နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

၂၀၂၆ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် တက်သွားတဲ့ အသင်းကြီး ၄ သင်း အပေါ် အဆင့် သတ်မှတ်ကြည့်ခြင်း

ကမ္ဘာ့ဖလား ချန်ပီယံဟောင်း ၄ သင်း စုံစုံလင်လင်နဲ့ တက်လာတဲ့ ဒီနှစ် ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ကတော့ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းနေပါပြီ။ ဒါပေမယ့် ဒီ ၄ သင်းရဲ့ အခြေအနေကို ကြည့်ရင်တော့ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ ထိပ်သီး နှစ်သင်းနဲ့ ရုန်းကန်ရင်းနဲ့ ဆီမီးဖိုင်နယ်ထဲ ကံကောင်းလို့ ပါလာတဲ့ နှစ်သင်း ဆိုပြီး သိသိသာသာ ကွဲပြားနေတာ တွေ့ရပါလိမ့်မယ်။

အင်္ဂလန် နည်းပြ သောမတ်စ် တူချယ်က “ အခုအဆင့်မှာ ဘယ်သူကမှ ပိုပြီး ရေပန်းစားတယ်လို့ ပြောလို့ မရတော့ဘူး” လို့ ဆိုထားပေမယ့် လက်ရှိခြေစွမ်းတွေ အရတော့ အဆင့် ၁ ကနေ ၄ အထိ အခုလိုပဲ အဆင့် သတ်မှတ်ရမှာ ဖြစ်ပါတယ်။

 

၄။ အာဂျင်တီးနား

  • အုပ်စု ပွဲစဉ်များ: အယ်လ်ဂျီးရီးယား (၃–၀)၊ ဩစတြီးယား (၂–၀)၊ ဂျော်ဒန် (၃–၁)
  • ၃၂ သင်းအဆင့်: ကိပ်ဗာဒီ (၃–၂)
  • ၁၆ သင်းအဆင့်: အီဂျစ် (၃–၂)
  • ကွာတားဖိုင်နယ်: ဆွစ်ဇာလန် (၃–၁)

ဒဏ်ခံနိုင်ရည် ရှိတာလား၊ ဒါမှမဟုတ် သတိလက်လွတ် ဖြစ်လွန်းတာလား။ ပြိုင်ပွဲဝင် စိတ်ဓာတ် ပြင်းထန်တာလား၊ ဒါမှမဟုတ် အမြဲတမ်း ပေါ့ဆတတ်တာလား။ အခု ရှုံးထွက်အဆင့်က အာဂျင်တီးနား အသင်းကို ကြည့်ရတာ ရှေ့နောက်မညီဘဲ ဝေခွဲရခက်ပေမယ့် သူတို့ဟာ ကမ္ဘာ့ဖလားမှာ နှစ်ကြိမ် ဆက်တိုက် ဆီမီးဖိုင်နယ် အဆင့် ကိုတော့ အရောက်လှမ်းနိုင်ခဲ့ပြန်ပါပြီ။

ဆွစ်ဇာလန်နဲ့ ပွဲမှာ လီယွန်နယ် မက်ဆီ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အသင်းရဲ့ တိုက်စစ် ကစားကွက် အားလုံးဟာ ဒီဝါရင့် ကစားသမားကြီးဆီကပဲ မြစ်ဖျားခံခဲ့တာပါ။ အီဂျစ်ကို ကပ်နိုင်ခဲ့တဲ့ ပွဲတုန်းကလိုပဲ ဒီပွဲ ဟာလည်း အငြင်းပွားစရာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ အီဂျစ် နည်းပြ ဟိုဆမ် ဟာဆန် စွပ်စွဲခဲ့သလို “ ဖီဖာက အာဂျင်တီးနားကို ဘက်လိုက်နေတယ်” ဆိုတဲ့ အမြင်မျိုးဟာ ဆွစ်ဇာလန်နဲ့ ပွဲပြီးမှာလည်း ပျောက်ပျက်သွားဦးမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ဒါဟာ တကယ်ပဲ အာဂျင်တီးနားကို ဗိုလ်လုပွဲ ပေးတက်ချင်တဲ့ ဖီဖာရဲ့ လျှို့ဝှက်စီမံကိန်းကြောင့်လား ဆိုရင်တော့ မဟုတ်တန်ပါဘူး။ ဘာလို့လဲ ဆိုတော့ အာဂျင်တီးနားရဲ့ ဟာကွက်တွေ အပြည့်နဲ့ ခံစစ်တန်း ကတော့ ဒီစီမံကိန်းထဲ ပါဝင်ပုံမရဘဲ အမြဲလိုလို ဂိုးတွေ ပေးနေရလို့ပါပဲ။

 

၃။ အင်္ဂလန်

  • အုပ်စု ပွဲစဉ်များ: ခရိုအေးရှား (၄–၂)၊ ဂါနာ (၀–၀)၊ ပနားမား (၂–၀)
  • ၃၂ သင်းအဆင့်: ဒီအာကွန်ဂို (၂–၁)
  • ၁၆ သင်းအဆင့်: မက္ကဆီကို (၃–၂)
  • ကွာတားဖိုင်နယ်: နော်ဝေ (၂–၁)

နော်ဝေနဲ့ ကွာတားဖိုင်နယ် မတိုင်ခင်မှာ အင်္ဂလန်ကို အားလုံးက တိုက်စစ်ဖွင့် ကစားဖို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့် နည်းပြ သောမတ်စ် တူချယ်ရဲ့ အသင်းဟာ ဒီနွေရာသီရဲ့ အဆိုးရွားဆုံး၊ အားမရစရာ အကောင်းဆုံး ခြေစွမ်းမျိုးနဲ့ တုံ့ဆိုင်းနေခဲ့ပါတယ်။ ဂျာမန် နည်းပြ ကိုယ်တိုင် ဝန်ခံခဲ့သလို အချိန်ပို အထိ ကစားပြီး ၂-၁ နဲ့ နိုင်ခဲ့တာဟာ “ကံကောင်းလို့” သက်သက်ပါပဲ။

မက္ကဆီကိုနဲ့ ပွဲတုန်းက ပွဲတွင်း လူစားလဲမှုတွေ ကောင်းမွန်ခဲ့လို့ ချီးကျူးခံခဲ့ရပေမယ့်၊ ဒီပွဲမှာတော့ တူချယ်ရဲ့ လူစားလဲမှုတွေဟာ ကယောက်ကယက် ဖြစ်နေခဲ့ပါတယ်။ လူစားဝင်လာတဲ့ ဂျက် စပန့်စ် ခြေစွမ်းပြခဲ့တာ ကောင်းပေမယ့်၊ ဒီကလန် ရိုက်စ် နေရာမှာ အီဘီရီချီ အက်ဇေးကို ထည့်သွင်းခဲ့တာ ကတော့ အင်္ဂလန်ရဲ့ ကွင်းလယ်ကို လုံးဝ အသက်ပျောက်သွားစေခဲ့ပါတယ်။ တကယ်လို့ နည်းပြမှာသာ ကြိုတင် အစီအစဉ် ရှိခဲ့ရင်တောင် အဲဒီအစီအစဉ်ဟာ လုံးဝ မအောင်မြင်ခဲ့ဘူးလို့ ပြောရမှာပါ။

တချို့က အင်္ဂလန်ရဲ့ ကံတရား ကုန်ဆုံးတော့မယ်လို့ ထင်နေကြပေမယ့် အသင်းခေါင်းဆောင် ဟယ်ရီကိန်း ကတော့ ဒီလို ခြေစွမ်းမကောင်းဘဲ နိုင်ခဲ့တာကို အကောင်းမြင်နေပါတယ်။ ကိန်းက “ ကျွန်တော်တို့ အကောင်းဆုံး ခြေစွမ်းမပြနိုင်သေးဘဲ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ရောက်လာတာပါ။ ဗုဒ္ဓဟူးနေ့ပွဲ မှာသာ ကျွန်တော်တို့ ပုံစံကောင်း ပြန်ရှာတွေ့ရင် ဒါဟာ ချန်ပီယံ ဖြစ်ဖို့ အဆုံးအဖြတ် ဖြစ်သွားနိုင်ပါတယ်” လို့ ဆိုပါတယ်။ ကံကောင်းတာ တစ်ခု ကတော့ ဗုဒ္ဓဟူးနေ့ ဆီမီးဖိုင်နယ်မှာ အင်္ဂလန် ရင်ဆိုင်ရမယ့် အာဂျင်တီးနားဟာ သူတို့ထက်တောင် ပိုပြီး စုဖွဲ့မှုပျက်နေတဲ့ အသင်း ဖြစ်နေတာပါပဲ။

 

၂။ စပိန်

  • အုပ်စုပွဲစဉ်များ: ကိပ်ဗာဒီ (၀–၀)၊ ဆော်ဒီအာရေဗျ (၄–၀)၊ ဥရုဂွေး (၁–၀)
  • ၃၂ သင်းအဆင့်: ဩစတြီးယား (၃–၀)
  • ၁၆ သင်းအဆင့်: ပေါ်တူဂီ (၁–၀)
  • ကွာတားဖိုင်နယ်: ဘယ်လ်ဂျီယံ (၂–၁)

စပိန် အသင်းဟာ တွက်ချက်မှုတွေ အပြည့်နဲ့ ကစားတဲ့ သူတို့ရဲ့ လက်ရှိ ကစားကွက်ကြောင့် ပရိသတ်တွေကို သိပ်ပြီး စိတ်လှုပ်ရှားအောင် မလုပ်နိုင်ခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် နည်းပြ လူးဝစ် ဒီလာဖွန်တေး ကတော့ ပရိသတ် အသည်းကျော်ဖြစ်ဖို့ထက် ပွဲနိုင်ဖို့ကိုပဲ အဓိက အာရုံစိုက်နေတဲ့သူပါ။

လက်ရှိမှာ လာမင်း ယာမားလ်က ကြံ့ခိုင်မှု အပြည့်မရှိသေးဘူး၊ နီကို ဝီလီယမ်စ် ကလည်း ပုံစံကောင်း မရသေးသလို၊ ပတ်ဒရီ ရဲ့ အထိမခံတဲ့ ကစားသမားဘဝ အရည်အသွေး ကလည်း နည်းနည်း ကျဆင်းနေပါတယ်။ ဒါပေမယ့် စပိန်ဟာ ဘာပြဿနာမှ မရှိဘဲ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အထိကို အေးအေးလူလူ တက်လှမ်းလာနိုင်ခဲ့တာပါ။

လက်ရှိ ယူရိုချန်ပီယံ စပိန် အသင်းဟာ ဒီနှစ် ကမ္ဘာ့ဖလားမှာ ပြိုင်ဘက်ကို ဦးဆောင်ဂိုး တစ်ကြိမ်မှ အပေးခံထားရသေးတာ မရှိသလို၊ အုပ်စု ပထမပွဲ ကိပ်ဗာဒီနဲ့ သရေကျခဲ့တာက လွဲရင် ကျန်တဲ့ပွဲတွေကို ပုံမှန်အချိန်အတွင်းမှာပဲ အနိုင်ယူခဲ့တာပါ။ အဲဒီတုန်းက ကိပ်ဗာဒီနဲ့ သရေကျခဲ့တဲ့ ရလဒ်ဟာ အခုအချိန်မှာ ပြန်ကြည့်ရင် မဆိုးဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကိပ်ဗာဒီဟာ ဒီပြိုင်ပွဲရဲ့ အံ့အားသင့်စရာ အသင်းကောင်း တစ်သင်း ဖြစ်ခဲ့လို့ပါပဲ။ အခုအချိန်မှာ စပိန် အသင်း ပိုပြီး တောက်ပြောင်လာဖို့ ဆိုရင် ယာမယ် ဆီကနေ အကောင်းဆုံး ခြေစွမ်းတွေ မြင်တွေ့ရဖို့ လိုအပ်ပါတယ်။

 

၁။ ပြင်သစ်

  • အုပ်စုပွဲစဉ်များ: ဆီနီဂေါ (၃–၁)၊ အီရတ် (၃–၀)၊ နော်ဝေ (၄–၁)
  • ၃၂ သင်းအဆင့်: ဆွီဒင် (၃–၀)
  • ၁၆ သင်းအဆင့်: ပါရာဂွေး (၁–၀)
  • ကွာတားဖိုင်နယ်: မော်ရိုကို (၂–၀)

ပြင်သစ်မှာ ရှိတဲ့ ကြယ်ပွင့် ကစားသမား အင်အားကို ကြည့်ရင် သူတို့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို သုံးကြိမ်ဆက်တိုက် တက်လှမ်းနိုင်တာဟာ “ပုံမှန်နဲ့ သဘာဝကျတဲ့ အရာ” လို့ နည်းပြ ဒီဒီယေ ဒက်စ်ရွှမ့်စ်က ဝန်ခံထားပါတယ်။ ဒါပေမယ့် သူကပဲ ဒါကို လက်တွေ့ဖြစ်အောင် လုပ်ဖို့ဆိုတာ ခံယူချက်ရှိမှ ရတာပါ” လို့ ချက်ချင်း ထောက်ပြခဲ့ပါတယ်။

ပြင်သစ်မှာ ရှိတဲ့ ကြယ်ပွင့် ကစားသမား အင်အားကို ကြည့်ရင် သူတို့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို သုံးကြိမ်ဆက်တိုက် တက်လှမ်းနိုင်တာဟာ “ပုံမှန်နဲ့ သဘာဝကျတဲ့ အရာ" လို့ နည်းပြ ဒီဒီယေ ဒက်စ်ရွှမ့်စ်က ဝန်ခံထားပါတယ်။
ပြီးခဲ့တဲ့ နှစ်ကြိမ်ဆက် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ထားခဲ့တဲ့ ပြင်သစ်

တကယ်လည်း ပြင်သစ်ဟာ တခြား အသင်းတွေထက် ပိုပြီး လှပ တောက်ပြောင်တဲ့ ပုံစံနဲ့ ဒီအဆင့်ကို တက်လာခဲ့တာပါ။ အုပ်စု ပထမပွဲ ဆီနီဂေါနဲ့ ပွဲရဲ့ ပထမပိုင်းမှာပဲ စိတ်မပါလက်မပါ ကစားခဲ့တာက လွဲရင် ကျန်တဲ့ ပွဲစဉ်တစ်လျှောက်လုံး ပြင်သစ်ဟာ ပြိုင်ဘက်တွေကို တောက်လျှောက် အပြတ်အသတ် ချေမှုန်းလာခဲ့တာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ စပိန်နဲ့ မတွေ့ခင် အထိ ပြင်သစ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲတွေမှာ ဂိုးတစ်ဂိုးမှ မပေးရတော့ဘဲ ၈ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

ကီလီယန် အမ်ဘာပေးရဲ့ ပတ်ပတ်လည်မှာ ရှိနေတဲ့ ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှုကြောင့်ပဲ ပြင်သစ်ဟာ ခံစစ်ပိုင်း ကျစ်လျစ်မှုကို ထိန်းထားနိုင်ခဲ့ပါတယ်။ အရင်က ဒက်စ်ရွှမ့်စ် သုံးနေကျ ကွင်းလယ်လူ ၃ ယောက်၊ တိုက်စစ်မှူး ၃ ယောက် ပုံစံကနေ ခွဲထွက်ပြီး အခုဆိုရင် တိုက်စစ်မှူး ၄ ယောက် အထိ သုံးပြီး ကစားလာတာပါ။ အခုလို အပြောင်းအလဲနဲ့ ပတ်သက်ပြီး နည်းပြကြီးက “ဒါဟာ ကစားသမားတွေ တော်လို့ပါ၊ ဒါပေမယ့် ကျွန်တော်လည်း ကျွန်တော့် အလုပ်ကို သေချာလုပ်နိုင်ခဲ့လို့ နေမှာပါ။” လို့ ပြုံးရွှင်စွာနဲ့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်