နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အရေးကြီးတဲ့အချိန်ဆို ပိုပြီး တည်ငြိမ်တဲ့ မန်စီးတီး ကိုပဲ ရွေးချယ်ထားချင်တယ် | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

ပီအက်စ်ဂျီ – မန်ချက်စတာစီးတီး

ချန်ပီယံလိဂ် လိဂ် အဆင့် ပွဲစဉ် ၇ ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ အဖြစ် ပီအက်စ်ဂျီနဲ့ မန်ချက်စတာစီးတီးတို့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ဥရောပ ထိပ်သီး ကလပ် နှစ်သင်း Play-Off မျှော်လင့်ချက် အတွက် ကစားရမယ့် ပွဲစဉ် ဖြစ်တာကြောင့်လည်း ကျိန်းသေပေါက် အကြိတ်အနယ် ရှိမယ့် ပွဲစဉ်လည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ် လိဂ် အဆင့် ပွဲစဉ်တွေက ဒီပွဲနဲ့ဆိုရင် နှစ်ပွဲသာ ကစားဖို့ ကျန်ပြီး ပီအက်စ်ဂျီက မန်စီးတီးနဲ့ ပြီးရင် စတုဂတ်နဲ့ ကစားဖို့ ကျန်ရှိနေပါသေးတယ်။ ပီအက်စ်ဂျီက ဒီနှစ် ချန်ပီယံလိဂ် ၆ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားပြီး ရမှတ် ကလည်း ၇ မှတ်သာ ရရှိထားတာကြောင့် လက်ကျန် ၂ ပွဲကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ တိုက်ရိုက် တက်ရောက်ခွင့် ရတော့မှာ မဟုတ်ပေမယ့် Play-Off မျှော်လင့်ချက် ကျန်ရှိနေတာကြောင့် ပီအက်စ်ဂျီတို့ ရုန်းရမယ့် ပွဲပါ။ ဒါတောင် အပေါ်က အသင်းတွေ ရလဒ်ကောင်းရင် လူးဝစ္စ အန်နရီကေးရဲ့ အသင်းက လိဂ် အဆင့်နဲ့ပဲ ထွက်ခွာရဖို့ သေချာသလောက် ရှိပါတယ်။ အသင်းကြီး တစ်သင်း ဖြစ်တာကြောင့်တော့ အိမ်ကွင်းမှာ တတ်နိုင်သမျှ ရလဒ်ကောင်း ရှာဖွေဖို့ ကြိုးစားမှာ ဖြစ်ပြီး နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ရထားမှုကို ဆက်ထိန်းဖို့ ကြိုးစားပါလိမ့်မယ်။

မန်ချက်စတာစီးတီး ကလည်း ပီအက်စ်ဂျီလိုပဲ ဒီနှစ် ချန်ပီယံလိဂ်မှာ တော်တော်လေး ရုန်းကန်နေရတဲ့ အသင်းကြီး တစ်သင်းပါ။ မန်စီးတီးက လိဂ် အဆင့် ၆ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲ နိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးပြီး ၈ မှတ် ရရှိထားပါတယ်။ မန်စီးတီးက လက်ကျန် ၂ ပွဲ အဖြစ် ပီအက်စ်ဂျီ၊ ကလပ် ဘရုဂေးနဲ့ ကစားရမှာ ဖြစ်ပါတယ်။ မန်စီးတီး အတွက် ကလပ် ဘရုဂေးက လွယ်ကူတဲ့ ပြိုင်ဘက် ဖြစ်လို့ ဒီပွဲမှာ ပီအက်စ်ဂျီ ကိုသာ အနိုင်ရလိုက်ရင် အနိမ့်ဆုံး Play-Off တော့ မျှော်လင့်ချက် ရှိသွားမှာပါ။ ဒါကြောင့် ပပ် ဂွါဒီယိုလာရဲ့ အသင်း အာရုံစိုက်လာမှာ ဖြစ်ပြီး မဖြစ်မနေ နိုင်ပွဲ ရယူဖို့ ကြိုးပမ်းပါလိမ့်မယ်။

 

နှစ်ဖက်အသင်း သတင်းများ

မန်ချက်စတာစီးတီး ကလည်း ပီအက်စ်ဂျီလိုပဲ ဒီနှစ် ချန်ပီယံလိဂ်မှာ တော်တော်လေး ရုန်းကန်နေရတဲ့ အသင်းကြီး တစ်သင်းပါ။
လက်ကျန် ၂ ပွဲမှာ မဖြစ်မနေ ရလဒ်ကောင်းဖို့ လိုအပ်နေတဲ့ မန်စီးတီး

အခုပွဲကိုတော့ ပီအက်စ်ဂျီ ဘက်က အမ်ဘာရီ တစ်ဦးတည်း ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပြီး ကျန် အဓိက ကစားသမား အားလုံး ပါဝင်ကစားနိုင်ဖို့ ရှိနေပါတယ်။

မန်စီးတီး ဘက်မှာတော့ ဘော့ဘ်၊ စတုန်းစ်နဲ့ အေခီ တို့ ၃ ဦး လွဲချော်ဖွယ် ရှိနေပေမယ့် မသေချာသေးပါဘူး။ ရိုဒရီ ကတော့ သေချာပေါက် လွဲချော်မှာ ဖြစ်ပြီး သတင်းတွေအရ ပွဲကြည့်စင်ပေါ်မှာ ရှိနေပါလိမ့်မယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ပီအက်စ်ဂျီ – ဒွန်နာရမ်းမား၊ ဟာကီမီ၊ ပါချို၊ ဟာနန်ဒက်ဇ်၊ မန်းဒက်စ်၊ ဇိုင်း အမ်မရီ၊ ဗစ်တင်ဟာ၊ ရူအစ်ဇ်၊ ဒမ်ဘီလီ၊ ဒူရေး၊ ဘာကိုလာ

မန်ချက်စတာစီးတီး – အီဒါဆန်၊ အာကန်ဂျီ၊ ဒီးရာ့စ်၊ လီဝစ်၊ ဂဗာဒီယိုလ်၊ ကိုဗာချစ်၊ ဒီဘရွန်းနား၊ ဆေးလ်ဗား၊ ဆာဗင်ဟို၊ ဖိုဒန်၊ ဟာလန်း

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ချန်ပီယံလိဂ် ၆ ကြိမ် တွေ့ဆုံရာမှာ ပီအက်စ်ဂျီက ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ၁ ကြိမ် သရေကျကာ မန်စီးတီးက ၄ ကြိမ် အနိုင်ရခဲ့ပါတယ်။ ပီအက်စ်ဂျီ အိမ်ကွင်းမှာ ၃ ကြိမ် တွေ့ဆုံကစားထားပြီး ၁ ကြိမ်စီ အနိုင်ရထားကာ၊ ၁ ကြိမ် သရေကျထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ နောက်ဆုံး တွေ့ဆုံထားခဲ့တာ ဖြစ်ပြီး ပီအက်စ်ဂျီက အိမ်ကွင်းမှာ ၂-၀ နဲ့ နိုင်ပြီး မန်စီးတီးက အက်တီဟတ်မှာ ၂-၁ နဲ့ ပြန်လည် အနိုင်ရခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ပီအက်စ်ဂျီ နိုင်ရင် ၂.၃၉ ဆ၊ မန်ချက်စတာစီးတီး နိုင်ရင် ၂.၆၀ ဆ၊ သရေ ဆိုရင်တော့ ၃.၆၀ ဆရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာလည်း ဒီပွဲက ဒဲ့ကြေးလောက် ပေါက်နေပြီး ဂိုးပေါင်း ကတော့ အပေါ်ကို ဦးတည်နေတဲ့ ကြေးမျိုးပါ။ ဒီနှစ်သင်းရဲ့ တွေ့ဆုံချိန် အများစုကို ပြန်ကြည့်ရင် အနိမ့်ဆုံး ၂ လုံးလောက်နဲ့ ပွဲပြီးတတ်တာ တွေ့ရပါတယ်။ ပြီးတော့ တွေ့ဆုံချိန် တော်တော်များများ မန်စီးတီးတို့ အသာရခဲ့သလို လက်ရှိ စုဖွဲ့မှုမှာလည်း မန်စီးတီးက အနည်းငယ် ပိုသာပါတယ်။ အရေးကြီးတဲ့ အချိန်ဆိုရင် ပိုပြီး တည်ငြိမ်တဲ့ ပပ် ဂွါဒီယိုလာရဲ့ အသင်းကို ယုံကြည်ထားရမယ့် ပွဲပါ။ မန်စီးတီး ၁-၂ လောက်နဲ့ ကပ်နိုင်သွားဖို့ များပါတယ်။

ခန့်မှန်းရလဒ်

ပီအက်စ်ဂျီ ၁-၂ မန်ချက်စတာစီးတီး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်