နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဝေဖန်သံတွေကို တုံ့ပြန်နိုင်ခဲ့တဲ့ အတွက် ဝမ်းသာပီတိ ဖြစ်ရတယ်ဆိုတဲ့ ဖာရန်း တောရက်စ် | လာလီဂါ

ဘာစီလိုနာရဲ့ လာလီဂါ ဒါဘီ ပွဲစဉ်မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဝေဖန်သံတွေကို တုံ့ပြန်နိုင်ခဲ့တဲ့ အတွက် ဝမ်းသာပီတိ ဖြစ်ရတယ်လို့ ဖာရန်း တောရက်စ်က ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလ နောက်ပိုင်း ဘာစီလိုနာ အတွက် ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိခဲ့တဲ့ ဖာရန်း တောရက်စ်ဟာ နူးကမ့်ပ်မှာ အက်စပန်ညိုကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

ကတ်တာလန် ပြိုင်ဘက် အက်စပန်ညိုကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ဖာရန်း တောရက်စ်က ၂ ဂိုး သွင်းယူခဲ့ပြီးနောက် သူ့အပေါ် ဝေဖန်နေကြတဲ့ “ ပြင်ပ ဆူညံသံ” တွေကို တိတ်ဆိတ်သွားအောင် လုပ်နိုင်ခဲ့တဲ့ အတွက် ကျေနပ်မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဒီပွဲမှာ ဖာရန်း တောရက်စ်ရဲ့ ပထမပိုင်း သွင်းဂိုး ၂ ဂိုး အပြင်၊ လာလီဂါ သမိုင်းမှာ အသက်အငယ်ဆုံး ပွဲပေါင်း ၁၀၀ ပြည့်သူ အဖြစ် မှတ်တမ်းဝင်သွားတဲ့ လာမင်း ယာမယ် (အသက် ၁၈ နှစ်၊ ၂၇၂ ရက်) နဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်တို့ ကလည်း တစ်ဂိုးစီ ထပ်မံ သွင်းယူပေးခဲ့ပါတယ်။

ဒီရာသီ လာလီဂါ ပြိုင်ပွဲမှာ ဘာစီလိုနာ အတွက် လာမင်း ယာမယ် (၁၅ ဂိုး) ပြီးရင် ဖာရန်း တောရက်စ် (၁၄ ဂိုး) က ဂိုးအများဆုံး သွင်းထားသူ ဖြစ်ပါတယ်။ ဖာရန်း တောရက်စ် အနေနဲ့ ဇန်နဝါရီ ၃၁ ရက် (အဲလ်ချီနဲ့ ပွဲ) နောက်ပိုင်း ပထမဆုံးအကြိမ် ဂိုးပြန်သွင်းနိုင်ခဲ့တာ ဖြစ်သလို၊ ဒီဇင်ဘာ ၆ ရက် နောက်ပိုင်း ပထမဆုံးအကြိမ် ၂ ဂိုး သွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဖာရန်း တောရက်စ်က သူဂိုးသွင်းပြီးနောက် အောင်ပွဲခံတဲ့ ဟန်ပန်ဟာ သူ ကြိုးစား အားထုတ်နေမှုကို လျစ်လျူရှုပြီး မကောင်းပြောနေသူတွေကို ရည်ရွယ်တာ ဖြစ်ကြောင်း အခုလို ပြောကြားခဲ့ပါတယ်။ “တိုက်စစ်မှူး တစ်ယောက်ဟာ သွင်းဂိုးတွေနဲ့ပဲ အမြဲတမ်း အကဲဖြတ်ခံရတယ် ဆိုတာ ရှင်းပါတယ်။ ကျွန်တော် ဂိုးမသွင်းနိုင်တာ အတော်ကြာသွားခဲ့ပြီ။ ဒါပေမယ့် ကြိုးစား အားထုတ်မှုက အမြဲတမ်း အရာ ထင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” လို့ ဖာရန်း တောရက်စ်က ဆိုပါတယ်။

ဆက်လက်ပြီး ဖာရန်း တောရက်စ်က “ကျွန်တော့် ပတ်ဝန်းကျင်မှာ ပြင်ပက ဆူညံသံတွေ အမြဲတမ်း ရှိနေတတ်ပါတယ်။ ကောင်းကွက်ထက် ဆိုးကွက်တွေ ကိုပဲ အများကြီး ပြောနေကြတာပါ။ အဲ့ဒါက လူတွေကို ဒေါသထွက်စေပါတယ်။ တစ်ခါတလေမှာ အရာရာက အဆင်မပြေ ဖြစ်တတ်ပေမယ့် အဲ့ဒါဟာ ကြိုးစားမှု မရှိလို့တော့ မဟုတ်ပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ဘာစီလိုနာဟာ သောကြာနေ့က ဂီရိုနာနဲ့ ၁-၁ သရေကျခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကို ၉ မှတ် ဖြတ်ပြီး လာလီဂါ ဇယားထိပ်မှာ ဆက်လက် ဦးဆောင်နေပါတယ်။ ဘာစီလိုနာဟာ ၂၀၁၇-၂၀၁၈ နဲ့ ၂၀၁၈-၂၀၁၉ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် လာလီဂါ ဖလားကို ၂ နှစ် ဆက်တိုက် သိမ်းပိုက်နိုင်ဖို့ အခြေအနေ ကောင်းနေပြီ ဖြစ်ပါတယ်။ 

ဒါပေမယ့် နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ ချန်ပီယံဆု အတွက် အဖြေမထွက်သေးဘူးလို့ သတိပေးထားပါတယ်။ “အရာရာ ပြီးဆုံးသွားပြီလို့ ပြောလို့ မရသေးပါဘူး။ ကျွန်တော်တို့ လုပ်စရာ ရှိတာတွေကို ဆက်လုပ်ရဦးမယ်။ ရပြီလို့ တွေးလိုက်တာဟာ မှားယွင်းတဲ့ စိတ်ဓာတ် ဖြစ်ပြီး အဲ့ဒါမျိုးကို ကျွန်တော် လက်မခံပါဘူး။ အရာရာ သေချာရေရာသွားတဲ့ အထိ ကျွန်တော်တို့ အကောင်းဆုံး ကစားသွားရမှာပါ။ အဓိက အချက်က အသင်းရဲ့ စိတ်ဓာတ်ပိုင်းပဲ ဖြစ်ပြီး ကျွန်တော်တို့ အရှိန်မလျှော့ဘဲ ဆက်သွားမှာပါ။” လို့ ဘာစီလိုနာ နည်းပြက ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်