ဒီတစ်ပတ် အတွင်း မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ ထိပ်တိုက် တွေ့ဆုံကြမှာ ဖြစ်ပြီး၊ အကယ်၍ မန်စီးတီးက အနိုင်ရရှိရင်တော့ ပရီးမီးယားလိဂ် ဇယား ထိပ်က အာဆင်နယ်နဲ့ ၃ မှတ် အကွာကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။
ဒီအချိန်မှာ မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာက သူ့အသင်း ရင်ဆိုင်ရမယ့် စိန်ခေါ်မှု ဘယ်လောက်အထိ ကြီးမားသလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ပြောကြားခဲ့တာပါ။ ဂွါဒီယိုလာက ရက်သတ္တပတ် အနည်းငယ် အတွင်း မှာတင် “ ထူးခြားပြောင်မြောက်လှတဲ့” အာဆင်နယ်ကို နှစ်ကြိမ်တိုင်တိုင် အနိုင်ယူနိုင်ဖို့က စိတ်ကူးကြည့်ဖို့တောင် ခက်ခဲကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း သေချာတာ ကတော့ လာမယ့် တနင်္ဂနွေနေ့ အီတီဟတ်ကွင်းမှာ ဂန်းနားတွေနဲ့ ရင်ဆိုင်ရမယ့် မန်စီးတီးရဲ့ အဓိက ပစ်မှတ်က အနိုင်ရရှိဖို့ပဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ စနေနေ့က အိမ်ကွင်းမှာ ဘုန်းမောက်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ခြင်းက ပရီးမီးယားလိဂ် ချန်ပီယံလုပွဲကို ပိုမို စိတ်ဝင်စားစရာ ကောင်းစေခဲ့ပါတယ်။ မန်စီးတီး ကလည်း ချဲလ်ဆီးကို ၃-၀ နဲ့ အနိုင်ယူကာ အဲဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။
ဒါကြောင့် မန်စီးတီးက မီခဲလ် အာတေးတားရဲ့ အာဆင်နယ်နောက် ၆ မှတ် အကွာကို ရောက်ရှိလာခဲ့ပြီး လက်ကျန် တစ်ပွဲ ကစားဖို့လည်း ကျန်နေပါသေးတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က ကစားခဲ့တဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲ မှာလည်း အာဆင်နယ်ကို အနိုင်ယူထားခဲ့ပါတယ်။ အကယ်၍ မန်စီးတီး ကသာ အာဆင်နယ်ကို ထပ်မံ အနိုင်ရခဲ့ရင်တော့ ရမှတ် ကွာဟမှုက ၃ မှတ်သာ ကျန်တော့မှာ ဖြစ်ပြီး မန်စီးတီး အတွက် လက်ကျန် တစ်ပွဲက အဆုံးအဖြတ် ဖြစ်လာနိုင်မှာပါ။
ဒါပေမယ့်လည်း ပပ် ဂွါဒီယိုလာ ကတော့ သူတို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုနဲ့ ပတ်သတ်လို့ အထင်မသေးပါဘူး။ “ဒါက ဘယ်လောက် ခက်ခဲမယ် ဆိုတာ ကျွန်တော် သိပါတယ်။ သူတို့က သရေ တစ်ပွဲက လွဲရင် ကျန်တဲ့ပွဲတွေ အားလုံးကို နိုင်ထားတာပါ။ ခရာဘောင်ဖလား ဗိုလ်လုပွဲတုန်းက စီးတီးဟာ အောက်ကနေ ကစားခဲ့ရတာပါ။ အဲ့ဒီတုန်းက တစ်နိုင်ငံလုံးမှာ ကျွန်တော်တို့ နိုင်မယ်လို့ ၁ ပေါင်တောင် လောင်းမယ့်သူ မရှိခဲ့ပါဘူး။ အခုတော့ အခြေအနေက နည်းနည်း ကွဲပြားသွားပြီ။ အိမ်ကွင်းမှာ စီးတီးက အကောင်းဆုံး ပုံစံရနေပေမယ့် ပြီးခဲ့တဲ့ ၂ နှစ်၊ ၃ နှစ် အတွင်း အာဆင်နယ် လုပ်ပြခဲ့တာတွေကို ကျွန်တော် အပြည့်အဝ လေးစားပါတယ်။” လို့ ဂွါယိုလာက Sky Sports ကို ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဂွါဒီယိုလာက “အခြေအနေတိုင်းမှာ သူတို့ ဘယ်လိုယှဉ်ပြိုင်ကြသလဲ ဆိုတာက ကျွန်တော်တို့ ဦးနှောက်ထဲမှာ အဓိကထားပြီး ပြင်ဆင်ရမယ့် အလုပ်ပဲ။ အခုအချိန် အထိတော့ အာဆင်နယ်ဟာ ဒီနိုင်ငံနဲ့ ဥရောပမှာ အကောင်းဆုံး အသင်းပါ။ အာဆင်နယ်ကို တစ်ကြိမ်နိုင်ဖို့တောင် ခက်ခဲတာ၊ အခုလို ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ နှစ်ကြိမ်နိုင်ဖို့ ဆိုတာ စဉ်းစားကြည့်ပါဦး။ ဒါကြောင့် ကျွန်တော်တို့ ကောင်းကောင်း အနားယူပြီး ဘာလုပ်ရမလဲ ဆိုတာ သေချာဖတ်ရမယ်။ ကျွန်တော့်ရဲ့ ပရိသတ်တွေ ကိုလည်း ပြောချင်တာက အာဆင်နယ်ကို အများကြီး လေးစားကြပါ။ သူတို့ဟာ ထူးခြားပြောင်မြောက်တဲ့ အသင်း တစ်သင်းပါ။” လို့ ဆိုခဲ့သည်။
၂၀၂၁-၂၂ ရာသီကတည်းက ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲ ကစားချိန် မန်စီးတီးက ၄၃ ပွဲမှာ ၃၂ ပွဲ အထိ အနိုင်ရပြီး ၁၀ ပွဲ သရေ ကျကာ ၁ ပွဲသာ ရှုံးနိမ့်ဖူးပါတယ်။ မန်စီးတီးဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၁၉ ပွဲမှာ ၁ ပွဲသာ ရှုံးထားပြီး၊ လက်ရှိ မှာတော့ ၉ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်တင်ထားပါတယ်။
Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ အာဆင်နယ်က ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေဆဲ ဖြစ်ပြီး၊ မန်စီးတီး ကတော့ ၁၂.၇ ရာခိုင်နှုန်းသာ အခွင့်အရေး ရှိနေပါတယ်။ ဂွါဒီယိုလာက အာဆင်နယ်နဲ့ ပွဲကို “ ဗိုလ်လုပွဲ” တစ်ပွဲ အဖြစ် တင်စားခဲ့ပြီး၊ ချန်ပီယံလိဂ် ကနေ ထွက်ခွာခဲ့ရတာကြောင့် အနားယူချိန် ပိုမိုရရှိကာ ကစားသမားတွေ ပိုမို လန်းဆန်းနေပြီး သူတို့ လုပ်ဆောင်ရမယ့် အလုပ်ကို သေချာသိရှိနေကြကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


