ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် တစ်ယောက် ထူးချွန်ပြောင်မြောက်တဲ့ ရာသီ တစ်ခုကို ဖြတ်သန်းနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပေါ်တူဂီ ကွင်းလယ် ဖန်တီးရှင်က ၀၂၅-၂၆ ရာသီ အတွက် အင်္ဂလန် ကလောင်ရှင်များ အဖွဲ့ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု (FWA Footballer of the Year) ကို ဆွတ်ခူးရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
အခု လက်ရှိ ရာသီကုန်ဆုံးဖို့ ၃ ပွဲ အလို မှာတင် ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီ အတွင်း ဂိုးဖန်တီးမှု အများဆုံး စံချိန်ကို အမီလိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လစ်ဗာပူးလ်ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ သူဟာ အကြိမ် ၂၀ မြောက် ဂိုးဖန်တီးမှုကို ပြုလုပ်နိုင်ခဲ့ပြီး၊ ဒါဟာ သီယာရီ အွန်နရီနဲ့ ကီဗင် ဒီဘရွန်းနားတို့ ပူးတွဲ တင်ရှိထားတဲ့ စံချိန်နဲ့ တူညီခဲ့တာ ဖြစ်ပါတယ်။
ဖန်တီးမှု အပိုင်းမှာ ဆိုရင် ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ဘယ်ကစားသမားနဲ့ မဆို ယှဉ်ရင် ဖာနန်ဒက်စ်က တစ်ခေါင်းစာမက သာလွန်နေခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ခြေစွမ်းပြသမှုတွေဟာ မန်ချက်စတာယူနိုက်တက် အသင်း ရုန်းကန်ရာ ကနေ ပြန်လည် ဦးမော့လာစေဖို့ အဓိက တွန်းအားတစ်ခု ဖြစ်ခဲ့ပါတယ်။
FWA Award ဆိုတာ ဘာလဲ
FWA (Football Writers’ Association) ဆုကို ဘောလုံး ကလောင်ရှင်များ အသင်းဝင် သတင်းထောက်တွေက မဲပေးရွေးချယ်ကြတာ ဖြစ်ပါတယ်။ ဒီဆုကို “ အပြုအမူ၊ အမူအကျင့်နဲ့ စံနမူနာကောင်းတွေနဲ့ အသင်းဝင်တွေရဲ့ မဲပေးရွေးချယ်မှု အရ တစ်နှစ်တာ အကောင်းဆုံး ဖြစ်ထိုက်တဲ့ ပရော်ဖက်ရှင်နယ် ကစားသမား” အဖြစ် သတ်မှတ်ခံရသူကို နှစ်စဉ် ပေးအပ် ချီးမြှင့်တာ ဖြစ်ပါတယ်။
တစ်နှစ်တာ အကောင်းဆုံး ဆုကြီး ၃ ဆုနဲ့ နောက်ခံသမိုင်း

FWA ဆုဟာ အင်္ဂလန် ဘောလုံးလောကရဲ့ တစ်နှစ်တာ အကောင်းဆုံးဆုကြီး ၃ ဆုထဲက တစ်ဆု ဖြစ်ပြီး ကျန်တဲ့ နှစ်ဆု ကတော့ PFA ကစားသမားတွေ ရွေးချယ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု (PFA Players’ Player of the Year) နဲ့ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု (Premier League Player of the Season) တို့ ဖြစ်ကြပါတယ်။
၁၀၀ ရာခိုင်နှုန်း သေချာပေါက် မဟုတ်ပေမယ့်လည်း FWA ဆုကို ရရှိတဲ့ ကစားသမားတွေဟာ ကျန်တဲ့ ဆုကြီး ၂ ဆုကိုပါ သိမ်းပိုက်လေ့ ရှိကြပါတယ်။ ပြီးခဲ့တဲ့ နောက်ဆုံး ၃ ရာသီမှာလည်း ဒီအတိုင်းပဲ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး ၃ ရာသီ အတွင်း ဒီဆုကို ရရှိခဲ့ကြသူတွေ ကတော့ အားလင်း ဟာလန်း၊ ဖီးလ် ဖိုဒန်၊ မိုဟာမက် ဆာလာ တို့ပဲ ဖြစ်ပါတယ်။
ဘောလုံးကလောင်ရှင်တွေဟာ တစ်ခါတရံမှာ ခြေစွမ်း အကောင်းဆုံး ကစားသမား ကိုပဲ ကွက်တိ ရွေးချယ်လေ့ မရှိဘဲ တခြားသော အရည်အချင်းနဲ့ စရိုက်လက္ခဏာတွေ ကိုပါ ထည့်သွင်း စဉ်းစားလေ့ ရှိကြပါတယ်။ ဥပမာ – ၂၀၁၉-၂၀ ရာသီတုန်းက ဂျော်ဒန် ဟန်ဒါဆန် ဆုရခဲ့တာမျိုး ဒါမှမဟုတ် ၂၀၁၀-၁၁ ရာသီက တန်းဆင်းသွားခဲ့တဲ့ ဝက်စ်ဟမ်းက စကော့တ် ပါကားကို ရွေးချယ်ခဲ့တာမျိုးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ၂၀၂၅-၂၆ ရာသီ မှာတော့ ဘရူနို ဖာနန်ဒက်စ်ထက် ဒီဆုနဲ့ ပိုထိုက်တန်တဲ့သူ ရှိတယ်လို့ ငြင်းချက်ထုတ်ဖို့ ဘယ်သူ့မှာမှ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိမှာ မဟုတ်ပါဘူး။
ဖာနန်ဒက်စ်ဟာ ၂၀၀၉-၁၀ ရာသီက ဝိန်း ရူနီ (Wayne Rooney) နောက်ပိုင်း ဒီဆုကို ပထမဆုံး အကြိမ် ပြန်လည် ဆွတ်ခူးနိုင်ခဲ့တဲ့ ယူနိုက်တက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ၁၉၄၀ ပြည့်လွန်နှစ်တွေကတည်းက စတင် ရေတွက်ရင် အိုးထရက်ဖို့ဒ် ကလပ် အတွက် ၁၀ ကြိမ်မြောက် ဆု ဆွတ်ခူးနိုင်ခြင်းလည်း ဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို တစ်ဦးတည်းသာ ဒီဆုကို နှစ်ကြိမ် ရရှိဖူးတာကြောင့် ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ရဲ့ ၉ ဦးမြောက် ဆုရရှိသူ ဖြစ်လာခဲ့တာပါ။ လက်ရှိအချိန်အထိ FWA ဆုကို အများဆုံး ဆွတ်ခူးထားတဲ့ ကလပ် ကတော့ ၁၆ ကြိမ်နဲ့ လစ်ဗာပူးလ် အသင်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


