ ပီအက်စ်ဂျီနဲ့ ခက်ခဲတဲ့ ပွဲစဉ် ကစားရတော့မှာ ဖြစ်ပါတယ်။

 

၅ နှစ် ဆက်တိုက် တွေ့ဆုံမယ့် မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်

မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ် တို့ဟာ ချန်ပီယံလိဂ်မှာ ၅ နှစ် ဆက်တိုက် အဖြစ် ပြန်လည် ဆုံတွေ့ကြတာပါ။ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ရာသီ ပလေးအော့ဖ် အဆင့်တုန်းက ပပ် ဂွါဒီယိုလာရဲ့ အသင်းက ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရသလို၊ အဲဒီမတိုင်ခင်နှစ် ကွာတားဖိုင်နယ် မှာလည်း ရီးရဲလ်မက်ဒရစ် ကိုပဲ ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ၂၀၂၂-၂၀၂၃ ရာသီ မှာတော့ မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး သူတို့ရဲ့ ပထမဆုံး ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုပွဲဟာ ဒီရာသီအတွင်း သူတို့ရဲ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုလည်း ဖြစ်လာမှာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ လိဂ်အဆင့် တုန်းကတော့ နီကို အိုရိုင်လီနဲ့ ဟာလန်း တို့ရဲ့ ဂိုးတွေကြောင့် မန်စီးတီးက ၂-၁ နဲ့ အနိုင်ရထားပါတယ်။

 

တခြားသော တွေ့ဆုံမှုများ

တခြားသော ပွဲစဉ်တွေ မှာတော့ လိဂ်အဆင့်ကို ပထမနေရာနဲ့ အဆုံးသတ်ခဲ့တဲ့ အာဆင်နယ်က လေဗာကူဆင်နဲ့ တွေ့ဆုံနေပြီး ပွဲချောင်နေပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ဖလားဆီ သွားရာ လမ်းကြောင်းအရ အာဆင်နယ်က ဆီမီးဖိုင်နယ် အထိ ပွဲချောင်နေတာ တွေ့ရပါတယ်။ လိဂ်အဆင့် ဒုတိယရတဲ့ ဘေယန်မြူးနစ် ကတော့ ဒေါ့မန်ကို ပလေးအော့ဖ်မှာ အံ့အားသင့်ဖွယ် Comeback နဲ့ ကျော်ဖြတ်လာတဲ့ အတ္တလန္တာနဲ့ ရင်ဆိုင်ရမှာပါ။ လစ်ဗာပူးလ် ကတော့ လိဂ် အဆင့်တုန်းက ဗစ်တာ အိုဆင်မ်ဟန်ရဲ့ ပင်နယ်တီဂိုးကြောင့် ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ဖူးတဲ့ ဂါလာတာဆာရေးနဲ့ ကစားဖို့ တူရကီမြေကို ပြန်သွားရမှာ ဖြစ်ပါတယ်။

လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ နွေရာသီ ကမ္ဘာ့ကလပ်ဖလား ဖိုင်နယ်မှာ သူတို့ကို အပြတ်အသတ် အနိုင်ရခဲ့တဲ့ ချဲလ်ဆီးကို လက်စားချေခွင့် ရရှိမှာပါ။ စပါး ကတော့ ဒီယေဂို ဆီမြွန်နီရဲ့ အက်တလက်တီကိုမက်ဒရစ်နဲ့ ခက်ခဲတဲ့ ပွဲ ကစားရမှာ ဖြစ်ပါတယ်။ အံ့အားသင့်ဖွယ် ခြေစွမ်းပြနေတဲ့ ဘိုဒို/ဂလင့်မ် ကတော့ စပို့တင်းလစ္စဘွန်းနဲ့ တွေ့ဆုံနေပါတယ်။ ဘိုဒို/ဂလင့်မ်ဟာ ပြီးခဲ့တဲ့ နှစ်က ဖိုင်နယ် တက်ခဲ့တဲ့ အင်တာမီလန်ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ယူပြီး ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို ပထမဆုံး တက်လှမ်းနိုင်တဲ့ နော်ဝေ ကလပ် အဖြစ် သမိုင်းသစ် ရေးထိုးထားတာပါ။

ဒါ့အပြင် ချန်ပီယံလိဂ် ဖလားဆီ သွားရာ လမ်းကြောင်းအရ အာဆင်နယ်က ဆီမီးဖိုင်နယ် အထိ ပွဲချောင်နေတာ တွေ့ရပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ လေဗာကူဆင်နဲ့ ရင်ဆိုင်ရမယ့် အာဆင်နယ်

နယူးကာဆယ် ကတော့ ဘာစီလိုနာနဲ့ ပြန်လည် ဆုံတွေ့နေပါတယ်။ ချန်ပီယံလိဂ် လိဂ်အဆင့် အဖွင့်ပွဲတုန်းက စိန့်ဂျိမ်းစ်ပါ့ခ်မှာ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ဘာစီလိုနာက ၂-၀ နဲ့ အနိုင်ရထားတာပါ။ 

အဆိုပါ ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်တွေ ကိုတော့ မတ်လ ၁၀ ရက်နဲ့ ၁၁ ရက်မှာ ကစားမှာ ဖြစ်ပြီး၊ ဒုတိယအကျော့ ကိုတော့ မတ်လ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

 

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်များ

  • ရီးရဲလ်မက်ဒရစ် – မန်ချက်စတာစီးတီး
  • ဘိုဒိုဂလင့် – စပို့တင်းလစ္စဘွန်း
  • ပီအက်စ်ဂျီ – ချဲလ်ဆီး
  • နယူးကာဆယ် – ဘာစီလိုနာ
  • ဂါလာတာဆာရေး – လစ်ဗာပူးလ်
  • အက်တလက်တီကိုမက်ဒရစ် – တော့တင်ဟမ်ဟော့စပါး
  • အတ္တလန္တာ – ဘေယန်မြူးနစ်
  • လေဗာကူဆင် – အာဆင်နယ်
   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်