နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂရီးလစ်ရှ် မန်းစီးတီးမှာ ခြေစွမ်းပြသနိုင်ဖို့ တံခါးဖွင့်ပေးလိုက်တဲ့ နည်းပြသစ် မာရက်စကာ | ပရီးမီးယားလိဂ်

ဂျက် ဂရီးလစ်ရှ် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလန် တောင်ပံ ကစားသမားနဲ့ ပတ်သက်ပြီး မန်စီးတီး နည်းပြသစ် အန်ဇို မာရက်စကာက အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားဖို့ လုံးဝ ငြင်းပယ်မထားသလို အခွင့်အရေး တစ်ခုလည်း ပေးလိုက်ပါတယ်။

အသက် ၃၀ အရွယ် ဂရီးလစ်ရှ်ဟာ နည်းပြဟောင်း ပပ် ဂွါဒီယိုလာ လက်ထက်မှာ ပွဲထွက်ခွင့် နည်းပါးခဲ့တာကြောင့် ၂၀၂၅-၂၆ ရာသီတစ်ခုလုံး အတွက် အဲဗာတန် အသင်းဆီ အငှား ကစားသမား အဖြစ် ပြောင်းရွှေ့ခဲ့ရသူပါ။ သူဟာ ဒေးဗစ် မွိုက်စ်ရဲ့ အဲဗာတန် အသင်းမှာ ပြိုင်ပွဲစုံ ၂၂ ပွဲ ပါဝင် ကစားပေးခဲ့ပြီး ၂ ဂိုးသွင်း၊ ၆ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဇန်နဝါရီလ အတွင်း အက်စတွန်ဗီလာနဲ့ ကစားခဲ့တဲ့ပွဲမှာ ခြေထောက်ရိုးကျိုး ဒဏ်ရာ ရရှိခဲ့တာကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ရာသီကုန် အထိ အနားယူခဲ့ရပါတယ်။ ဒါဟာ မာဆေးလ်ဆိုက်ဒ်မှာ ပုံစံကောင်းနဲ့ စတင်နေတဲ့ သူ့ရဲ့ ကစားသမား ဘဝကို စောစောစီးစီး အဆုံးသတ်သွားစေခဲ့ပါတယ်။

ဒဏ်ရာ မရခင်အချိန် အထိ ဂရီးလစ်ရှ်ရဲ့ ပရီးမီးယားလိဂ် ဂိုးဖန်တီးမှု ၆ ကြိမ် ဆိုတဲ့ စံချိန်ဟာ ရာယန် ချာကီ (၇ ကြိမ်) နဲ့ မန်ယူနိုက်တက်က ဘရူနို ဖာနန်ဒက်စ် တို့ရဲ့ နောက်မှာပဲ ရှိခဲ့တာပါ။ ဒါ့အပြင် Open Play ကနေ ဂိုးရနိုင်မယ့် အခွင့်အရေး ၃၆ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့ပြီး အဲဒီအချိန်မှာ ဂျရယ်မီ ဒိုကု (၃၉ ကြိမ်) နဲ့ ဘရူနို ဖာနန်ဒက်စ် (၄၀ ကြိမ်) တို့ နှစ်ဦးပဲ သူ့ထက် ပိုမိုဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်းစီးတီးဆီ ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ၅ နှစ် အကြာမှာ ဂရီးလစ်ရှ် တစ်ယောက် အဲဗာတန်ဆီ အပြီးသတ် ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဒါပေမယ့် မာရက်စကာ ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ကလပ်ဆီ ပို့ဆောင်ဖို့ မသေချာသေးကြောင်း ပြောကြားခဲ့ပါတယ်။

“ဂျက်က လက်ရှိမှာ ဒီမှာပဲ ရှိနေပါသေးတယ်။ သူဟာ မန်းစီးတီး ကစားသမား တစ်ယောက်ပါ။ ကျွန်တော် ဘာပဲပြောပြော၊ ကျွန်တော် ရောက်တဲ့ ကလပ်တိုင်းမှာ ရှိတဲ့ ကစားသမားတွေကို လေ့ကျင့် သင်ကြားပေးဖို့က ကျွန်တော့် တာဝန်ပါ။ ဂျက်နဲ့ ကျွန်တော် အကြားမှာ ဆက်ဆံရေးကောင်း ရှိပါတယ်။ ကျွန်တော် ထွက်သွားကတည်းက သူ့နဲ့ အမြဲ အဆက်အသွယ် ရှိခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ သူဟာ နှလုံးသား ဖြူစင်ပြီး တကယ်ကို လူကောင်း တစ်ယောက်မို့ပါ။ ရှေ့ဆက် ဘာတွေ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာပေါ့” လို့ နည်းပြသစ် မာရက်စကာက ပြောကြားခဲ့ပါတယ်။

ဂရီးလစ်ရှ်ဟာ မန်းစီးတီး အသင်းမှာ ပြိုင်ပွဲစုံ ၁၅၇ ပွဲ ကစားပေးခဲ့ပြီး ၁၇ ဂိုးသွင်း၊ ၂၃ ဂိုး ဖန်တီးပေးထားပါတယ်။ အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၃ ကြိမ်၊ ၂၀၂၂-၂၃ ရာသီရဲ့ ပထမဆုံး ချန်ပီယံလိဂ် ဖလားတို့ အပါအဝင် အဓိက ဆုဖလား ၇ ခု အထိ ဆွတ်ခူးထားသူလည်း ဖြစ်ပါတယ်။

 

ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ်ရဲ့ အနာဂတ် အပေါ် သုံးသပ်ချက်

ဒါ့အပြင် နည်းပြ မာရက်စကာဟာ ပြီးခဲ့တဲ့ နှစ်ကမှ မန်းစီးတီးဆီ ပြန်လည် ရောက်ရှိလာခဲ့ပေမယ့် လိဒ်စ်ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ သတင်းထွက်နေတဲ့ ဂိုးသမား ဂျမ်းစ် ထရက်ဖို့ဒ်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့လည်း ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

ထရက်ဖို့ဒ်ဟာ အီဒါဆန် ထွက်ခွာသွားပြီးနောက် ဘန်လေ အသင်း ကနေ ပြောင်းရွှေ့လာခဲ့ပြီး ၂၀၂၅-၂၆ ရာသီမှာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်လာမယ်လို့ ယူဆခဲ့ကြသူပါ။ ဒါပေမယ့် အပြောင်းအရွှေ့ ဈေးကွက် ပိတ်ခါနီးမှာ ပီအက်စ်ဂျီ ကနေ ဂျီယန်လူဝီဂျီ ဒွန်နာရမ်းမားကို မန်းစီးတီးတို့ ရုတ်တရက် ခေါ်ယူလိုက်တာကြောင့် ထရက်ဖို့ဒ်ခမျာ ခရာဘောင်ဖလားနဲ့ အက်ဖ်အေဖလား ပွဲစဉ် အများစု အပါအဝင် ပြိုင်ပွဲစုံ ၁၇ ပွဲသာ ပါဝင် ကစားခဲ့ရပါတယ်။ လက်ရှိမှာ လိဒ်စ်ယူနိုက်တက်ရဲ့ ဂိုးသမားတွေ ဖြစ်ကြတဲ့ ကားလ် ဒါးလိုးဝ်နဲ့ အီယန် မက်စလီယာတို့ ထွက်ခွာသွားကြတာကြောင့် အဲလန်ရုတ်ဒ်ဟာ ထရက်ဖို့ဒ် အတွက် ရေကြည်ရာ မြက်နုရာ ဖြစ်လာနိုင်ပါတယ်။

“ဂျိမ်းစ် အကြောင်းကို ကျွန်တော် ကောင်းကောင်း သိပါတယ်။ အသက် ၂၃ နှစ်အောက် အသင်းမှာ ကျွန်တော် နည်းပြတုန်းက သူက ကျွန်တော့် ဂိုးသမားပါပဲ။ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်ထားတဲ့ အချိန်မှာတော့ အခုဖြစ်ဖြစ်၊ ဇန်နဝါရီမှာ ဖြစ်ဖြစ် ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ စောင့်ကြည့်ရမှာပေါ့။ လက်ရှိအချိန် မှာတော့ သူဟာ ကျွန်တော် တို့ရဲ့ ဂိုးသမား တစ်ယောက်ပါပဲ”လို့ ထရက်ဖို့ဒ်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ မာရက်စကာက သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်