နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အိဆက်ခ် ယူရို သန်း ၁၅၀ တန်ရင်၊ ဟယ်ရီကိန်းက ယူရို သန်း ၂၅၀ တန်တယ် ဆိုတဲ့ အူလီ ဟိုးနက်စ် | ဘွန်ဒက်စ်လီဂါ

ဘေယန်မြူးနစ်ရဲ့ ဂန္ထဝင် တစ်ဦး ဖြစ်သူ အူလီ ဟိုးနက်စ်က လစ်ဗာပူးလ်တို့ အလက်ဇန္တား အိဆက်ခ် အတွက် ပေးချေခဲ့ရတဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ နှိုင်းယှဉ်ရင် ဟယ်ရီကိန်းကို သူတို့ အသင်း ဝယ်ယူခဲ့စဉ်က ပေးချေခဲ့ရတဲ့ နှုန်းထား တော်တော်လေး သက်သာလွန်းခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ ဟယ်ရီကိန်း ကတော့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ စပါး ကနေ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ယူရို သန်း ၁၀၀ (ပေါင် ၈၇.၁ သန်း) နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

တခြား တစ်ဖက် မှာတော့ အလက်ဇန္တား အိဆက်ခ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက နယူးကာဆယ် ကနေ လစ်ဗာပူးလ်ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၁၂၅ သန်း (ယူရို သန်း ၁၅၀ ခန့်) နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ ဂန္တဝင် ကစားသမားကြီး အူလီ ဟိုးနက်စ်က အခုလို ပြောကြားခဲ့ပါတယ်။ “၂၀၂၃ တုန်းက သူ့အတွက် ယူရို သန်း ၁၀၀ သုံးခဲ့တာဟာ စွန့်စားမှု တစ်ခုလို့ ထင်ခဲ့ရပေမယ့် အခုနှစ်တွေမှာ သူကစားပြသွားတာ အံ့မခန်းပါပဲ။ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ဈေးနှုန်းကို ပြန်တွက်ကြည့်ရင် သူဟာ ယူရို သန်း ၁၅၀ လောက် တန်ပါတယ်။ ဒါပေမယ့် လစ်ဗာပူးလ်က အိဆက်ခ်ကို ယူရို သန်း ၁၅၀ ပေးခဲ့ရတာကို ကြည့်ရင်တော့၊ အိဆက်ခ်က ယူရို သန်း ၁၅၀ တန်တယ် ဆိုရင် ဟယ်ရီ ကိန်းက ယူရို သန်း ၂၅၀ တန်ပါတယ်။” လို့ အူလီ ဟိုးနက်စ်က Kicker မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ လက်ရှိ ဘွန်ဒက်စ်လီဂါမှာ ၂၆ ပွဲ ကစား၊ ၃၁ ဂိုး သွင်းယူထားပြီး ၆၆.၇ မိနစ်တိုင်းမှာ တစ်ဂိုးနှုန်း သွင်းယူနေတာပါ။
အိဆက်ခ်ထက် ကိန်းက ပိုတန်ကြောင်း ပြောလာတဲ့ ဘေယန်မြူးနစ် ဂန္တဝင်

ဟယ်ရီကိန်းဟာ ဘေယန်မြူးနစ် အတွက် ပြိုင်ပွဲစုံ ၁၃၃ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီး၊ အခု လက်ရှိ ၂၀၂၅-၂၀၂၆ ရာသီမှာတင် ၅၁ ဂိုး အထိ သွင်းယူထားပါတယ်။ (ပြီးခဲ့တဲ့ နွေရာသီက ကလပ်ကမ္ဘာ့ဖလား ပွဲစဉ်တွေ အပါအဝင် ဖြစ်ပါတယ်) ။ ဟယ်ရီကိန်းဟာ လက်ရှိ ဘွန်ဒက်စ်လီဂါမှာ ၂၆ ပွဲ ကစား၊ ၃၁ ဂိုး သွင်းယူထားပြီး ၆၆.၇ မိနစ်တိုင်းမှာ တစ်ဂိုးနှုန်း သွင်းယူနေတာပါ။ ဒါဟာ ရောဘတ် လီဝမ်ဒေါစကီး တင်ထားတဲ့ တစ်ရာသီ အတွင်း ၄၁ ဂိုးသွင်း စံချိန်ကို ချိုးဖျက်ဖို့ လမ်းကြောင်းပေါ် ရောက်ရှိနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဘွန်ဒက်စ်လီဂါ ဖလားကို ရယူနိုင်ခဲ့တဲ့ ဟယ်ရီကိန်းဟာ ဒီရာသီ မှာလည်း ဘေယန်မြူးနစ်ကို နောက်ထပ် အမှတ်ပေး ချန်ပီယံဆု ရရှိအောင် ကူညီပေးနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။

ဆွီဒင် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ဟာ လစ်ဗာပူးလ်ကို စံချိန်တင်ဈေးနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် ဒဏ်ရာ ပြဿနာတွေကြောင့် ရုန်းကန်နေရပါတယ်။ သူဟာ လစ်ဗာပူးလ် အတွက် ၁၆ ပွဲမှာ ၃ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ခြေသလုံးရိုး ကျိုးသွားတာကြောင့် ခွဲစိတ်ကုသမှု ခံယူထားရပါတယ်။ အိဆက်ခ်ဟာ လစ်ဗာပူးလ်ကို မပြောင်းရွှေ့ခင် နယူးကာဆယ် မှာတော့ အားရစရာ ထိပ်တန်း ခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီး ၁၀၉ ပွဲ ကစားရာမှာ ၆၂ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံ တို့က အိဆက်ခ်ကို ရောင်းထုတ်ဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်နေပြီး လာလီဂါ ကလပ် တချို့က သူ့ကို ပြန်လည် ခေါ်ယူချင်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်