နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဖီအိုရင်တီးနားရဲ့ တိုက်စစ်ဆင်မှုကို ကြံ့ကြံ့ခံပြီး ဆီမီးဖိုင်နယ် တက်လှမ်းသွားတဲ့ ပဲလေ့စ် | ယူရိုပါကွန့်ဖရင့်လိဂ်

ခရစ္စတယ်ပဲလေ့စ် ကတော့ ယူရိုပါကွန့်ဖရင့်လိဂ် ကွာတားဖိုင်နယ်မှာ ဖီအိုရင်တီးနားကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အိုလီဗာ ဂလက်စ်နာရဲ့ အသင်းက ယူရိုပါကွန့်ဖရင့်လိဂ် ဆီမီးဖိုင်နယ်မှာ ရှက်တာဒိုးနက်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တပတ် ပထမကျော့ ဆဲလ်ဟတ်စ်ပါ့ခ်မှာ ၃-၀ နဲ့ အပြတ်အသတ် အနိုင်ရထားတဲ့ ပဲလေ့စ်က ဒုတိယကျော့မှာ ဖီအိုရင်တီးနားကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် နှစ်ကျော့ပေါင်း ၄-၂ ရလဒ်နဲ့ ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ပွဲအစောပိုင်းမှာ အစ္စမိုင်လာ ဆား သွင်းယူပေးခဲ့တဲ့ ဦးဆောင်ဂိုးက ပဲလေ့စ်ကို ပိုပြီး စိတ်အေးသွားစေခဲ့တာ ဖြစ်ပါတယ်။

ဖီအိုရင်တီးနားအတွက် အဲလ်ဘတ် ဂတ်မန်ဆန်က ပင်နယ်တီ ကနေ တစ်ဂိုး၊ ချာ အန်ဒူးက အဝေးကန်ချက်နဲ့ တစ်ဂိုး သွင်းယူပေးခဲ့ပေမယ့် ပဲလေ့စ်ကို ကျော်ဖြတ်နိုင်ဖို့ နောက်ထပ်ဂိုးတွေ ထပ်မံ မသွင်းယူနိုင်ခဲ့တာကြောင့် ပဲလေ့စ်တို့ ဆီမီးဖိုင်နယ်မှာ ရှက်တာဒိုးနက်နဲ့ တွေ့ဆုံဖို့ သေချာသွားခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပွဲစစချင်း ၁၇ မိနစ် မှာတင် ဒန်နီရယ် မူနော့ဇ်ရဲ့ ဖန်တီးပေးမှု ကနေ ဆားက ခေါင်းတိုက်ပြီး ပဲလေ့စ် အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးကြောင့် ဖီအိုရင်တီးနားတို့ အချိန်ပိုဆွဲဆန့်နိုင်ဖို့တောင် စုစုပေါင်း ၄ ဂိုး အထိ ပြန်သွင်းရမယ့် အခြေအနေ ဖြစ်သွားခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် ၃၀ မှာတော့ ဂျေဒီ ကန်ဗော့က ရိုလန်ဒို မန်ဒရာဂိုရာကို ဖျက်ထုတ်ပုံ မှားယွင်းခဲ့လို့ ဖီအိုရင်တီးနားတို့ ပင်နယ်တီ ရခဲ့ပြီး ဂတ်မန်ဆန်က အမှားအယွင်းမရှိ ကန်သွင်းကာ ချေပဂိုး ရယူပေးခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ ဒီရာသီ ယူရိုပါကွန့်ဖရင့်လိဂ် ပြိုင်ပွဲမှာ ခေါင်းတိုက်ဂိုး ၅ ဂိုး အထိ သွင်းယူထားပြီး ဒါဟာ ပြိုင်ပွဲမှာ အများဆုံး ဖြစ်ပါတယ်။
ယူရိုပါကွန့်ဖရင့်လိဂ်မှာ ခြေစွမ်းပြနေတဲ့ အစ္စမိုင်လာ ဆား

ပဲလေ့စ် အတွက် နစ်နာမှု ကတော့ အမာခံ ကစားသမားတွေ ဖြစ်တဲ့ အဒမ် ဝှာတန်နဲ့ မက်စ်ဆန့်စ် လာခွာတို့ ဒုတိယပိုင်း မစခင် ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာပါ။ ပွဲချိန် ၅၃ မိနစ်မှာ အန်ဒူးက ၂၅ ကိုက် အကွာကနေ အားပါတဲ့ ကန်ချက်နဲ့ ဖီအိုရင်တီးနား အတွက် ဒုတိယဂိုး သွင်းပေးခဲ့ပေမယ့် ပဲလေ့စ် ဂိုးသမား ဒင်းန် ဟန်ဒါဆန်ရဲ့ လက်စွမ်းပြမှုတွေကြောင့် ဖီအိုရင်တီးနားတို့ နောက်ထပ်ဂိုးတွေ မရရှိတော့ပဲ ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။

 

တခြားသော ဆီမီးဖိုင်နယ် ပွဲစဉ်များ

ပြီးခဲ့တဲ့ ရာသီ အက်ဖ်အေဖလား ချန်ပီယံ ပဲလေ့စ်ဟာ ယူရိုပါကွန့်ဖရင့်လိဂ် ဆီမီးဖိုင်နယ်မှာ အေဇက် အဲလ်ခမာကို နှစ်ကျော့ပေါင်း ၅-၂ နဲ့ အနိုင်ခဲ့တဲ့ ရှက်တာဒိုးနက်နဲ့ ရင်ဆိုင်ရမှာပါ။ တခြားသော ဆီမီးဖိုင်နယ် တစ်ပွဲမှာတော့ ရေယို ဗလက်ကာနိုနဲ့ စထရာဘိုးတို့ တွေ့ဆုံနေပါတယ်။ ဂယ်ရီ အိုနီးလ်ရဲ့ စထရာဘိုး အသင်း ကတော့ ပထမကျော့က ၂-၀ နဲ့ ရှုံးထားပေမယ့် ဒုတိယကျော့မှာ မိန့်ဇ်ကို ၄-၀ နဲ့ အပြတ်အသတ် အနိုင်ရပြီး နောက်တစ်ဆင့် တက်လာခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ ခရစ္စတယ်ပဲလေ့စ်ဟာ ယူရိုပါကွန့်ဖရင့်လိဂ် ၇ ပွဲဆက် ရှုံးပွဲ မရှိစံချိန် ကျိုးပျက်သွားပေမယ့် နည်းပြ အိုလီဗာ ဂလက်စ်နာ အတွက်တော့ ဗိုလ်လုပွဲ တက်ဖို့ မိနစ် ၁၈၀ သာ လိုခဲ့ပါတယ်။ အစ္စမိုင်လာ ဆားဟာ ဥရောပ အဓိက ပြိုင်ပွဲတွေမှာ စုစုပေါင်း ၁၃ ဂိုး အထိ သွင်းယူထားနိုင်ပြီ ဖြစ်တာကြောင့် ဆီနီဂေါ ကစားသမားတွေထဲမှာ မာမာဒူ နီယန်း၊ ဒိမ်း အမ်ဒွိုင်း တို့နဲ့ အတူ ဒုတိယဂိုး အများဆုံး သွင်းထားသူ အဖြစ် ပူးတွဲ ရပ်တည်နေပါတယ်။ (ပထမနေရာ မှာတော့ ဆာဒီယို မာနေးက ၃၁ ဂိုးနဲ့ ဦးဆောင်နေပါတယ်)။ ခရစ္စတယ်ပဲလေ့စ်ဟာ ဒီရာသီ ယူရိုပါကွန့်ဖရင့်လိဂ် ပြိုင်ပွဲမှာ ခေါင်းတိုက်ဂိုး ၅ ဂိုး အထိ သွင်းယူထားပြီး ဒါဟာ ပြိုင်ပွဲမှာ အများဆုံး ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်