အင်တာမီလန် ကတော့ အခုတပတ် စီးရီးအေမှာ ကိုမိုကို အကြိတ်အနယ် ကစားပြီး ၃-၄ ရလဒ်နဲ့ အနိုင်ယူကာ နာပိုလီရဲ့ ရှုံးနိမ့်ခဲ့မှုကို အခွင့်ကောင်းယူနိုင်ခဲ့ပါတယ်။ ခရစ္စတီယန် ချီဗူးရဲ့ အသင်းက ကိုမိုကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး အဖိုးတန် နိုင်ပွဲ ရခဲ့တာကြောင့် စီးရီးအေ အမှတ်ပေးဇယား ထိပ်မှာ ၉ မှတ် ဖြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။
အင်တာမီလန် အတွက် မားကပ်စ် သူရမ်က ချေပဂိုး ၂ ဂိုး သွင်းယူပေးခဲ့ပြီးနောက် ဒန်ဇဲလ် ဒမ်းဖရီးစ်က အနိုင်ဂိုး ၂ ဂိုး ထပ်မံ သွင်းယူပေးခဲ့ကာ ကိုမိုကို ၄-၃ နဲ့ အနိုင်ရရှိစေခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲက အင်တာမီလန်ရဲ့ စကူဒက်တို (စီးရီးအေ) ချန်ပီယံဆု မျှော်လင့်ချက်ကို ပိုမိုခိုင်မာစေခဲ့ပါတယ်။ ဆက်စ် ဖာဘရီဂတ်စ် ကိုင်တွယ်နေတဲ့ ကိုမိုက ပထမပိုင်း ပြီးခါနီးမှာ ၂-ဝ နဲ့ ဦးဆောင်နေခဲ့ပေမယ့်လည်း အင်တာမီလန်က အကောင်းဆုံး တုံ့ပြန် ကစားနိုင်ခဲ့ကာ အဓိက ပြိုင်ဘက်တွေရဲ့ ခြေချော်မှုကို အခွင့်ကောင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ကြိုးပမ်းနေတဲ့ ကိုမို အသင်းဟာ ပွဲစကတည်းက ပြိုင်ဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး နီကို ပက်ဇ်ရဲ့ ထိုးဖောက်မှုက တစ်ဆင့် ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ပက်ဇ်ရဲ့ ကန်ချက်ကို အင်တာမီလန် ဂိုးသမား ယန်း ဆွမ်မား ပုတ်ထုတ်နိုင်ခဲ့ပေမယ့်လည်း အဲလက်စ် ဗယ်လီက အနီးကပ် ပိတ်သွင်းကာ ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ၉ မိနစ် အကြာမှာ ကိုမိုတို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ပါတယ်။ ဂိုးသမား ဂျင်းန် ဘူတက်ဇ်ရဲ့ အဝေးပစ် လက်ပစ်ဘောက တစ်ဆင့် ပက်ဇ်က ဘောလုံး ရယူကာ ဆွမ်မားကို ကျော်ဖြတ်ကာ အေးအေးဆေးဆေးပဲ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပထမပိုင်း နာကျင်အချိန်ပို ၁ မိနစ်မှာ သူရမ်က အင်တာမီလန် အတွက် အဖိုးတန် ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်လည် စတင်ပြီး ၄ မိနစ် အကြာမှာ ကိုမိုရဲ့ ခံစစ် အမှားကို အခွင့်ကောင်းယူကာ သူရမ် ကပဲ ဂိုးသမားရဲ့ ခေါင်းပေါ်က ကျော်ကာ ကန်သွင်းပြီး ပွဲကို ၂-၂ သရေ ဖြစ်စေခဲ့ပါတယ်။
ဒါ့အပြင် ယန်း ဆွမ်မား ကလည်း ကိုမိုရဲ့ အပိုင် ကန်သွင်းချက်တွေကို လက်စွမ်းပြ ကာကွယ်ပေးနိုင်ခဲ့တာကြောင့် အင်တာမီလန် အတွက် အလှည့်အပြောင်း ဖြစ်ခဲ့သည်။ ပွဲကစားချိန် ၅၈ မိနစ်မှာ ဟာကန် ချာလနောဂလူရဲ့ ပြစ်ဒဏ်ဘော ပေးပို့မှုက တစ်ဆင့် ဒမ်းဖရီးစ်က ခေါင်းတိုက်ကာ အင်တာမီလန်ကို စတင် ဦးဆောင်စေခဲ့ပါတယ်။ ၇၂ မိနစ် မှာလည်း ဒမ်းဖရီးစ်ကပဲ အနီးကပ် ပိတ်သွင်းကာ အင်တာမီလန် အတွက် စတုတ္ထမြောက်ဂိုး သွင်းယူကို ရယူပေးခဲ့ပါတယ်။
ပွဲပြီးခါနီးမှာ လူးကပ်စ် ဒီကွန်ညာက ပင်နယ်တီက တစ်ဆင့် ကိုမို အတွက် တတိယဂိုး သွင်းယူပေးခဲ့တာကြောင့် ပွဲက ပိုပြီး အရှိန်တက်ခဲ့ပါတယ်။ နာကျင် အချိန်ပိုမှာ ရာမွန်ရဲ့ ကန်ချက် ဂိုးဘားတန်းထိ ထွက်သွားခဲ့တာကြောင့် ကိုမိုတို့ ချေပဂိုး ရရှိမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ကာ ပွဲပြီးဆုံးချိန်မှာ အင်တာမီလန်က ၄-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
ကိုမို ကွင်းလယ်လူ ပက်ဇ်က ဒီရာသီ စီးရီးအေမှာ (ပင်နယ်တီမပါ) Open Play ကနေ ၁၀ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့တဲ့ ကစားသမား နှစ်ဦးထဲက တစ်ဦး ဖြစ်လာပါတယ်။ (တခြား တစ်ဦး ကတော့ ၁၂ ဂိုး သွင်းထားတဲ့ လော်တာရို မာတီနက်ဇ် ဖြစ်ပါတယ်)။
၂၀၂၄-၂၅ ရာသီ စကတည်းက သူရမ်ဟာ စီးရီးအေမှာ အနည်းဆုံး ၂ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့တဲ့ ပွဲပေါင်း ၆ ပွဲ (၂ ဂိုး ၅ ကြိမ်၊ ဟက်ထရစ် ၁ ကြိမ်) ရှိခဲ့ပြီး ဒါဟာ တခြား ဘယ်ကစားသမားထက်မဆို ပိုမို များပြားနေပါတယ်။
အခုပွဲမှာ ကိုမိုက ဂိုးရနိုင်ခြေ မျှော်မှန်းချက် (xG) ၂.၇၉ အထိ ရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၂၄ ကြိမ် (ဂိုးပေါက်တည့် ၈ ကြိမ်) ရရှိခဲ့ပေမယ့်လည်း ရှုံးနိမ့်ခဲ့ပါတယ်။ အင်တာမီလန် ကတော့ ဂိုးပေါက်တည့်မှု ၅ ကြိမ်သာ ရှိခဲ့ပေမယ့်လည်း ၄ ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးရနိုင်ခြေ မျှော်မှန်းချက် (xG) ၀.၈၈ ထက် သိသိသာသာ ပိုမိုစွမ်းဆောင်နိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


