မိုဟာမက် အီဂျစ် တိုက်စစ်မှူးကြီး မိုဟာမက် ဆာလာ ကတော့ ရာသီကုန်မှာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကနေ နှုတ်ဆက် ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ မိုဟာမက် ဆာလာ အနေနဲ့ လစ်ဗာပူးလ် ကနေ ထွက်ခွာမယ့် ဆုံးဖြတ်ချက်၊ အနာဂတ် အစီအစဉ်တွေ၊ ဒဏ်ရာ ရရှိမှု အခြေအနေတွေနဲ့ နည်းပြဟောင်း ယာဂန် ကလော့ပ်ကို နောက်ပြောင် စနောက်ခဲ့တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သတ်လို့ TNT Sports က တဆင့် စတီဗင် ဂျရတ်နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားခဲ့ပါတယ်။
၁။ ဂျရတ်ရဲ့ တိတ်တဆိတ် အကြံပြုချက်
ဇန်နဝါရီလ အတွင်းက ဆာလာရဲ့ နေအိမ်မှာ ဂျရတ်နဲ့ ဆာလာတို့ ညစာအတူ စားရင်း လျှို့ဝှက် ဆွေးနွေးခဲ့ကြတာက အရေးပါတဲ့ အခြေအနေ တစ်ခု အဖြစ် ရှိခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်နဲ့ အဆင်မပြေဖြစ်နေချိန်မှာ စိတ်မြန်လက်မြန်နဲ့ အသင်းကနေ “ အရှက်တကွဲ” ထွက်မသွားဖို့ ဂျရတ်က ဆာလာကို သတိပေးတယ်လို့ သိရပါတယ်။
“လူတွေ မသိကြသေးတာက ခင်ဗျား ကျွန်တော့် အိမ်ကို လာခဲ့တာပါ။ ကျွန်တော်တို့ ကောင်းကောင်း ဆွေးနွေးဖြစ်ခဲ့ကြတယ်။ ခင်ဗျားရဲ့ အကြံဉာဏ်တွေကို ကျွန်တော် အလေးအနက်ထားပါတယ်။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဂုဏ်သိက္ခာရှိရှိ ထွက်ခွာခွင့်ရလို့ ကျွန်တော် ဝမ်းသာပါတယ်။ ခင်ဗျား ပြောခဲ့တဲ့ အတိုင်းပဲ လုပ်နိုင်ခဲ့တယ်။ အခုရာသီမှာ ဖြစ်ပျက်နေတာတွေက အသင်း ကနေ ထွက်ခွာရမယ့် အချိန် ရောက်ပြီ ဆိုတာကို ပိုသေချာစေပါတယ်” လို့ ဆာလာက ပြောကြားခဲ့ပါတယ်။
၂။ ဆာလာရဲ့ အနာဂတ် အစီအစဉ်များ
အသက် ၃၃ နှစ် အရွယ် ဆာလာဟာ လစ်ဗာပူးလ် ကနေ ထွက်ခွာပြီးနောက် ဘာဆက်လုပ်မလဲ ဆိုတာကို တိတိကျကျ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမယ့်လည်း ရုပ်ပိုင်းဆိုင်ရာအရ အဆင့်မြင့်လိဂ်မှာ ဆက်လက် ယှဉ်ပြိုင်နိုင်သေးကြောင်း ယုံကြည်နေပါတယ်။

“ရုပ်ပိုင်းဆိုင်ရာအရ ကျွန်တော့်မှာ စွမ်းဆောင်နိုင်စွမ်းတွေ အများကြီး ကျန်နေပါသေးတယ်။ ကျွန်တော် အခုထိ ကောင်းကောင်း ကစားနိုင်တုန်းပါပဲ။ ဘာဆက်လုပ်မလဲ ဆိုတာ မဆုံးဖြတ်ရသေးပေမယ့် ရွေးချယ်စရာကောင်းတွေ အများကြီး ရှိနေပါတယ်” လို့ ၎င်းက ဆိုပါတယ်။ လက်ရှိမှာ ဆော်ဒီပရိုလိဂ် သို့မဟုတ် မေဂျာလိဂ်တွေဆီ ပြောင်းရွှေ့ဖို့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေပေမယ့်လည်း ဥရောပ ထိပ်တန်း ကလပ်တွေက သူ့ရဲ့ ကြံ့ခိုင်မှု အပေါ် စိုးရိမ်နေကြပါတယ်။
၃။ ဒဏ်ရာ အခြေအနေနဲ့ ပြန်လည် ပါဝင်လာနိုင်မှု
ဧပြီလကုန်ပိုင်းက ကြွက်သားဒဏ်ရာ ရရှိခဲ့တာကြောင့် ဆာလာရဲ့ လစ်ဗာပူးလ် ကစားသမားဘဝ စောစီးစွာ အဆုံးသတ်သွားမှာကို ပရိသတ်တွေ စိုးရိမ်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ဆုံး ပွဲစဉ် ဖြစ်တဲ့ ဘရန်ဖို့ဒ်နဲ့ ပွဲမှာ ပါဝင်နိုင်မလား ဆိုတဲ့ မေးခွန်းကို ဆာလာက “သေချာပေါက် ပါဝင်နိုင်ပါတယ်” လို့ အားရပါးရ ဖြေဆိုခဲ့ပါတယ်။ ဒါ့အပြင် အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာလည်း ပြန်လည် ပါဝင်နိုင်ဖို့ အခွင့်အရေး ရှိနေကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
၄။ ကလော့ပ်နဲ့ အတိတ်က ပဋိပက္ခများ
အင်တာဗျူးမှာ ဆာလာက နည်းပြဟောင်း ယာဂန် ကလော့ပ်နဲ့ ပတ်သက်ပြီး နောက်ပြောင် စနောက်ခဲ့ပါတယ်။ “ပြီးခဲ့တဲ့ နှစ်က ပရီးမီးယားလိဂ် ဖလား ရခဲ့လို့ အရမ်းပျော်တယ်။ အခုဆိုရင် ‘ကျွန်တော့်မှာ ပရီးမီးယားလိဂ် ဖလား ၂ လုံး ရှိပြီး ခင်ဗျားမှာ ၁ လုံးပဲ ရှိတယ်’ လို့ သူ့ကို ပြောလို့ ရပြီ” လို့ ရယ်မောရင်း ပြောကြားခဲ့ပါတယ်။
ကလော့ပ်နဲ့ ဆာလာ အကြားမှာ တကယ့် ရန်ငြိုး မရှိပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီက အရန်ခုံမှာ ထိုင်ခိုင်းခဲ့တာကြောင့် ဆာလာ တစ်ယောက် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတာ ကတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဆာလာက လက်ရှိ နည်းပြ အာနေး ဆလော့တ်နဲ့ ပတ်သက်ပြီးတော့လည်း “ရာသီ ကတော့ အားလုံး အတွက် ခက်ခဲခဲ့ပါတယ်၊ ဒီထက် ပိုပြီးတော့ မပြောချင်တော့ပါဘူး” လို့သာ သိမ်မွေ့စွာ ပြောဆိုသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


