နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လူးဝစ်-စကယ်လီကို ခေါ်ယူတာဟာ ချဲလ်ဆီးနဲ့ မန်ယူနိုက်တက်တို့ အတွက် ဘယ်လောက်အထိ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအရွှေ့ ဖြစ်လာနိုင်သလဲ | ပရီးမီးယားလိဂ်

အာဆင်နယ် ကတော့ ဒီနွေရာသီမှာ မိုင်းလ်စ် လူးဝစ် စကယ်လီ ကျွမ်းကျင်စွာ ကစားနိုင်တဲ့ နေရာ နှစ်ခု လုံးမှာ ငွေကြေး အမြောက်အမြား သုံးစွဲပြီး အားဖြည့်ထားခဲ့ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ချန်ပီယံ တို့ရဲ့ ဟေးအန့် အကယ်ဒမီထွက် ကစားသမားလေးရဲ့ အနာဂတ်ဟာ အမ်းမရိတ်စ်မှာ မသေချာ ဖြစ်လာခဲ့ပါတယ်။

အာဆင်နယ်က ဘရူနို ဂီမာရေးစ်ကို ပေါင် ၇၅ သန်းနဲ့ ခေါ်ယူလိုက်ပြီးနောက် အကယ်ဒမီထွက် အသက် ၁၉ နှစ်အရွယ် လူးဝစ်-စကယ်လီဟာ ပြိုင်ဘက် ပရီးမီးယားလိဂ် ကလပ်တွေဆီ ကမ်းလှမ်းခံရဖွယ် ရှိနေတာကြောင့် ဒီအပြောင်းအရွှေ့ရဲ့ သားကောင် ဖြစ်သွားနိုင်ပါတယ်။

၂၀၂၄ ခုနှစ်မှာ ပထမအသင်းကြီးဆီ စတင် ရောက်ရှိလာခဲ့ပြီးကတည်းက လူးဝစ်-စကယ်လီ ဟာ ဂန်းနားတို့ အတွက် ၇၅ ပွဲ အထိ ပါဝင်ကစားပေးထားပြီး လွန်ခဲ့တဲ့ နွေရာသီကမှ ၂၀၃၀ အထိ သက်တမ်း ရှိတဲ့ ၅ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။ အစပိုင်းမှာ ဘယ်နောက်ခံလူ အဖြစ် ခြေစွမ်းပြခဲ့ပေမယ့် သူဟာ လက်ရှိမှာတော့ သဘာဝ ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်လို့နေပါတယ်။

၂၀၂၅-၂၆ ရာသီမှာ အသင်း အတွက် ပွဲထွက် ပါဝင်ကစားခွင့် နည်းပါးသွားခဲ့ပေမယ့်လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာတော့ မာတင် ဇူဘီမန်ဒီ ရဲ့ အရှေ့ ကွင်းလယ် ဗဟိုမှာ ဒီကလန် ရိုက်စ် နဲ့အတူ ပွဲထွက် ကစားခဲ့ရပါသေးတယ်။ ဒါပေမယ့် ဘောလုံးလောကရဲ့ ရက်စက်မှု အတိုင်း ကစားသမားကို ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ဆီ ကမ်းလှမ်းထားပြီး အာဆင်နယ် ဘက်ကလည်း ရောင်းထုတ်ဖို့ စဉ်းစားနိုင်တယ်လို့ football.london က ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီလူငယ်လေးကို ကာလရှည်ကြာ စောင့်ကြည့်နေခဲ့တာ ဖြစ်ပြီး ကမ်းလှမ်းမှုကောင်းကောင်း ရရှိပါက အာဆင်နယ် အနေနဲ့ ငြင်းဆန်ဖို့ ခက်ခဲပါလိမ့်မယ်။

 

ဘာဖြစ်လို့ လူးဝစ်-စကယ်လီ ဟာ ချဲလ်ဆီးနဲ့ မန်ယူအတွက် အဆင်ပြေနေရတာလဲ

Sky Sports ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးဟာ ဒီအင်္ဂလန် လက်ရွေးစင်လေး အတွက် စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ အာဆင်နယ်က မြို့ခံပြိုင်ဘက်ဆီ မရောင်းချင်ဘူးလို့ ဆိုထားတာကြောင့် တခြား ကလပ်တွေဆီ ကမ်းလှမ်းတယ် ဆိုတာဟာ မြောက်လန်ဒန်မှာ ဆက်ရှိနေရင် ကစားချိန် နည်းပါးသွားမှာကို စိုးရိမ်တဲ့ ကိုယ်စားလှယ်တွေ သို့မဟုတ် ကြားလူတွေဆီက လာတာ ဖြစ်နိုင်ပါတယ်။

ချဲလ်ဆီးဟာ အသင်းရဲ့ ကြီးမားလှတဲ့ လူစာရင်းကို လျှော့ချဖို့ ကြိုးစားနေပေမယ့် မာ့ခ် ကူကူရယ်လာကို ရီးရဲလ်မက်ဒရစ်ဆီ ရောင်းထုတ်ခဲ့ရတာကြောင့် ကမ္ဘာ့ဖလား ချန်ပီယံ ဘယ်နောက်ခံလူရဲ့ နေရာမှာ အစားထိုးဖို့ လိုအပ်နေပါတယ်။ ရေယို ဗလက်ကာနိုက ပပ် ချာဗာရီယာ ရောက်လာမယ်လို့ သတင်းတွေ ထွက်နေပေမယ့် အသက် ၂၈ နှစ် ရှိပြီ ဖြစ်လို့ လူးဝစ်-စကယ်လီ လို ရေရှည် အစားထိုးနိုင်သူ မဟုတ်ပါဘူး။

မန်ယူနိုက်တက် အတွက်ဆိုရင်လည်း ဘယ်နောက်ခံနဲ့ ကွင်းလယ် နှစ်နေရာစလုံး ကစားနိုင်တဲ့ လူးဝစ်-စကယ်လီ ဟာ လုခ် ရှောရဲ့ ရေတို အရန်နှင့် ရေရှည် အစားထိုးဖို့ လိုအပ်ချက် နှစ်ခုလုံးကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါ့အပြင် မန်ယူနိုက်တက်မှာ ခရစ္စတီယန် အဲရစ်ခ်ဆင်၊ ကက်စ်မဲရိုးနဲ့ မေဆန် မောင့်တို့ အပြင် စီနီယာ ကွင်းလယ်လူ အဖြစ် ကိုဘီ မိန်းနူး၊ ယူရီ တေးလီမန့်စ်နဲ့ အန်ဒရီ ဆန်းတို့စ် (၃) ဦးတည်းသာ ရှိပါတော့တယ်။

The Guardian ရဲ့ ဖော်ပြချက်အရ အာဆင်နယ်က စကယ်လီရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၄၅ သန်း ဝန်းကျင် သတ်မှတ်နိုင်ပါတယ်။ ဒါဟာ ဒီနွေရာသီမှာ မန်ယူနိုက်တက်တို့ ဆန်းတို့စ် နဲ့ တေးလီမန့်စ် တို့ အတွက် သုံးစွဲခဲ့တဲ့ ပမာဏနဲ့ တူညီနေတာပါ။ နယူးကာဆယ်က လူးဝစ် ဟောလ် ကို ရောင်းဖို့ တင်းခံနေတာကြောင့် အိုးထရက်ဖိုဒ် အတွက် လူးဝစ်-စကယ်လီ ကို ခေါ်ယူခြင်းက ပိုမို လွယ်ကူပြီး ဈေးသက်သာမယ့် နည်းလမ်း ဖြစ်လာနိုင်ပါတယ်။

 

အာဆင်နယ် ကရော ဘာကြောင့် လူးဝစ်-စကယ်လီ ကို ရောင်းချချင်ရတာလဲ

အာဆင်နယ်မှာ လူးဝစ်-စကယ်လီ ဆိုတဲ့ ပါရမီရှင်လေး အဟောသိကံ ဖြစ်နေရပါတယ်။ သူဟာ ၂၀၂၅ အစောပိုင်းမှာ အင်္ဂလန် လက်ရွေးစင် အသင်းဆီ ရောက်ရှိခဲ့ပြီး ဒီနွေရာသီ ကမ္ဘာ့ဖလား ပြိုင်ပွဲ သွားရောက်ရဖို့ သေချာသလောက် ရှိခဲ့ပေမယ့် နည်းပြ မီခဲလ် အာတေးတားရဲ့ အကြိုက်တွေ့မှု မရတော့ဘဲ ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ရတာပါ။

အာဆင်နယ်ဟာ ၂၀၂၄ ကတည်းက ရီကာဒို ကာလာဖီအိုရီနဲ့ ပီယာရို ဟင်ကပ်ပီယေတို့ အတွက် ပေါင် ၈၇ သန်း နီးပါး သုံးစွဲခဲ့ပါတယ်။ ဗဟိုခံစစ်မှူး အဖြစ် သတ်မှတ်ခံထားရတဲ့ ဟင်ကာပီယေ က ပြီးခဲ့တဲ့ ရာသီက ဘယ်နောက်ခံလူ အဖြစ် ပုံမှန် ပွဲထွက်လာတာကြောင့် လူးဝစ်-စကယ်လီ ဘေးရောက်သွားခဲ့ရတာပါ။ ခံစစ်မှူးတိုင်း၊ နောက်ခံလူတိုင်းကို ခန္ဓာကိုယ် ထွားကျိုင်းတဲ့ ဗဟို ခံစစ်မှူး ပုံစံမျိုး လိုချင်တဲ့ အာတီတာ ရဲ့ ခံစစ် စနစ်နဲ့ ဒီလူငယ်လေး မကိုက်ညီပါဘူး။

ကွင်းလယ်မှာလည်း ဘရူနို ဂီမာရေးစ် ရောက်ရှိလာမှုကြောင့် ဒီကလန် ရိုက်စ်၊ မာတင် ဇူဘီမန်ဒီ၊ မီခဲလ် မာရီနို တို့နဲ့ အတူ ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာခဲ့ပါတယ်။ ၄-၃-၃ စနစ်မှာ မာတင် အိုဒီဂတ် နဲ့ ကိုင် ဟာဗက်ဇ် တို့ပါ ကွင်းလယ် အနိမ့်မှာ ဆင်းကစားနေတာကြောင့် သူ့အတွက် အခွင့်အရေး မရှိသလောက်ပါပဲ။

ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေအရ ပွဲကစားခွင့် နည်းပါးမယ့် ကစားသမား တစ်ဦးထံက သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရယူနိုင်ခြင်းဟာ အလွန် အရေးပါပါတယ်။ လွန်ခဲ့တဲ့ နွေရာသီက ဟင်ကပ်ပီယေကို အငှားနဲ့ စတင်ခေါ်ယူခဲ့ရတာ ဟာလည်း ချက်ချင်း မဝယ်နိုင်လို့ ငွေပေးချေမှုကို ဆိုင်းငံ့ထားခဲ့ရလို့ ဖြစ်ပါတယ်။

ဒီနွေရာသီမှာ ကစားသမားသစ် ခေါ်ယူမှုအတွက် ဒေါ်လာ သန်း ၂၀၀ ကျော် သုံးစွဲထားပြီး ကစားသမား ရောင်းချမှုမှ ဒေါ်လာ ၅၄ သန်းအောက်သာ ပြန်လည် ရရှိထားတာကြောင့် အာဆင်နယ် အနေနဲ့ ကစားသမားတွေကို ဈေးကောင်း ရရှိအောင် ရောင်းထုတ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ဒါဟာ လူးဝစ်-စကယ်လီ အတွက်လည်း အဆင်ပြေပါတယ်။ အသက် ၁၉ နှစ်သာ ရှိသေးသလို အာဆင်နယ်နဲ့ ၁၀ နှစ်ကျော် သံယောဇဉ် ရှိခဲ့ပေမယ့်လည်း တခြားနေရာမှာ သူ့ရဲ့ အနာဂတ်က ပိုမို တောက်ပနိုင်ပါတယ်။ လာမယ့် ယူရို ၂၀၂၈ ပြိုင်ပွဲမှာ အင်္ဂလန်နဲ့ အတူ ပါဝင်ခွင့် ရဖို့ ဆိုရင် ကလပ် အသင်း အပြောင်းအလဲ ပြုလုပ်မှသာ တကယ့်ကို အခွင့်အရေး ရရှိနိုင်မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်