ဘာစီလိုနာ – အတ္တလန္တာ
ဒီတစ်ပတ် မှာတော့ ချန်ပီယံလိဂ် လိဂ်အဆင့် နောက်ဆုံး ပွဲတွေ ယှဉ်ပြိုင်ကစားဖို့ ရှိပြီးတော့ ဘာစီလိုနာက အတ္တလန္တာကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာက ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်ထားနိုင်လို့ စိတ်ပူစရာ မရှိပေမယ့် အတ္တလန္တာ ကတော့ ပလေးအော့ဖ် မကစားချင်ရင် ရလဒ်ကောင်းဖို့ လိုအပ်နေလို့ စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။
ဘာစီလိုနာက ချန်ပီယံလိဂ် လိဂ်အဆင့် ပွဲစဉ် ၇ ပွဲ ကစားပြီးချိန်မှာ ၆ ပွဲနိုင်၊ ၁ ပွဲ ရှုံးပြီး ရမှတ် ၁၈ မှတ်နဲ့ ဇယား အဆင့် ၂ နေရာမှာ ရှိနေပါတယ်။ အဆင့် ၉ နေရာက အသင်းကို ၅ မှတ် ဖြတ်ထားနိုင်တာကြောင့် ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။ ဒီပွဲက ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်း အတွက် သိပ်ပြီး အရေးမပါတော့ပေမယ့် အိမ်ကွင်း ပရိသတ် ရှေ့မှောက်မှာတော့ ရလဒ်ကောင်း ယူပါလိမ့်မယ်။ ဘာစီလိုနာက နောက်ဆုံး ၇ ပွဲဆက် ရလဒ်ကောင်းထားပြီး ၆ ပွဲနိုင်၊ ၁ ပွဲ သရေကျထားကာ ပြီးခဲ့တဲ့ ပွဲမှာဆိုရင် ဗလင်စီယာကို ၇-၁ ရလဒ်နဲ့ပါ အနိုင်ယူပြထားပါတယ်။ အဲဒီ နောက်ဆုံး ၆ ပွဲမှာ ဘာစီလိုနာရဲ့ တိုက်စစ်က သွင်းဂိုး ၂၉ ဂိုး အထိလည်း ရထားပြီး ဂိုးမြူးနေတာ တွေ့ရပါတယ်။
အတ္တလန္တာ ကတော့ ရာသီအစပိုင်းမှာ တောက်လျောက် ခြေစွမ်းပြနေခဲ့ပေမယ့် နောက်ပိုင်း ပွဲတွေမှာတော့ ရလဒ်ပိုင်း အနည်းငယ် ယိမ်းယိုင်နေခဲ့ပါတယ်။ အတ္တလန္တာက ချန်ပီယံလိဂ် လိဂ် အဆင့်မှာ ၄ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲ ရှုံးပြီး ရမှတ် ၁၄ မှတ်နဲ့ ဇယားရဲ့ အဆင့် ၇ နေရာမှာ ရှိနေပါတယ်။ အတ္တလန္တာ အတွက် ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်ရောက်ခွင့်ရဖို့က မသေချာသေးပါဘူး။ ပလေးအော့ဖ် မကစားချင်ရင် ဂတ်စ်ပီရီနီရဲ့ အသင်းက ၃ မှတ် အပြည့်ယူနိုင်ဖို့ လိုအပ်တယ် ဆိုပေမယ့် ပြိုင်ဘက်က ဘာစီလိုနာ ဖြစ်သလို အဝေးကွင်းမှာ သွားကစားရမှာ ဖြစ်လို့ တော်တော်လေးတော့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့်လည်း အတ္တလန္တာက နောက်ဆုံး ၂ ပွဲမှာ စတူရမ်ဂရက်ဇ်ကို ဂိုးပြတ် နိုင်ထားသလို ကိုမို ကိုလည်း အဝေးကွင်းမှာ ၁-၂ ရလဒ်နဲ့ အနိုင်ရထားလို့ စောင့်ကြည့်ချင်စရာတော့ ကောင်းနေပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ဘာစီလိုနာ ဘက်က ဒန်နီ အော်လမို၊ မာတီနက်ဇ်၊ ဘာနဲလ်၊ တာစတီဂျန် တို့ လွဲချော်ဖို့ ရှိပြီး ပက်ဒရီ ကလည်း ပါဝင်ကစားဖို့ မသေချာသေးပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘာစီလိုနာ – ဆက်ဇီနီ၊ ကွန်ဒေး၊ ကူဘာဆီ၊ ဂါစီယာ၊ ဘဲလ်ဒီ၊ ဂါဗီ၊ ကာဆာဒို၊ ပက်ဒရီ၊ ယာမယ်၊ ရာဖင်ညာ၊ လီဝမ်ဒေါစကီး
အတ္တလန္တာ – ကာနက်ဆက်ချီ၊ ဂျင်မ်စီတီ၊ ဟိန်း၊ စကဲလ်ဗီနီ၊ ရူဂါရီ၊ အီဒါဆန်၊ ပါဆာလစ်၊ ဇာပါကော်စတာ၊ ဆမာဒစ်၊ ရက်တီဂူအီ၊ လွတ်ခ်မန်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ပထမဦးဆုံး အကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားကြမှာ ဖြစ်လို့ တစ်သင်းခြေ တစ်သင်း မသိကြသေးပါဘူး။ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင် ဘာစီလိုနာက ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပြီး အတ္တလန္တာ ကတော့ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲ ရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘာစီလိုနာ နိုင်ရင် ၁.၇၃ ဆ၊ အတ္တလန္တာ နိုင်ရင် ၃.၇၁ ဆ၊ သရေ ဆိုရင်တော့ ၃.၉၅ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဘာစီလိုနာက သရေရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေ ကြေးတွေ ဖွင့်ပေးထားပြီး ဂိုးပေါင်း ကလည်း ကြေးနည်းနည်း ပြင်းပါတယ်။ ဒီနှစ်သင်းက တိုက်စစ် အားသန်ကြလို့ အခုလို ကြေးမျိုး ဖွင့်ပေးထားတာ ဖြစ်နိုင်ပါတယ်။ ဘာစီလိုနာ အတွက်က သိပ်အရေးမကြီးပေမယ့် အတ္တလန္တာ အတွက်က အရေးပါတဲ့ ပွဲစဉ် ဖြစ်နေဆဲပါ။ သေချာပေါက် အားထည့်လာပါလိမ့်မယ်။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရမယ့် ပွဲဖြစ်ပါတယ်။ ကျွန်တော် ကတော့ အိမ်ရှင် ဘာစီလိုနာ ဘက်မှာပဲ ရပ်တည်ထားချင်ပြီး ဂိုးပေါ်နဲ့ တွဲဆော့သင့်တယ်လို့ ရှုမြင်ပါတယ်။
ခန့်မှန်းရလဒ်
ဘာစီလိုနာ ၃-၂ အတ္တလန္တာ
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.