အက်တလက်တီကိုမက်ဒရစ် ကတော့ လာမယ့် စနေနေ့မှာ ရီးရဲလ်ဆိုစီဒက်နဲ့ ကိုပါဒယ်ရေး ဗိုလ်လုပွဲ အဖြစ် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ဆီမြွန်နီဟာ တီကို နည်းပြဘဝ ဒုတိယအကြိမ်မြောက် အဖြစ် ကိုပါဒယ်ရေး အောင်မြင်မှု ရယူဖို့ အသင်းကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။
ဆီမြွန်နီဟာ ၂၀၁၃ ခုနှစ်မှာ နောက်ဆုံး ကစားခဲ့တဲ့ ကိုပါဒယ်ရေး ဗိုလ်လုပွဲ နောက်ပိုင်း အက်တလက်တီကိုမက်ဒရစ်ဟာ ပိုမို တိုးတက် ပြောင်းလဲလာခဲ့ပြီ ဖြစ်ကြောင်း ယုံကြည်နေပါတယ်။ ဒါပေမယ့် ဆုဖလားတွေ ရယူလိုတဲ့ စိတ်ဓာတ် ကတော့ ပြောင်းလဲသွားခြင်း မရှိဘူးလို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
အက်တလက်တီကိုမက်ဒရစ် အတွက်တော့ ဒါဟာ သမိုင်းတစ်လျှောက် အကြိမ် ၂၀ မြောက် ကိုပါဒယ်ရေး ဗိုလ်လုပွဲ ဖြစ်ပြီး ဆီမြွန်နီ အတွက်တော့ နည်းပြဘဝ ဒုတိယအကြိမ်မြောက် ဗိုလ်လုပွဲ ဖြစ်ပါတယ်။ တီကိုဟာ ၂၀၁၃ ခုနှစ်၊ ပထမအကြိမ် ကိုပါဒယ်ရေး ဗိုလ်လုပွဲတုန်း ကတော့ ဘာနေဗျူးကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့တာပါ။
လက်ရှိ အခြေအနေနဲ့ ပတ်သတ်လို့တော့ ဆီမြွန်နီက အခုလို ပြောကြားခဲ့ပါတယ်။ “လူတစ်ယောက်ဟာ အမြဲတမ်း တိုးတက် ပြောင်းလဲနေတာပါ။ အသက် ၂၀၊ ၃၀၊ ၄၀ အရွယ်တွေမှာ ကစားသမား တစ်ယောက် ဒါမှမဟုတ် နည်းပြ တစ်ယောက် အနေနဲ့ အမြင်တွေက မတူနိုင်ပါဘူး။ ကျွန်တော် တို့ဟာ ကလပ် အသင်းက ပေးအပ်တဲ့ အခွင့်အရေးတွေနဲ့ အတူ ကြီးပြင်းလာခဲ့ပေမယ့် အသင်းရဲ့ ဘုံရည်မှန်းချက်နဲ့ အောင်မြင်မှု အပေါ် ဆာလောင်မှု ကတော့ ပြောင်းလဲမသွားပါဘူး။ ဗိုလ်လုပွဲ ကစားရတာဟာ ကစားသမားတိုင်း အတွက် ဘယ်လောက် အံ့အားသင့်ဖို့ ကောင်းလဲ ဆိုတာ ကျွန်တော်တို့ သိပါတယ်။” လို့ ဆီမြွန်နီက ဆိုပါတယ်။

အက်တလက်တီကိုမက်ဒရစ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့လို့ စိတ်ဓာတ်တက်ကြွနေသလို၊ ရီးရဲလ်ဆိုစီဒက်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၉ ပွဲ မှာလည်း ရှုံးပွဲ မရှိဘဲ (၆ ပွဲ နိုင်၊ ၃ ပွဲ သရေ) မှတ်တမ်းကောင်း ပိုင်ဆိုင်ထားပါတယ်။
ရီးရဲလ်ဆိုစီဒက်ဟာ ကိုပါဒယ်ရေး ပြိုင်ပွဲမှာ အလွန် မာကျောတဲ့ အသင်း ဖြစ်ပါတယ်။ သူတို့ဟာ နောက်ဆုံး ကစားခဲ့တဲ့ ကိုပါဒယ်ရေး ၂၁ ပွဲမှာ ၂၀၂၅ ခုနှစ် ဆီမီးဖိုင်နယ်တုန်းက ရီးရဲလ်မက်ဒရစ်ကို ရှုံးခဲ့တဲ့ ၁ ပွဲသာ ရှုံးနိမ့်ဖူးပါတယ်။ ကျန် ပွဲ ၂၀ မှာ ၁၆ ပွဲ နိုင်၊ ၄ ပွဲ သရေ ကစားထားပါတယ်။ ဒါ့အပြင် နောက်ဆုံး ၃ ရာသီ အတွင်းမှာ ဆိုစီဒက်ဟာ ဒီပြိုင်ပွဲမှာ နိုင်ပွဲ အများဆုံး (၁၆ ပွဲ) နဲ့ ပေးဂိုး မရှိပွဲ (Clean Sheets) အများဆုံး (၁၃ ပွဲ) ရရှိထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဆိုစီဒက်ဟာ နောက်ဆုံး ၃ ရာသီ အတွင်း ကိုပါဒယ်ရေးမှာ အကောင်းဆုံး ခံစစ် မှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။
ဒီပွဲနဲ့ ပတ်သတ်လို့ ဆိုစီဒက် တိုက်စစ်မှူး အိုရာဇာဘဲလ်က အခုလိုပဲ ပြောပါတယ်။ “၂၀၂၁ ခုနှစ်က ချန်ပီယံ ဖြစ်ခဲ့တဲ့ ဗိုလ်လုပွဲတုန်းက ကစားသမားတွေ အခု အသင်းမှာ သိပ်မကျန်တော့ပါဘူး။ အများကြီး ပြောင်းလဲသွားပါပြီ။ ပရိသတ်တွေရဲ့ အားပေးမှုက ကျွန်တော်တို့ အတွက် အရမ်းပဲ အရေးကြီးပါတယ်။ အရင်တုန်းက လိုပဲ အောင်မြင်တဲ့ ရလဒ်မျိုး ထပ်ရဖို့ မျှော်လင့်ပါတယ်။ စကားတွေ အများကြီး ပြောနေတာထက် ကွင်းထဲမှာ အကောင်းဆုံး ပုံစံနဲ့ သက်သေပြဖို့က ပိုအရေးကြီးပါတယ်။” လို့ အိုရာဇာဘဲလ်က ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


