အန်ဇို ဖာနန်ဒက်စ် မပါဝင်နိုင်ခဲ့ခြင်းဟာ ချဲလ်ဆီးက မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်း အတွက် ထိခိုက်မှုရှိ ခဲ့တယ်လို့ နည်းပြ လီယမ် ရိုစီနီယာက ဝန်ခံလိုက်ပါတယ်။ ဒါပေမယ့် အန်ဇိုကို ပွဲပယ် ပြစ်ဒဏ်ပေးခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက် ကတော့ မှန်ကန်ကြောင်း ရိုစီနီယာက အခိုင်အမာ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ မှာ ချဲလ်ဆီးဟာ ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီးကို ၃-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒီရှုံးနိမ့်မှုကြောင့် ချဲလ်ဆီးဟာ ချန်ပီယံလိဂ် ဝင်ခွင့် အဆင့် (၅) နေရာက လစ်ဗာပူးလ်နဲ့ ၄ မှတ် အကွာ ကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီး အသင်း အတွက် စိတ်ပျက်စရာ မှတ်တမ်း တချို့လည်း ထွက်ပေါ်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ၂၀၁၈ ခုနှစ် နည်းပြ အန်တိုနီယို ကွန်တီ လက်ထက် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ပရီးမီးယားလိဂ်မှာ ၂ ပွဲ ဆက်တိုက် ၃ ဂိုးနှင့် အထက် ပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့တာပါ။ ဒါ့အပြင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အိမ်ကွင်း ၂ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၂၀၂၂ ဧပြီလက ဘရန့်ဖို့ဒ်ကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း အဆိုးရွားဆုံး အိမ်ကွင်း ရှုံးနိမ့်မှု လည်း ဖြစ်ပါတယ်။
အန်ဇို ဖာနန်ဒက်စ် ကတော့ နိုင်ငံတကာ ပွဲစဉ်တွေ အနားယူချိန် အတွင်း သူပြောကြားခဲ့တဲ့ “ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့နိုင်ခြေ ရှိတယ်။” ဆိုတဲ့ မှတ်ချက်တွေကြောင့် အသင်းရဲ့ စည်းကမ်းပိုင်းဆိုင်ရာ အတွက် အရေးယူမှု အနေနဲ့ ပွဲပယ်ခံထားရတာ ဖြစ်ပြီး အခုပွဲဟာ သူ့ရဲ့ ဒုတိယမြောက် ပွဲပယ်ခံရတဲ့ ပွဲစဉ် ဖြစ်ပါတယ်။

မန်စီးတီးနဲ့ ပွဲမှာ ချဲလ်ဆီးက ဘောလုံးပိုင်ဆိုင်မှု ၃၇.၃ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး အန်ဇို ဖာနန်ဒက်ဇ် မရှိတဲ့ ကွင်းလယ်ဟာ ပွဲကို ထိန်းချုပ်နိုင်ဖို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ အန်ဇို မပါဝင်တာကြောင့် ကွင်းထဲမှာ ထိခိုက်မှု ရှိသလားလို့ မေးမြန်းရာမှာ ရိုစီနီယာက အခုလို ဖြေကြားခဲ့ပါတယ်။ “ဖြစ်နိုင်ပါတယ်။ အတိတ်ကို ပြန်ကြည့်ရင်တော့ ဒါဟာ ထိခိုက်မှု ရှိနိုင်တာပေါ့။ အန်ဇိုဟာ ထိပ်တန်း ကစားသမား တစ်ယောက် ဖြစ်သလို စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ကောင်းမွန်သူပါ။ လာမယ့် တပတ်မှာ သူပြန်ပါလာမှာကို ကျွန်တော် မျှော်လင့်နေပါတယ်။”
ဒါပေမယ့်လည်း ဒီပြစ်ဒဏ်ဟာ အနာဂတ်အတွက် ချမှတ်ခဲ့တာ ဖြစ်ကြောင်း သူက အခုလို ရှင်းပြခဲ့ပါတယ်။ “တစ်ခါတလေကျရင် ဆုံးဖြတ်ချက်တွေကို ရေတို အတွက် မကြည့်ဘဲ ရေရှည် အတွက် ကြည့်ပြီး ချမှတ်ရပါတယ်။ ဒါဟာ ကျွန်တော်၊ ဒါရိုက်တာတွေနဲ့ ကလပ် အသင်း တာဝန်ရှိသူတွေ အပြင် ဝါရင့် ကစားသမားတွေနဲ့ပါ တိုင်ပင်ပြီး ချမှတ်ခဲ့တဲ့ ရေရှည်စီမံကိန်း တစ်ခုပါ။ အသင်းရဲ့ တန်ဖိုးထားမှုတွေနဲ့ ယဉ်ကျေးမှုတွေကို ရေရှည်မှာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။”
“အန်ဇို အနေနဲ့လည်း သူပြောဆို ဆွေးနွေးရမယ့် အပိုင်းတွေကို လုပ်ဆောင်ပြီးပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ သူဟာ ကျွန်တော့်ကိုရော အသင်း ကိုပါ အရမ်း ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ သူ အသင်းလူစာရင်းထဲ ပြန်ပါလာဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။” လို့ ရိုစီနီယာက ဆိုပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


