နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

“ဘယ်သူမှ ကျွန်တော်တို့ကို အထင်မကြီးခဲ့ကြဘူး” – ဟုမ်း | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကနေ တန်းပြန်ဆင်းရလိမ့်မယ်လို့ ခန့်မှန်းခြင်းခံခဲ့ရတဲ့ ဆန်းဒါးလန်း ကတော့ အားလုံးရဲ့ ခန့်မှန်းချက်တွေကို ရိုက်ချိုးပြီး ဥရောပဝင်ခွင့် ရရှိကာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ရာသီပိတ်ရက်ရဲ့ နောက်ဆုံး ပွဲစဉ်မှာ အံ့အားသင့်ဖွယ် ယူရိုပါလိဂ် ဝင်ခွင့် နေရာကို အရယူနိုင်ခဲ့ပြီးနောက် ဆန်းဒါးလန်း အသင်း အပေါ် သံသယဝင်ခဲ့ကြသူတွေကို မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့လို့ အလွန်ဝမ်းမြောက်မိကြောင်း ထရိုင်း ဟုမ်းက ပြောကြားခဲ့ပါတယ်။

မနေ့ညက အလင်းရောင်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဆန်းဒါးလန်းဟာ ဥရောပဝင်ခွင့် မျှော်လင့်ချက်တူ ပြိုင်ဘက် ချဲလ်ဆီးကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အဆင့် (၇) နေရာ အထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီး နောက်ခံလူ ဝက်စလေ ဖိုဖာနာ ဟာလည်း အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာတင် ဟုမ်းလ်က ရောဘတ် ဆန်းချက်ဇ်ရဲ့ အနီးတိုင်ဘက်ထဲကို Volley ကန်သွင်းပြီး ဆန်းဒါးလန်း အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ အဲဒီနောက် ဒုတိယပိုင်း အစမှာ မာလို ဂူစတိုရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိမှုကြောင့် ဆန်းဒါးလန်းတို့ နှစ်ဂိုးပြတ်နဲ့ အသာစီးရယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီး အသင်း အတွက် ပွဲချိန် ၅၆ မိနစ်မှာ ကိုးလ် ပါးလ်မားက ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူပေးခဲ့ပေမယ့် မိနစ် အနည်းငယ် အကြာမှာ ဖိုဖာနာ အနီကတ်ပြခံခဲ့ရလို့ ဆန်းဒါးလန်းတို့ ပွဲပြီးတဲ့ အထိ အနိုင်ရလဒ်ကို ထိန်းထားနိုင်ခဲ့ပြီး ကြောင်နက် ပရိသတ်တွေ အတွက် ရူးသွပ်မတတ် ပျော်ရွှင်မှုတွေကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပါတယ်။

 

သမိုင်းဝင် မှတ်တမ်းကောင်းတွေနဲ့ အတူ ဥရောပဆီသို့

၂၀၁၇ ခုနှစ် နောက်ပိုင်း ပရီးမီးယားလိဂ်ဆီ ပထမဆုံးအကြိမ် ပြန်လည် တက်လှမ်းလာတဲ့ ပထမဆုံး ရာသီမှာတင် ဆန်းဒါးလန်းဟာ ရမှတ် ၅၄ မှတ် အထိ ရရှိခဲ့ပါတယ်။ ဒါဟာ ၂၀၂၀-၂၁ ရာသီက ၅၉ မှတ် ရခဲ့တဲ့ လိဒ်စ်ယူနိုက်တက် ပြီးရင် တန်းတက် အသင်း တစ်သင်းရဲ့ အမြင့်ဆုံး ရမှတ် ဖြစ်လာခဲ့သလို၊ အဆင့် (၇) နဲ့ ရာသီပိတ်နိုင်ခဲ့တာ ကလည်း ၂၀၁၈-၁၉ ရာသီက ဝုဗ် (အဆင့် ၇) ပြီးရင် တန်းတက် အသင်း တစ်သင်းရဲ့ အကောင်းဆုံး ရာသီသိမ်း ရပ်တည်မှုလည်း ဖြစ်လာခဲ့ပါတယ်။

ဒါတွေထက် ပိုပြီးအရေးကြီးတာကတော့ လွန်ခဲ့တဲ့ ၄ နှစ်ခန့်ကမှ အင်္ဂလန် တတိယတန်းလိဂ် (လိဂ်ဝမ်း) မှာ ကစားခဲ့ရတဲ့ ဆန်းဒါးလန်းဟာ ၁၉၇၃-၇၄ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ဥရောပ ပွဲစဉ် ယှဉ်ပြိုင်ခွင့်ကို ဆန်းဒါးလန်းမြို့ဆီ ပြန်လည် သယ်ဆောင်လာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ကတည်းက အသင်းကို ရောက်ရှိလာပြီး အသင်းရဲ့ အဆင့်ဆင့်တိုးတက်မှု ခရီးစဉ်မှာ အဓိကကျတဲ့ ကစားသမား အဖြစ် ပါဝင်ခဲ့တဲ့ ဟုမ်း ကတော့ သူနဲ့ သူ့အသင်းဖော်တွေ ယခုရာသီမှာ စွမ်းဆောင်နိုင်ခဲ့တဲ့ အရာ အပေါ် မယုံနိုင်အောင် ဖြစ်နေရတာ တွေ့ရပါတယ်။

“ကွင်းလုံခြုံရေး ဝန်ထမ်း တစ်ယောက်က သူ့ဖုန်းထဲက တခြားကွင်းတွေရဲ့ ရလဒ်တွေကို လာပြဖို့ ကြိုးစားသေးတယ်၊ ဒါပေမယ့် 4G လိုင်းမမိလို့ ကြည့်မရခဲ့ပါဘူး။ အဲဒီနောက်မှပဲ ကျွန်တော်တို့ ဥရောပ ဝင်ခွင့် ရသွားပြီ ဆိုတာ သိလိုက်ရတာပါ” လို့ ဟုမ်းက BBC ရဲ့ Match of the Day အစီအစဉ်ကို ပြောပါတယ်။

၂၀၁၇ ခုနှစ် နောက်ပိုင်း ပရီးမီးယားလိဂ်ဆီ ပထမဆုံးအကြိမ် ပြန်လည် တက်လှမ်းလာတဲ့ ပထမဆုံး ရာသီမှာတင် ဆန်းဒါးလန်းဟာ ရမှတ် ၅၄ မှတ် အထိ ရရှိခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ ၅၄ မှတ် အထိ ရှာဖွေနိုင်ခဲ့တဲ့ ဆန်းဒါးလန်း

“အခုထိတော့ ရင်ထဲမှာ မယုံနိုင်သေးပါဘူး။ ရာသီမစခင်တုန်းက ဘယ်သူမှ ကျွန်တော် တို့ကို ပရီးမီးယားလိဂ်မှာ တန်းတင် ကျန်ရစ်မယ်လို့တောင် ထင်မထားကြတာ၊ ဥရောပ ဝင်ခွင့် ဆိုတာ ဝေလာဝေးပေါ့။ ကျွန်တော်တို့ ခြေကုန်လက်ပန်းကျတဲ့ အထိ အစွမ်းကုန် ကြိုးစားခဲ့ကြတာမို့ ဒီရလဒ်နဲ့ ထိုက်တန်ပါတယ်။ အသင်းရဲ့ နှလုံးသွေးကြော ဖြစ်ပြီး ခက်ခဲတဲ့ အချိန်တွေကို အတူတူ ဖြတ်သန်းပေးခဲ့ကြတဲ့ ပရိသတ်တွေကို အထူး ကျေးဇူးတင်ချင်ပါတယ်။ အပတ်တိုင်းမှာ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ကြတယ်။ ပရိသတ်တွေ ကလည်း အံ့ဩဖို့ကောင်းပြီး ကျွန်တော် တို့ကို အပို အင်အားတွေ ပေးခဲ့ကြပါတယ်။ ဒါဟာ သူတို့ရဲ့ အိမ်ကွင်းဖြစ်လို့ သူတို့ အတွက် ကျွန်တော်တို့ အစွမ်းကုန် ပေးဆပ် ကစားခဲ့ကြတာပါ။” လို့ ဟုမ်းက ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်က ပရီးမီးယားလိဂ်မှာ ကစားခွင့် ရဖို့က ကျွန်တော့် အိပ်မက်ဖြစ်ခဲ့လို့ တကယ်ကို စိတ်လှုပ်ရှားခဲ့ရပါတယ်။ ကျွန်တော်တို့ ဒီနေရာအထိ ရောက်လာပြီး ဥရောပဝင်ခွင့် ရလိမ့်မယ်လို့ မထင်ထားခဲ့မိပေမယ့် အခုတော့ လုပ်ပြနိုင်ခဲ့ပါပြီ။ လာမယ့် ရာသီ မှာလည်း အရာအားလုံးကို အစွမ်းကုန် ပုံအောသွားမှာပါ” လို့ ဟုမ်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

 

စံချိန်ကောင်းတွေနဲ့ အတူ တောက်ပခဲ့တဲ့ ဂရန်းနစ် ချာကာ

ဆန်းဒါးလန်းဟာ ၂၀၂၅-၂၆ ရာသီ အတွင်း ပထမ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာ တစ်ပွဲမှ မရှုံးနိမ့်ခဲ့တဲ့ အသင်း ၃ သင်းထဲက တစ်သင်း ဖြစ်လာခဲ့ပါတယ် (၁၃ ပွဲ ကစား၊ ၈ ပွဲ နိုင်၊ ၅ ပွဲ သရေ)။ ကျန်တဲ့ နှစ်သင်းကတော့ မိုက်ကယ် ကာရစ်ခ်ရဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဗစ်တာ ပါရဲရားရဲ့ နော့တင်ဟမ်ဖောရက်စ်တို့ ဖြစ်ပါတယ်။

ဒီအောင်မြင်မှုရဲ့ အဓိက သော့ချက်တွေထဲက တစ်ခု ကတော့ ပြီးခဲ့တဲ့နွေရာသီကမှ လေဗာကူဆင် ကနေ ဆန်းဒါးလန်းဆီ ပြောင်းရွှေ့ပြီး အင်္ဂလန်မြေကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့တဲ့ ဂရန်းနစ် ချာကာပဲ ဖြစ်ပါတယ်။ သူဟာ ချဲလ်ဆီးနဲ့ အကြိတ်အနယ် ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ရာသီပိတ် ပွဲစဉ်မှာ အသင်း အတွက် တကယ့်ကို အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့တာပါ။ ချာကာဟာ မနေ့ညက ပွဲမှာ တိကျတဲ့ ပေးပို့မှု အများဆုံး (၄၄ ကြိမ်)၊ ပြိုင်ဘက်ရဲ့ Final Third ထဲကို ပေးပို့မှု အများဆုံး (အကြိမ် ၂၀) နဲ့ ဖြတ်တင်ဘော အများဆုံး (၆ ကြိမ်) စတဲ့ မှတ်တမ်းကောင်းတွေနဲ့ အတူ အသင်းကို ပွဲပြီးတဲ့ အထိ ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ချာကာက သူ့ရဲ့ အမြင်ကို အခုလို ထပ်လောင်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော့်မှာ ပြောစရာ စကားလုံးတောင် မရှိတော့ပါဘူး။ ဒီရာသီမှာ ကျွန်တော်တို့ လုပ်ပြခဲ့တာတွေက တကယ်ကို မယုံနိုင်စရာပါပဲ။ အပတ်တိုင်း၊ ရက်တိုင်းမှာ ကလပ် အသင်းမှာ ရှိတဲ့ လူတိုင်းရဲ့ ပြင်းထန်တဲ့ ကြိုးစားမှု၊ ယုံကြည်ချက်နဲ့ ပေးဆပ်မှုတွေကြောင့်ပါ။

ဘယ်သူမှ မယုံကြည်ခဲ့တဲ့ အရာကို ကျွန်တော်တို့ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့လို့ တကယ်ကို ကျေးဇူးတင်မိပါတယ်။ ကျွန်တော် တို့ရဲ့ အိမ်ကွင်းမှာ ဆိုရင် ဘာမဆို ဖြစ်နိုင်တယ်ဆိုတာ သိထားပြီးသားပါ။ ကျွန်တော် တို့ရဲ့ အလုပ်ကို အရင်ဆုံး ပြီးအောင်လုပ်ပြီးမှ တခြားအသင်းတွေ ဘာဖြစ်နေလဲဆိုတာ စောင့်ကြည့်ဖို့ပဲ လိုခဲ့တာပါ” လို့ ချာကာက ရင်ဖွင့်သွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်