ဂျူဗင်တပ်စ် အနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိရေးနဲ့ အသင်းရဲ့ အနာဂတ် အောင်မြင်မှုတွေ အတွက် ပိုမိုပြတ်သားတဲ့ စိတ်ဓာတ်မျိုးရှိဖို့ လိုအပ်တယ်လို့ ကွင်းလယ်လူ မန်နျူရယ် လိုကတ်တယ်လီက တိုက်တွန်းလိုက်ပါတယ်။ တူရင် ကလပ်ဟာ ၂၀၂၅-၂၆ ရာသီကို ဆုဖလား တစ်လုံးမှ မရရှိဘဲ အဆုံးသတ်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် မန်နျူရယ် လိုကတ်တယ်လီ ကတော့ စီးရီးအေ Top 4 ဝင်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်။
ဂျူဗင်တပ်စ်ဟာ ဥရောပရဲ့ ထိပ်တန်း ပြိုင်ပွဲကို ဝင်ခွင့်ရဖို့ လမ်းကြောင်းပေါ်မှာ ရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့က ကိုမို အသင်း ရှုံးနိမ့်ခဲ့တာကြောင့် သူတို့ရဲ့ မျှော်လင့်ချက်က ပိုမို အားကောင်းလာခဲ့တာပါ။ လိုကတ်တယ်လီဟာ အသင်းနဲ့ ၂၀၃၀ ပြည့်နှစ် အထိ စာချုပ်သစ်ချုပ်ဆိုလိုက်တာကြောင့်လည်း ပရိသတ်တွေ အတွက် ဝမ်းသာစရာ ဖြစ်ခဲ့ပါတယ်။
လိုကတ်တယ်လီဟာ ဂျူဗင်တပ်စ်မှာ စတင် ကစားကတည်းက စီးရီးအေ ကစားသမားတွေထဲမှာ ဘောလုံးလုယူမှု ၂၈၈ ကြိမ်နဲ့ အများဆုံး ပြုလုပ်ထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဘောလုံး ပေးပို့မှု (၁၀,၆၆၀ ကြိမ် ပြုလုပ်ထားပြီး အလက်ဆန်ဒရို ဘက်စတိုနီ (၁၁,၄၁၆ ကြိမ်) နဲ့ အာမီ ရာမန်နီ (၁၁,၂၃၇ ကြိမ်) တို့ ပြီးရင် တတိယ အများဆုံး ဖြစ်ပါတယ်။
“ကံမကောင်းစွာနဲ့ပဲ ဒီနှစ်မှာ ဆုဖလား တစ်လုံးမှ မရခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် တို့ရဲ့ ပန်းတိုင်က ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ဖြစ်ပြီး ခိုင်မာတဲ့ အစီအစဉ်ရှိဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့ ဆက်တိုက် နိုင်ပွဲ ရဖို့ လိုပါတယ်။ ပရိသတ်တွေ၊ စီမံခန့်ခွဲသူတွေနဲ့ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဒါကိုပဲ မျှော်လင့်နေတာပါ။ အဆုံးအဖြတ်ပေးမယ့် အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ ဘယ်လို ပေးဆပ်ရပါစေ အနိုင်ရအောင် ကစားရမယ် ဆိုတာကို သိဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ ကျွန်တော်တို့ အဲ့ဒီလို အခြေအနေမျိုးတွေမှာ ပြတ်သားမှု (Ruthlessness) လိုအပ်နေခဲ့တာပါ။” လို့ လိုကတ်တယ်လီက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဂျူဗီဟာ ဒီတပတ်မှာ ဘိုလော့ဂ်နာနဲ့ ကစားရမှာ ဖြစ်ပြီး ဒီပွဲမှာသာ အနိုင်ရခဲ့ရင်တော့ စီးရီးအေ အဆင့် ၃ နေရာကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ တဖက်မှာလည်း ဗင်ဆန်ဇို အီတာလီယာနိုရဲ့ ဘိုလော့ဂ်နာဟာ ဥရောပ ဝင်ခွင့် အတွက် ကြိုးစားနေပြီး အဝေးကွင်း ၄ ပွဲ ဆက်တိုက် အနိုင်ရထားသလို၊ နောက်ဆုံး အဝေးကွင်း ၁၄ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အကယ်၍ ဂျူဗင်တပ်စ်ကို အနိုင်ရခဲ့ရင် သူတို့ရဲ့ သမိုင်းတစ်လျှောက် ဒုတိယမြောက် အဝေးကွင်း ၅ ပွဲ ဆက်တိုက် အနိုင်ရတဲ့ မှတ်တမ်းကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

ဒီပွဲမှာ ဂျူဗင်တပ်စ် ဘက်က ဂျရယ်မီ ဘိုဂါကို စောင့်ကြည့်ရမှာ ဖြစ်ပြီး သူက နောက်ဆုံး စီးရီးအေ ၆ ပွဲမှာ ၄ ဂိုး သွင်းထားပါတယ်။ ဒါ့အပြင် ဘိုလော့ဂ်နာနဲ့ ကစားခဲ့တဲ့ ပွဲတွေ မှာလည်း ဂိုးပါဝင်ပတ်သက်မှု ၄ ကြိမ် (၂ ဂိုးသွင်း၊ ၂ ဂိုးဖန်တီး) ပြုလုပ်ထားပါတယ်။ ဘိုလော့ဂ်နာ ဘက်မှာတော့ ဂျူဗင်တပ်စ် ကစားသမားဟောင်း ဖက်ဒရီကို ဘာနာဒက်စချီ ကို စောင့်ကြည့်ရပါမယ်။
ဂျူဗင်တပ်စ်က နောက်ဆုံး ၆ ပွဲမှာ ရှုံးပွဲ မရှိဘဲ ၁၄ မှတ် ရရှိထားပါတယ်။ ဂျူဗင်တပ်စ်ဟာ အိမ်ကွင်းမှာ ဘိုလော့ဂ်နာကို နောက်ဆုံး ၁၃ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိထားပါဘူး (၉ ပွဲ နိုင်၊ ၄ ပွဲ သရေ)။ ဘိုလော့ဂ်နာဟာ ၂၀၁၁ ခုနှစ်ကတည်းက ဂျူဗင်တပ်စ်ကို တစ်ကြိမ်မှ မနိုင်ဖူးဘဲ ၂၇ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေတာဟာ သူတို့ရဲ့ အဆိုးရွားဆုံး မှတ်တမ်း ဖြစ်ပါတယ်။
နည်းပြ လူစီယာနို စပယ်လက်တီဟာ ဂျူဗင်တပ်စ်ကို စတင် ကိုင်တွယ်ချိန်က စပြီး ပျမ်းမျှ တစ်ပွဲကို ၁.၉၆ မှတ် ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။ သူ တာဝန်ယူပြီး နောက်ပိုင်း ဂျူဗင်တပ်စ်ဟာ ၂၃ ပွဲမှာ ၄၅ မှတ် ရရှိခဲ့ပြီး အင်တာမီလန် (၅၇ မှတ်) ပြီးရင် ရမှတ် အများဆုံး ရထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


