နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ကိုးလ် ပါးလ်မားက ချဲလ်ဆီး အတွက် အရေးပါတဲ့ ထောက်တိုက် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေတဲ့ အလွန်ဆို | ပရီးမီးယားလိဂ်

ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ဘောလုံးရာသီက ဒဏ်ရာ ပြဿနာတွေကြောင့် ကိုးလ် ပါးလ်မား တစ်ယောက် မျှော်မှန်းထား သလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ် ကလပ်ရဲ့ နည်းပြသစ် ဇာဘီ အလွန်ဆို ကတော့ ဒီကွင်းလယ် ဖန်တီးရှင်ဟာ လာမယ့် ရာသီ အသင်း အတွက် အရေးပါတဲ့ အဓိက ထောက်တိုင် ဖြစ်လာလိမ့်မယ်လို့ အပြည့်အဝ ယုံကြည်နေပါတယ်။

အလွန်ဆိုရဲ့ အမြင်မှာ ပါးလ်မားဟာ “ထူးခြားတဲ့ ပါရမီရှင်”တစ်ယောက် ဖြစ်ပြီး အသင်း အတွက် မရှိမဖြစ် ကစားသမားလို့ သတ်မှတ်ထားတာပါ။ တကယ်တော့ ပါးမားဟာ ၂၀၂၃-၂၄ သူ့ရဲ့ ပထမဆုံး ရာသီမှာတင် ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ် ၃၃ ပွဲ ကစား၊ ၂၂ ဂိုးသွင်း၊ ၁၁ ဂိုး ဖန်တီးပေးပြီး ခြေစွမ်းပြခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး ကနေ အပြောင်းအရွှေ့လုပ်ကတည်းက တွက်ရင် သူဟာ ချဲလ်ဆီး အတွက် ၁၃၁ ပွဲမှာ ၅၄ ဂိုးသွင်း၊ ၃၁ ဂိုး ဖန်တီး (စုစုပေါင်း ဂိုးပါဝင်ပတ်သက်မှု ၈၅ ဂိုး) အထိ ပြုလုပ်ပေးထားပြီး အသင်းကို ကလပ် ကမ္ဘာ့ဖလားနဲ့ ကွန်ဖရင့်လိဂ်ဖလားတွေ ရရှိအောင် ကူညီပေးခဲ့သူပါ။

စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်လာကတည်းက ပရီးမီးယားလိဂ်မှာ သူ့ထက် ဂိုးပါဝင်ပတ်သက်မှု ပိုများတာ ဆိုလို့ အာလင်း ဟာလန်း (၉၂ ဂိုး)၊ မိုဟာမက် ဆာလာ (၈၉ ဂိုး) နဲ့ အိုလီ ဝက်ကင်းစ် (၇၅ ဂိုး) တို့ပဲ ရှိပြီး ပါးလ်မား ကတော့ ၆၇ ဂိုး (၄၇ ဂိုးသွင်း၊ ၂၀ ဂိုးဖန်တီး) နဲ့ စတုတ္ထမြောက် အများဆုံး ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရာသီ ကတော့ အသက် ၂၄ နှစ် အရွယ် ပါးလ်မား အတွက် ကံမကောင်းခဲ့ပါဘူး။ ဒဏ်ရာတွေ ဆက်တိုက်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ၁၀ ဂိုးပဲ သွင်းနိုင်ပြီး ဂိုးဖန်တီးမှု ၁ ကြိမ်ပဲ လုပ်နိုင်ခဲ့သလို ချန်ပီယံလိဂ် မှာလည်း ၄ ပွဲပဲ ကစားခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန် အသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်း ကနေပါ ချန်လှပ်ခံခဲ့ရပါတယ်။

ဒဏ်ရာတွေ ဆက်တိုက်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ၁၀ ဂိုးပဲ သွင်းနိုင်ပြီး ဂိုးဖန်တီးမှု ၁ ကြိမ်ပဲ လုပ်နိုင်ခဲ့သလို ချန်ပီယံလိဂ် မှာလည်း ၄ ပွဲပဲ ကစားခွင့်ရခဲ့ပါတယ်။
ပါးလ်မားကို ပိုမို အားကိုးသွားမယ့် ဇာဘီ အလွန်ဆို

ဒါပေမယ့် ရာသီကြို လေ့ကျင့်ရေးဆင်းနေတာကို စောင့်ကြည့်ပြီးနောက်မှာတော့ အလွန်ဆိုက ပါးလ်မား တစ်ယောက် ခြေစွမ်းပြလာဦးမှာ သေချာတယ်လို့ အခုလို ပြောသွားပါတယ်။ “ကျွန်တော်တို့ လေ့ကျင့်ရေး အနည်းငယ် ဆင်းပြီးပါပြီ။ ပထမဆုံးနေ့ကတည်းက သူဟာ ထူးခြားတဲ့ ပါရမီရှင်၊ ထူးခြားတဲ့ ကစားသမား ဆိုတာ မြင်သာပါတယ်။ ဒီလို ကစားသမားမျိုး ရဖို့က မလွယ်ဘူး။ သူ့ရဲ့ အရည်အသွေးနဲ့ သူဘယ်လို ကစားချင်လဲ၊ အကွက်အကွင်းကျကျ ဘယ်လို ဆုံးဖြတ်ချက်ချလဲ ဆိုတာ ချက်ချင်း သတိထားမိတယ်။ သူက စိတ်ဓာတ်ပိုင်းရော အခြေအနေပါ ကောင်းကောင်းနဲ့ ရာသီသစ်မှာ ခြေစွမ်းပြဖို့ ရောက်လာတာကို ဝမ်းသာပါတယ်။ ကျွန်တော်တို့လည်း သူ့ဆီက အကောင်းဆုံးခြေစွမ်း ထွက်လာအောင် လုပ်ပေးဖို့ စောင့်မျှော်နေပါတယ်။ အသင်းကို တည်ငြိမ်ပြီး တောင့်တင်းအောင် တည်ဆောက်နိုင်ရင် သူဟာ တိုက်စစ်ပိုင်းမှာ အဓိက ကစားသမား ဖြစ်လာမှာ သေချာပါတယ်။” လို့ အလွန်ဆိုက ပြောပါတယ်။

တစ်ဖက်မှာလည်း ပါးလ်မားက အဓိကနေရာမှာ ဆက်ရှိနေမှာ ဖြစ်ပေမယ့် အာဂျင်တီးနား တွဲဖက်တွေ ဖြစ်တဲ့ အန်ဇို ဖာနန်ဒက်စ်နဲ့ အလက်ဟန်ဒရို ဂါနာချို တို့ရဲ့ အနာဂတ် ကတော့ မရေမရာ ဖြစ်နေပါတယ်။ နည်းပြ အလွန်ဆိုက အန်ဇိုကို အသင်းမှာ ဆက်ထိန်းချင်ပေမယ့် သူတို့ နှစ်ဦးကြား ဆွေးနွေးမှု ကိုတော့ အသေးစိတ် မပြောပါဘူး။ ဂါနာချို ကတော့ ချဲလ်ဆီး ကနေ ထွက်ခွာဖို့ များနေပါတယ်။

“လောလောဆယ် အခြေအနေကတော့ အားကစား ဒါရိုက်တာတွေနဲ့ စကားပြောထားပြီးပါပြီ။ သူ့ကို ခေါ်ချင်တဲ့ အသင်းတွေ ရှိနေပါတယ်။ ဒါကြောင့် ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် အားလုံး အတွက် အကောင်းဆုံး ပုံစံမျိုးနဲ့ အဆုံးသတ်နိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ ဂါနာချိုရဲ့ အခြေအနေကို အလွန်ဆိုက ရှင်းပြခဲ့ပါတယ်။

လက်ရှိ မှာတော့ အီတလီ ကလပ် ရိုးမား အသင်းက ဂါနာချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အငှားစာချုပ် အပြင် အပြီးသတ် ဝယ်ယူခွင့် ပါဝင်မယ့် သဘောတူညီချက်မျိုးကို ပိုပြီး လိုလားနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်