အီတလီ ဂန္ထဝင် နောက်ခံလူကြီး ပေါ်လို မာလ်ဒီနီ တစ်ယောက် အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) ရဲ့ နည်းစနစ် ဒါရိုက်တာ အသစ် ဖြစ်လာခဲ့ပါပြီ။ ဒီခန့်အပ်မှု အပေါ် အီတလီ ဝါရင့် နည်းပြကြီး ဖေဘီယို ကာပယ်လို ကလည်း အလွန်ပဲ သဘောကျ ကျေနပ်လို့ နေပါတယ်။ အီတလီ အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ဝင်ခွင့် လွဲချော်ခဲ့ရပြီးတဲ့ နောက်ပိုင်း အသင်းကို အကြီးအကျယ် ပြန်လည် တည်ဆောက်ရေးတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။ အခုတော့ အဲဒီ ပြန်လည် တည်ဆောက်ရေး ပရောဂျက်ကို ဦးဆောင်ဖို့ အတွက် အီတလီရဲ့ အထင်ကရ တစ်ဦး ဖြစ်တဲ့ မာလ်ဒီနီကို နည်းစနစ် ဒါရိုက်တာ အဖြစ် တရားဝင် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ မာလ်ဒီနီဟာ ၂၀၃၀ ကမ္ဘာ့ဖလား အထိ သက်တမ်းရှိမယ့် ၄ နှစ် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်နဲ့ အင်္ဂလန် အသင်း နည်းပြဟောင်း ကာပယ်လို ကတော့ မာလ်ဒီနီဟာ ကမ္ဘာ့ဖလားမှာ ကျရှုံးခဲ့တဲ့ အီတလီ ဘောလုံးလောကကို အပြောင်းအလဲ အကြီးကြီးတွေ လုပ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
Football Italia ရဲ့ ဖော်ပြချက်အရ ကာပယ်လိုက La Gazzetta dello Sport သတင်းစာကို အခုလို ပြောခဲ့ပါတယ်။ “ဒီအလုပ်ကို လုပ်ဖို့ သူ့ထက် တော်တဲ့သူ ဘယ်သူမှ မရှိပါဘူး။ ကျွန်တော် တကယ် ဝမ်းသာပါတယ်။ ပေါ်လို (မာလ်ဒီနီ) ဟာ သူတို့ အဖွဲ့ချုပ်ရဲ့ လိုချင်တဲ့စာရင်းမှာ ထိပ်ဆုံးကလူ ဖြစ်ပြီး အခုတော့ ရသွားပြီပေါ့။ သူဟာ ကျွန်တော်တို့ တကယ်ကို လိုအပ်နေတဲ့သူပါ။ အမျိုးသား အသင်း အတွက်ရော သူ့အတွက်ပါ ကျွန်တော် ဝမ်းသာမိတယ်။ သူက တည်ကြည်တယ်၊ အရည်အချင်းရှိတယ်၊ အသေးစိတ်ကို ဂရုစိုက်တတ်တယ်။ စကား အများကြီး မပြောဘဲ အလုပ်နဲ့ သက်သေပြတဲ့သူမျိုးပါ။ သူ့မှာ အတွေးအခေါ်တွေ ရှိပြီးသား ဖြစ်သလို ဘာလုပ်ရမလဲ ဆိုတဲ့ ပြတ်သားတဲ့ စီမံကိန်းလည်း စိတ်ထဲမှာ ရှိနေလောက်ပါပြီ။”

မာလ်ဒီနီဟာ အရင်ကလည်း အေစီမီလန် အသင်းမှာ အားကစား ဒါရိုက်တာ၊ အဲဒီနောက် ၂၀၁၉ ကနေ ၂၀၂၃ အထိ အခုလို နည်းစနစ် ဒါရိုက်တာ ရာထူးမျိုးတွေကို ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
“မီလန်မှာ သူ ဘာတွေ လုပ်ပြခဲ့လဲဆိုတာ အားလုံးအသိပဲလေ” လို့ ကာပယ်လိုက ဆက်ပြောပါတယ်။ “ သူက ခိုင်းတာ အကုန်လုပ်မယ့် ‘Yes man’ မျိုး မဟုတ်ဘူး။ အပြောင်းအလဲတွေ လုပ်ဖို့ လွတ်လပ်ခွင့် အပြည့်အဝ လိုချင်တဲ့သူ။ သူ့မှာ တိကျတဲ့ အစီအစဉ်ရှိပြီး အဲဒါကို လက်တွေ့ ဖြစ်လာအောင် လုပ်ချင်တာ။ ဒါက တကယ့်ကို အပေါင်းလက္ခဏာဆောင်တဲ့ အချက်ပါ။ အဲဒီလွတ်လပ်ခွင့်သာ မရရင် သူ ဒီရာထူးကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး။ သူလိုလူမျိုးက သူ့ရဲ့ အတွေးအခေါ်တွေကို ကောင်းကောင်း အသုံးချနိုင်ဖို့ လွတ်လပ်ခွင့် ပေးထားရမယ်။ စာချုပ်ကိစ္စ ငွေကြေးပိုင်း အတွက်တော့ သူ သိပ်ပြီး မကျေမနပ် ဖြစ်နေမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲတယ်။ သူ့စိတ်ထဲက အတွေးအခေါ်တွေကို လက်တွေ့ အကောင်အထည်ဖော်ခွင့် ရဖို့ ကသာ သူ့အတွက် ပိုအရေးကြီးတာပါ။ အဲဒီလို လုပ်ခွင့်ရရင်တော့ သူဟာ အဖွဲ့ချုပ် အတွက် တကယ့်ကို အသုံးဝင်မယ့်သူ ဖြစ်လာပါလိမ့်မယ်။”
လောလောဆယ် မှာတော့ အီတလီ အသင်းရဲ့ နည်းပြချုပ် အသစ် ဖြစ်လာဖို့ ရောဘတ်တို မန်ချီနီက ရေပန်းစားနေပါတယ်။ မန်ချီနီဟာ လွန်ခဲ့တဲ့ ၅ နှစ် (၂၀၂၁) တုန်းက အီတလီကို ယူရို ၂၀၂၀ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့ဖူးပေမယ့်၊ ၂၀၂၃ ခုနှစ် ဩဂုတ်လ မှာတော့ အီတလီ အသင်းကို ရုတ်တရက် စွန့်ခွာပြီး ဆော်ဒီအာရေဗျ အသင်းကို ပြောင်းလဲ ကိုင်တွယ်ခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရသူ ဖြစ်ပါတယ်။
ဘယ်သူ့ကို နည်းပြအဖြစ် ခန့်စေချင်လဲလို့ ကာပယ်လိုကို မေးမြန်းတဲ့ အခါမှာတော့ သူက “ ကျွန်တော် အရင်ကတည်းက ပြောဖူးသလို (အန်တိုနီယို) ကွန်တီ ပေါ့ဗျာ။ သူက အီတလီ အသင်းနဲ့ ကောင်းကောင်း လုပ်ပြနိုင်ခဲ့ဖူးတယ်။ မန်စီနီ ကလည်း တော်တဲ့နည်းပြပါ၊ ဒါပေမယ့် အရေးကြီးတဲ့ ပွဲစဉ်တွေ ကစားရခါနီး ရက်ပိုင်း အလိုမှာ အမျိုးသား အသင်းကို ပစ်ချပြီး ထွက်သွားခဲ့တာမျိုး ကတော့ မေ့ပစ်ဖို့ သိပ်ခက်ခဲလွန်းပါတယ်။” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


