နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

“ကမ္ဘာ့ဖလား ကနေ ထွက်ခဲ့ရပေမယ့် မော်ရိုကိုရဲ့ ရှေ့ရေးကတော့ လှပလာဦးမှာပါ” – ဝါဘီ

မော်ရိုကို အသင်းဟာ သူတို့ရဲ့ ဒုတိယမြောက် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ပြင်သစ် အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ရပေမယ့် နည်းပြ မိုဟာမက် ဝါဘီ ကတော့ သူ့ရဲ့ ကစားသမားတွေ အတွက် ဂုဏ်ယူနေဆဲ ဖြစ်ပါတယ်။

အခု ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကိုသာ အခြေခံပြီး ရှေ့ဆက်သွားနိုင်မယ် ဆိုရင် မော်ရိုကို အသင်းရဲ့ အနာဂတ်ဟာ တကယ့်ကို “လှပ” လာလိမ့်မယ်လို့ ကွာတားဖိုင်နယ် ကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြ ဝါဘီက အပိုင်တွက် ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဘော့စတွန်ကွင်းကြီးထဲမှာ မော်ရိုကို အသင်းဟာ ပြင်သစ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ပြင်သစ် ကတော့ ဆီမီးဖိုင်နယ်မှာ စပိန် ဒါမှမဟုတ် ဘယ်လ်ဂျီယံနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ တကယ်တော့ မော်ရိုကို အသင်းဟာ အုပ်စုအဆင့်တုန်းက ဘရာဇီးလ်နဲ့ သရေကစားခဲ့သလို၊ ရှုံးထွက်အဆင့်တွေ မှာလည်း နယ်သာလန်နဲ့ ကနေဒါ တို့ကို အိမ်ပြန်ပို့ခဲ့တာကြောင့် ပြိုင်ပွဲရဲ့ ရေပန်းအစားဆုံး ပြင်သစ် အသင်းကို ဒုက္ခပေးနိုင်လိမ့်မယ်လို့ လူအများက ခန့်မှန်းခဲ့ကြတာပါ။

ဒါပေမယ့် ပွဲထဲမှာတော့ မော်ရိုကိုတို့ တစ်ပွဲလုံးမှ ဂိုးကန်ချက် ၅ ကြိမ်ပဲ လုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်တာ ၁ ကြိမ်ပဲ ရှိခဲ့ပါတယ်။ အဲဒီ ကန်ချက်တွေရဲ့ ဂိုးရနိုင်ခြေ မျှော်မှန်းချက် (xG) စုစုပေါင်း ကလည်း ၀.၁၄ ပဲ ရှိခဲ့တာပါ။ တစ်ဖက် မှာတော့ ပြင်သစ် အသင်းက ဂိုးကန်ချက် ၂၂ ကြိမ်အထိ ရှိခဲ့ပြီး (xG) တန်ဖိုး ၃.၀၄ အထိ ရှိခဲ့လို့ အပြတ်အသတ် ကွာခြားခဲ့ပါတယ်။

အထူးသဖြင့် ပထမပိုင်းမှာ ပြင်သစ် အသင်းဟာ မော်ရိုကိုထက် ဂိုးကန်ချက် ၁၂ ကြိမ် အထိ ပိုများခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် (၁၉၆၆ နောက်ပိုင်း) ရှုံးထွက် အဆင့် ပထမပိုင်း ပွဲစဉ်တွေထဲမှာ သွင်းဂိုးကန်ချက် ကွာခြားချက် ဒုတိယအများဆုံး စံချိန် ဖြစ်ပါတယ်။ အများဆုံး ကတော့ ၁၉၉၄ ဆီမီးဖိုင်နယ်တုန်းက ဘရာဇီးလ် (၁၇ ကြိမ်) နဲ့ ဆွီဒင် (၁ ကြိမ်) တို့ပွဲစဉ်ပဲ ဖြစ်ပါတယ်။

မော်ရိုကို အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းကလည်း နည်းပြ ဝါလစ် ရက်ဂရာဂီ လက်ထက်မှာ ဆီမီးဖိုင်နယ် အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ပြင်သစ် အသင်းကြောင့်ပဲ ပြိုင်ပွဲ ကနေ ထွက်ခဲ့ရဖူးပါတယ်။ ဒါပေမယ့် နည်းပြ ဝါဘီ ကတော့ သူ့အသင်းရဲ့ ယှဉ်ပြိုင်ကစားပုံ အပေါ် ဂုဏ်ယူနေပြီး အမ်ဘာပေးရဲ့ အဖွင့်ဂိုး မရခင် စက္ကန့်ပိုင်း အလိုမှာ ပြင်သစ် ကွင်းလယ်လူ အက်ဒရီယန် ရာဘီယော့တ် လက်ထိဘော ဖြစ်ခဲ့တာကို ဒိုင်လူကြီးတွေ ပြစ်ဒဏ်မပေးခဲ့လို့ ကံဆိုးခဲ့ရတာ ဖြစ်နိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။

“ကျွန်တော်တို့ အသင်းကောင်း တစ်သင်းနဲ့ ကစားခဲ့ရတယ်ဆိုတာ ဝန်ခံရပါမယ်။ ပထမပိုင်းမှာ တော်တော်လေး ရုန်းကန်ခဲ့ရပြီး ဂိုးသမား ဘိုနိုရဲ့ ပင်နယ်တီ ကာကွယ်မှုကြောင့် သက်သာရာရခဲ့တာပါ။ ဒုတိယပိုင်း မှာတော့ ခံစစ်ကို ပိုပြီး စနစ်တကျ ကစားနိုင်ခဲ့သလို ဘောလုံးရချိန်မှာလည်း ပိုပြီး တည်တည်ငြိမ်ငြိမ် ရှိလာခဲ့လို့ ပထမပိုင်းထက် အများကြီး ပိုကောင်းလာပါတယ်။ ပထမပိုင်း မှာတော့ ကစားသမားတွေ မောဟိုက်ပြီး အသက်ရှူရကျပ်နေသလို ဖြစ်ခဲ့တာပါ” လို့ ဝါဘီက beIN Sports ကို ပြောပါတယ်။

“ပြင်သစ်တို့ ရသွားတဲ့ အဖွင့်ဂိုးက တချို့ ဒိုင်လူကြီးတွေ ဆိုရင် လက်ထိဘော မြင်လို့ ပွဲရပ်လိုက်မယ့် အနေအထားမျိုးပါ။ လက်ထိသွားတာတော့ သေချာတယ်၊ ဒါပေမယ့် ဖုန်းခေါ်ပြီး အပြစ်ပေးရမလား၊ မပေးရဘူးလား ဆိုတာတော့ ကျွန်တော်လည်း သေချာမသိပါဘူး။ အဲဒီနောက် မှာတော့ အမ်ဘာပေးရဲ့ တစ်ကိုယ်တော် ခြေစွမ်းပြမှုနဲ့ အတူ ဂိုးဝင်သွားခဲ့တာပါ” လို့ ၎င်းက ဆိုပါတယ်။

မော်ရိုကို အသင်းဟာ သူတို့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲ ၅ ကြိမ် (၁၉၇၀၊ ၁၉၉၄၊ ၁၉၉၈၊ ၂၀၁၈) မှာ အုပ်စု အဆင့် ကနေ ၄ ကြိမ် ထွက်ခဲ့ရပြီး၊ ၁၉၈၆ ခုနှစ် မှာတော့ ၁၆ သင်း အဆင့် အထိ ရောက်ခဲ့ဖူးပါတယ်။ အဲဒီနောက် ၂၀၂၂ ကမ္ဘာ့ဖလားမှာ စတုတ္ထနေရာ ရခဲ့သလို အခုတစ်ခါမှာလည်း အကောင်းဆုံး ၈ သင်း အဆင့် အထိ ရောက်ရှိလာခဲ့တာပါ။

၂၀၂၅ ခုနှစ်တုန်းက မော်ရိုကို ယူ-၂၀ အသင်းကို ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့ဖူးတဲ့ နည်းပြ ဝါဘီ ကတော့ သူ့ရဲ့ သားတပည့်တွေရဲ့ အနာဂတ်ဟာ တောက်ပနေဆဲလို့ ယုံကြည်နေပါတယ်။ “အခုလို ပြိုင်ပွဲက ထွက်လိုက်ရတာ စိတ်မကောင်းစရာ ဆိုပေမယ့် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး ယုံကြည်နေရပါမယ်။ အခုရထားတဲ့ အခြေခံအုတ်မြစ်ပေါ်မှာပဲ အသင်းကို ဆက်ပြီး တည်ဆောက်သွားရမယ်။ အသင်းမှာ ဒဏ်ရာရတာတွေ၊ ကြံ့ခိုင်မှုပိုင်း အားနည်းတာတွေ ကြုံလာရရင် အစားထိုးနိုင်မယ့် ကစားသမား အရင်းအမြစ် ပိုများလာအောင် လုပ်ရပါမယ်။ ကျွန်တော်တို့ ဆက်လျှောက်မှာပါ၊ ဒီနားမှာတင် ရပ်မနေပါဘူး။ အခု ရလဒ် အပေါ် တော်တော်လေး စိတ်ပျက်မိသလို ဒီထက် ပိုပြီး မျှော်လင့်ခဲ့ပေမယ့် အရှိကိုအရှိ အတိုင်း လက်ခံရပါမယ်။”

“ဒီအတိုင်းသာ ရှေ့ဆက်သွားရင် အနာဂတ် ကတော့ တကယ့်ကို လှပလာမှာပါ။ ဒါပေမယ့် ဒီနေ့ပွဲကို ကျွန်တော်တို့ မနိုင်ချင်ခဲ့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူးနော်။ နိုင်အောင်လည်း အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်၊ ဒါပေမယ့် အသင်းကောင်း တစ်သင်းနဲ့ သွားတိုးခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ယုံကြည်ချက် အပြည့် ရှိနေဆဲ ဖြစ်ပြီး အရှုံးသမားတွေလို စိတ်ဓာတ်ကျမနေပါဘူး။” လို့ နည်းပြ ဝါဘီက အားတက်သရော ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်