နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၂ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အလှပဆုံး သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ် ကတော့ မန်စီးတီးတို့ ဘုန်းမောက်ကို အနိုင်မရခဲ့ခြင်းနဲ့ အတူ ပွဲစဉ် ၃၈ မကစားခင်မှာပဲ ပရီးမီးယားလိဂ် ချန်ပီယံဆုကို တစ်ကျော့ပြန် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်က ပဲလေ့စ်နဲ့ နောက်ဆုံးပွဲ မကစားခင်မှာပဲ နှစ်ပေါင်း ၂၂ နှစ်တာ ကာလ အတွင်း သူတို့ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ချန်ပီယံဆုကို တရားဝင် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြ မီခဲလ် အာတေးတားရဲ့ အသင်းဟာ ချန်ပီယံဆုကို အပြိုင်လုနေတဲ့ မန်ချက်စတာစီးတီး အသင်း ဘုန်းမောက်ရဲ့ ဗိုက်တယ်လတီကွင်းမှာ သွားရောက် ရင်ဆိုင်ရမယ့် ပွဲကို တီဗီ ရှေ့ကနေ စိတ်လှုပ်ရှားစွာ စောင့်ကြည့်ခဲ့ကြပါတယ်။ အကြောင်းရင်း ကတော့ မန်စီးတီး ဘက်က အမှားအယွင်း အနည်းငယ်ရှိရုံနဲ့တင် သူတို့ မျှော်လင့်နေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိမှာ ဖြစ်လို့ပါပဲ။

အဲဒီပွဲစဉ်မှာ စီးတီးဇင် တို့ဟာ ချယ်ရီတွေနဲ့ ၁-၁ သရေကျခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ပွဲစဉ် တစ်ပွဲသာ ကျန်ရှိတော့တဲ့ အချိန်မှာ ပပ် ဂွါဒီယိုလာရဲ့ အသင်းက ဇယားထိပ်က ၈၂ မှတ်နဲ့ ဦးဆောင်နေတဲ့ အာဆင်နယ်ရဲ့ နောက် ၄ မှတ် အကွာကို ရောက်ရှိသွားခဲ့ပြီး သင်္ချာနည်းအရ လိုက်မှီဖို့ မဖြစ်နိုင်တော့တာကြောင့် အာဆင်နယ်တို့ ချန်ပီယံ ဖြစ်ခဲ့ရခြင်း ဖြစ်ပါတယ်။

ပွဲမကစားရဘဲ ကွင်းပြင်ပကနေ ကြည့်ရှုရင်း ချန်ပီယံ ဖြစ်ရတာဟာ ဂန်းနားတို့ အတွက် အိပ်မက်ဆန်တဲ့ အခြေအနေမျိုး မဟုတ်ပေမယ့် သူတို့ကတော့ ဒါကို လုံးဝ ဂရုစိုက်မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရာသီ ၃ ခုလုံးမှာ ဒုတိယလူ အဖြစ်နဲ့သာ ကျေနပ်ခဲ့ရတဲ့ အာဆင်နယ် တို့ဟာ အခုတော့ ချန်ပီယံ ဖြစ်ခွင့်ရခဲ့ပါပြီ။ နည်းပြ အာတေးတား အနေနဲ့လည်း နည်းပြ အဖြစ် ၆ ရာသီမြောက် ကိုင်တွယ်အပြီး မှာတော့ သူတို့ရဲ့ ပန်းတိုင်ကို အောင်မြင်စွာ ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

ဝေဖန်ကဲ့ရဲ့မှုတွေကြားက နှစ်ပေါင်း ၂၂ နှစ်ကြာ ဆာလောင်မှုကို အဆုံးသတ်နိုင်ခဲ့ခြင်း

အာဆင်နယ်တို့ ပရီးမီးယားလိဂ် ဖလားကို နောက်ဆုံးအကြိမ် ကိုင်မြှောက်နိုင်ခဲ့စဉ်က နည်းပြ အာစင်ဝင်းဂါး ဦးဆောင်ကာ ၂၀၀၃-၂၀၀၄ ရာသီမှာ သမိုင်းဝင် ရှုံးပွဲ မရှိ (Invincible) ချန်ပီယံ ဖြစ်ခဲ့စဉ်က ဖြစ်ပါတယ်။ ဂန်းနားတွေဟာ အဲဒီအချိန်က ၃၈ ပွဲစလုံး ရှုံးပွဲ မရှိဘဲ သူတို့ အတွက် ၁၃ ကြိမ်မြောက် ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ရိုလာကိုစတာလို အနိမ့်အမြင့် အတက်အကျ များစွာကို ဖြတ်သန်းခဲ့ရပြီး အခုတော့ သူတို့ ၂၂ နှစ်တိုင်တိုင် ကြိုးစားခဲ့ရတဲ့ မျှော်လင့်ချက်တွေ အကောင်အထည်ပေါ်ခဲ့ပြီလည်း ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် သေချာပေါက် အောင်ပွဲခံကြမှာ ဖြစ်ပေမယ့် အပြည့်အဝတော့ စိတ်လျှော့လို့ မရသေးပါဘူး။
ချန်ပီယံလိဂ် မှာလည်း ဗိုလ်စွဲဖို့ မျှော်လင့်နေတဲ့ အာဆင်နယ်

၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ အာတေးတား ရောက်ရှိမလာခင် အထိ ကစားသမားကောင်း များစွာနဲ့ နည်းပြ များစွာ ပြောင်းလဲခဲ့ရပါတယ်။ အာတေးတားရဲ့ ပရောဂျက် တစ်လျှောက်လုံးမှာ သံသယဖြစ်ဖွယ် ဝေဖန်မှုတွေ ရှိခဲ့ပြီး အခုရာသီ ဧပြီလ အတွင်း ၁၁ ရက်တာ ကာလ မှာတင် ၉ မှတ် အထိ အသာစီးရထားမှုကို ဖြုန်းတီးပစ်ခဲ့မိစဉ် ကလည်း ဝေဖန်မှုတွေ ပိုမိုပြင်းထန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အက်တီဟတ်ကွင်းမှာ မန်စီးတီးကို အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်ဟာ စိတ်ဓာတ်မကျဘဲ နိုင်ပွဲတွေဆီ ပြန်လည် ဦးတည်နိုင်ခဲ့ကာ နောက်ထပ် ၄ ပွဲ ဆက်တိုက် အနိုင်ရလဒ် ဖော်ဆောင်နိုင်ခဲ့ပါတယ်။ တစ်ဖက် မှာလည်း မန်စီးတီးက အဲဗာတန်၊ ဘုန်းမောက် တို့နဲ့ ပွဲတွေမှာ ရမှတ်တွေ လျော့ခဲ့ရတာကြောင့် လန်ဒန်မြောက်ပိုင်းဆီ ပရီးမီးယားလိဂ် ဖလား ပြန်လည် ရောက်ရှိလာဖို့ လုံလောက်တဲ့ အကြောင်းရင်း ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် အာတေးတားရဲ့ ကစားသမားတွေဟာ ပျင်းရိငြီးငွေ့ဖွယ် ကစားကွက် ပုံစံနဲ့ တည်ကန်ဘော (Set-piece) တွေ ကိုသာ အလွန်အကျွံ မှီခိုလွန်းတယ် ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါသေးတယ်။ ဒါပေမယ့် သူတို့ရဲ့ ရလဒ်ကောင်းတွေ ကိုတော့ ဘယ်သူမှ ငြင်းပယ်လို့ မရပါဘူး။ အာဆင်နယ်ဟာ ကျစ်လျစ် ခိုင်မာတဲ့ နောက်တန်း အပြင် ပရီးမီးယားလိဂ်ရဲ့ ရွှေလက်အိတ်ဆုရှင် ဂိုးသမား ဒေးဗစ် ရာယာရဲ့ လက်စွမ်းကြောင့် လိဂ်တစ်ခုလုံးမှာ ဂိုး အနည်းဆုံး (၂၆ ဂိုး) သာ ပေးခဲ့ရပြီး၊ ၃၇ ပွဲမှာ ၂၅ ပွဲ အထိ အနိုင်ရကာ လိဂ်ရဲ့ နိုင်ပွဲ အများဆုံး အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 

ဂန်းနားတို့ အတွက် ဆီးကြိုနေတဲ့ ပိုမိုကြီးမားတဲ့ အောင်မြင်မှုများ

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် သေချာပေါက် အောင်ပွဲခံကြမှာ ဖြစ်ပေမယ့် အပြည့်အဝတော့ စိတ်လျှော့လို့ မရသေးပါဘူး။ လာမယ့် သီတင်းပတ်ကုန်မှာ ကစားရမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ နောက်ဆုံး ပွဲစဉ်ဟာ မဖြစ်မနေ ကစားရမယ့် ပွဲ ဖြစ်ပေမယ့်လည်း သူတို့ရဲ့ ဘောလုံးပြက္ခဒိန်မှာ အရမ်းကို ကြီးမားတဲ့ ပွဲတစ်ပွဲ ကျန်ရှိနေပါသေးတယ်။ ဒါကတော့ “ ချန်ပီယံလိဂ် ဗိုလ်လုပွဲ” ဖြစ်ပါတယ်။

ဂန်းနား တို့ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အက်တလက်တီကိုမက်ဒရစ်ကို နှစ်ကျော့ပေါင်းရလဒ် ၂-၁ နဲ့ အနိုင်ရကာ ဘူဒါပက်စ်မှာ ကျင်းပမယ့် ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပြီး လက်ရှိချန်ပီယံ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ ဒီရာသီ ဥရောပရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲမှာ ရှုံးပွဲ မရှိ မှတ်တမ်းနဲ့ အတူ ဗိုလ်လုပွဲဆီ တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ လိဂ်အဆင့်ကို ရာနှုန်းပြည့် နိုင်ပွဲနဲ့ ကျော်ဖြတ်ခဲ့ပြီးနောက် ရှုံးထွက်အဆင့်တွေမှာ လေဗာကူဆင်၊ စပို့တင်းလစ္စဘွန်းနဲ့ အက်တလက်တီကိုမက်ဒရစ် တို့ကို အသီးသီး ကျော်ဖြတ်လာခဲ့တာပါ။အကယ်၍ လာမယ့် မေလ ၃၀ ရက်နေ့မှာ ပီအက်စ်ဂျီ ကိုသာ ထပ်မံ ကျော်ဖြတ်နိုင်ခဲ့ရင် အာဆင်နယ် တို့ဟာ သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးသော ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ သူတို့ရဲ့ ကလပ် အသင်း သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသော အိပ်မက်ဆန် ရာသီ တစ်ခု အဖြစ် ကမ္ပည်းတင် ကျန်ရစ်နေတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်