၂၀၂၆ ကမ္ဘာ့ဖလားဟာ လီယွန်နယ် မက်ဆီ အတွက် အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ အတူ နောက်ဆုံး ပါဝင်မယ့် ပြိုင်ပွဲ ဖြစ်လာဖို့ သေချာသလောက် ရှိနေပါတယ်။ တဖက်မှာလည်း သူ့ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူ ကလည်း အသင်း လူစာရင်းထဲမှာ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်၊ ဆားဘီးယားနဲ့ မွန်တီနီဂရိုး အသင်းနဲ့ ပွဲမှာ ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့ချိန်က စလို့ ၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့ချိန် အထိ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ယောက် အဖြစ် သမိုင်းတွင်ခဲ့ပါတယ်။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား မှာတော့ မက်ဆီဟာ အသက် ၃၉ နှစ် အရွယ်ကို ရောက်ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ အခန်းကဏ္ဍက အရင် ပြိုင်ပွဲတွေလောက် အရေးမပါနိုင်တော့ဘူးလို့ ယူဆလို့ ရပါတယ်။ ဒါကြောင့်လည်း အာဂျင်တီးနား နည်းပြ လီယွန်နယ် စကယ်လိုနီ အနေနဲ့ မက်ဆီ မပါဝင်နိုင်တဲ့ အခြေအနေမှာ အသင်းကို ဦးဆောင်နိုင်မယ့် ကစားသမားသစ်တွေကို ရှာဖွေနေပြီး နီကို ပက်ဇ်ဟာ လက်ရှိမှာ အလားအလာ အရှိဆုံး လက်ရွေးစင် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
မကြာသေးခင်က ကစားခဲ့တဲ့ မောရီတေးနီးယားနဲ့ ခြေစမ်းပွဲမှာ နီကို ပက်ဇ်ဟာ ညာတောင်ပံ တိုက်စစ် နေရာ ကနေ ပွဲထွက် ကစားခွင့်ရခဲ့ပြီး ပွဲချိန် မိနစ် ၃၀ မှာ ရရှိတဲ့ ပြစ်ဒဏ်ဘောကို တိုက်ရိုက် ကန်သွင်းပြီး သူ့ရဲ့ ပထမဆုံး နိုင်ငံတကာ သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။ အဲဒီ သွင်းဂိုးဟာ အရန်ခုံမှာ ထိုင်ကြည့်နေတဲ့ မက်ဆီ ကိုယ်တိုင် ချီးကျူးရလောက်အောင် ကောင်းမွန်ခဲ့တာပါ။
အဆိုပါ ပွဲစဉ်မှာ နီကို ပက်ဇ်ဟာ ဂိုးသွင်းရုံသာမက ဘောလုံးဆွဲပြေးမှု (Dribble) ၃ ကြိမ်မှာ ၂ ကြိမ် အောင်မြင်ခဲ့သလို၊ ပြိုင်ဘက် ဂိုးဧရိယာ အတွင်း ဘောလုံး ထိချက် ၅ ကြိမ်နဲ့ ခံစစ်ပိုင်း ကူညီမှု ၄ ကြိမ် အထိ ပြုလုပ်ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
အီတလီ စီးရီးအေ ကလပ် ကိုမိုမှာ ကစားနေတဲ့ အသက် ၂၁ နှစ် အရွယ် နီကို ပက်ဇ်ဟာ ဒီရာသီမှာ အထူး ခြေစွမ်းပြနေပါတယ်။ ပက်ဇ်ဟာ ကိုမိုကို ကိုပါအီတလီယာ ဆီမီးဖိုင်နယ်ကို ပို့ဆောင်ပေးထားသလို၊ စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် (၄) နေရာမှာ ရပ်တည်နိုင်အောင် ကူညီပေးထားပါတယ်။

ပက်ဇ်ဟာ စီးရီးအေ ပွဲစဉ် ၂၉ ပွဲမှာ ၁၀ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှုလည်း ၆ ကြိမ် ပြုလုပ်ထားပါတယ်။ သူ့ရဲ့ ကိန်းဂဏန်းတွေအရ စီးရီးအေရဲ့ ထိပ်တန်း ကစားသမား ၅ ရာခိုင်နှုန်း အတွင်းမှာ ပါဝင်နေပြီး ဂိုးဖန်တီးမှု (၁၁ ကြိမ်)၊ ဂိုးပေါက်တည့်မှု (၄၁ ကြိမ်) နဲ့ တစ်ကိုယ်တော် ဘောလုံးဆွဲပြေးမှု (၅၅ ကြိမ်) စတဲ့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။
ကိုမို နည်းပြ ဆက်စ် ဖာဘရီဂတ်စ် ကလည်း နီကို ပက်ဇ်ကို နံပါတ် (၁၀) နေရာမှာ အဓိက အသုံးပြုလေ့ ရှိသလို ညာတောင်ပံနဲ့ ကွင်းလယ် နံပါတ် (၈) နေရာတွေမှာပါ ကစားနိုင်တဲ့ သူ့ရဲ့ ဘက်စုံ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပါတယ်။
အာဂျင်တီးနား နည်းပြ စကာလိုနီဟာ ၄-၃-၃ ကစားကွက်ကို အသုံးများတာကြောင့် နီကို ပက်ဇ် အနေနဲ့ မက်ဆီရဲ့ နေရာ ဖြစ်တဲ့ ညာတောင်ပံ တိုက်စစ်မှာ ပါဝင် ကစားရဖို့ ရှိနေပါတယ်။ အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလား မတိုင်ခင် ဟွန်ဒူးရပ်စ်၊ ဆားဘီးယားတို့နဲ့ ခြေစမ်းပွဲ ကစားဖို့ ရှိနေပါတယ်။ အဲဒီပွဲတွေ ပြီးရင်တော့ ဇွန်လ ၁၇ ရက်နေ့မှာ အဲလ်ဂျီးရီးယားနဲ့ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ်ကို စတင် ကစားရမှာ ဖြစ်ပါတယ်။အကယ်၍ နီကို ပက်ဇ် အနေနဲ့ ကိုမို အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့်ရအောင်နဲ့ ကိုပါအီတလီယာဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ရင် ကမ္ဘာ့ဖလားမှာ အာဂျင်တီးနား အသင်းရဲ့ လူစာရင်းထဲမှာတင်မကဘဲ ပွဲထွက်လူစာရင်း မှာပါ ပါဝင်လာနိုင်ပါတယ်။ မက်ဆီသာ အနားယူသွားခဲ့ရင် နီကို ပက်ဇ်ဟာ အာဂျင်တီးနားရဲ့ အနာဂတ်ကို ဦးဆောင်မယ့် ကစားသမားသစ် ဖြစ်လာဖို့ သေချာသလောက် ရှိနေကြောင်း ပြောကြားရင်း။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


