နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အဲလ်ဗာရက်ဇ်ကို စာချုပ်သစ်ကမ်းလှမ်းမယ့် အက်တလက်တီကိုကြောင့် အခက်တွေ့နေတဲ့ အာဆင်နယ်နဲ့ ဘာစီလိုနာ | လာလီဂါ

အက်သလက်တီကိုမက်ဒရစ် ကတော့ သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ အတွက် ကလပ်ရဲ့ လုပ်ခ လစာ အများဆုံး ကစားသမား ဖြစ်လာစေမယ့် စာချုပ်သစ် တစ်ရပ် ချုပ်ဆိုဖို့ ခိုင်မာတဲ့ ရည်ရွယ်ချက် ရှိနေကြောင်း သိရပါတယ်။ ဒါဟာ အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်နဲ့ လာလီဂါ ပြိုင်ဘက် ဘာစီလိုနာတို့ အတွက် သတင်းဆိုး တစ်ခုလည်း ဖြစ်ပါတယ်။ 

အသက် ၂၆ နှစ် အရွယ် ကမ္ဘာ့ဖလား ချန်ပီယံ အဲလ်ဗာရက်ဇ်ဟာ လာလီဂါ ကလပ် အက်တလက်တီကိုနဲ့ ၄ နှစ် စာချုပ် သက်တမ်း ကျန်ရှိနေသူပါ။ ဒါ့အပြင် သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေး ကလည်း ယူရို သန်း ၅၀၀ အထိ သတ်မှတ်ထားတာကြောင့် လက်ရှိ အခြေအနေအရ ဆိုရင်တော့ မက်ဒရစ် မှာပဲ အခိုင်အမာ ဆက်ရှိနေဖို့ များနေပါတယ်။ ဒါပေမယ့် မကြာသေးမီက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းရာ မှာတော့ အဲလ်ဗာရက်ဇ်က “ဘယ်သူသိမှာလဲ၊ ဖြစ်နိုင်သလို မဖြစ်နိုင်တာလည်း ရှိတာပဲ” လို့ ဝေဝေဝါးဝါး ဖြေကြားခဲ့တာကြောင့် မက်ထရိုပိုလီတာနို ကနေ ထွက်ခွာမယ့် သတင်းတွေ ပိုမို ကျယ်လောင်လာခဲ့တာပါ။

MARCA ရဲ့ ဖော်ပြချက်အရ အက်တလက်တီကိုမက်ဒရစ်ဟာ အဲလ်ဗာရက်ဇ်ကို လက်ရှိ ရရှိနေတဲ့ တစ်နှစ် လုပ်ခလစာ ဒေါ်လာ ၈.၁ သန်းကနေ ဒေါ်လာ ၁၁.၅ သန်း အထိ တိုးမြှင့်ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီပမာဏဟာ အသင်းရဲ့ လစာ အများဆုံး ကစားသမား ဖြစ်တဲ့ ဂိုးသမား ယန် အော်ဘလက်ခ်ရဲ့ လစာနဲ့ တန်းတူ ဖြစ်သွားမှာပါ။ အဲလ်ဗာရက်ဇ်ဟာ ဒီအစီအစဉ်ကို သိရှိထားပြီး ဖြစ်ပေမယ့် လာလီဂါ ကလပ်နဲ့ ဆွေးနွေးမှုတွေ ကတော့ တရားဝင် မစတင်သေးပါဘူး။

အဲလ်ဗာရက်ဇ်ဟာ ဒီအစီအစဉ်ကို သိရှိထားပြီး ဖြစ်ပေမယ့် လာလီဂါ ကလပ်နဲ့ ဆွေးနွေးမှုတွေ ကတော့ တရားဝင် မစတင်သေးပါဘူး။
အဲလ်ဗာရက်ဇ်ကို လုပ်ခလစာ တိုးပေးပြီး အသင်းမှာ ဆက်ထိန်းချင်နေတဲ့ အက်တလက်တီကိုမက်ဒရစ်

ငွေကြေး ချမ်းသာတဲ့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ထက်၊ ဘဏ္ဍာရေး အခက်အခဲကြောင့် လူငယ် အကယ်ဒမီ ကစားသမားတွေကို မနက်စာ အခမဲ့ ကျွေးတဲ့ စနစ် ကိုတောင် ဖျက်သိမ်းခဲ့ရတဲ့ ဘာစီလိုနာက အဲလ်ဗာရက်ဇ် အတွက် ပိုပြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိနေတာက ထူးခြားချက်တစ်ခုပါ။ အာဆင်နယ်ရဲ့ လုပ်ခ လစာ အများဆုံး ကစားသမား ဖြစ်တဲ့ ဘူကာယို ဆာကာ ဟာ တစ်နှစ်ကို ဒေါ်လာ ၂၀.၇ သန်း (အခွန်မနုတ်မီ) ရရှိနေပါတယ်။ အက်တလက်တီကိုက ကမ်းလှမ်းမယ့် အခွန်နုတ်ပြီးနောက် ဒေါ်လာ ၁၁.၅ သန်းဆိုတဲ့ ပမာဏဟာ အခွန်မနုတ်မီ တွက်ချက်မယ်ဆိုရင် ဒေါ်လာ ၂၁.၄ သန်းဝန်းကျင် ရှိမှာ ဖြစ်တာကြောင့် ဆာကာထက် ပိုများနေပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အသုံးစရိတ် အရမ်းများခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ညီညွတ်ဖို့ အတွက် ဒီနွေရာသီမှာ ကစားသမားတွေ ပြန်လည် ရောင်းချရဖို့ ရှိနေပါတယ်။

ဘာစီလိုနာ ကတော့ ငွေကြေး အကျပ်အတည်း ရှိနေပေမယ့် အသင်း ဥက္ကဋ္ဌ ယိုအန် လာပေါ်တာက ဘဏ္ဍာရေး အစီအမံတွေကို အသုံးချပြီး အသင်းကို အင်အား ဖြည့်တင်းလေ့ ရှိပါတယ်။ အသင်းရဲ့ ထိပ်တန်း လစာရ ကစားသမား လီဝမ်ဒေါစကီးဟာ တစ်နှစ်ကို ဒေါ်လာ ၂၇.၆ သန်း အထိ ရရှိနေပြီး၊ ၎င်းဟာ ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် လီဝမ်ဒေါစကီး အတွက် လစာပေးချေရမယ့် နေရာမှာ အဲလ်ဗာရက်ဇ်ကို အစားထိုးဖို့ ဘာစီလိုနာတို့ အခွင့်အရေး ရှိနေတာ ဖြစ်ပါတယ်။

အဓိက ပြဿနာ ကတော့ ပြောင်းရွှေ့ကြေး ဖြစ်ပါတယ်။ အက်တလက်တီကိုဟာ သူတို့ရဲ့ အဓိက ပြိုင်ဘက် အသင်းတွေကို ကစားသမား ရောင်းချဖို့ ဝန်လေးနေမှာ အသေအချာပါပဲ။ ၂၀၁၉ တုန်းက အန်တွန် ဂရစ်ဇ်မန်းကို ဘာစီလိုနာထံ ဒေါ်လာ ၁၃၄ သန်းနဲ့ ရောင်းချခဲ့ဖူးပေမယ့်၊ ၃ နှစ် အကြာ မှာတော့ ဒေါ်လာ ၂၁ သန်းတည်းနဲ့ ပြန်လည် ဝယ်ယူနိုင်ခဲ့တဲ့ သမိုင်းကြောင်းလည်း ရှိခဲ့ပါတယ်။

နိဂုံးချုပ် အနေနဲ့ ဆိုရင်တော့ အာဆင်နယ်ရော ဘာစီလိုနာပါ အဲလ်ဗာရက်ဇ်ကို ငွေကြေးအရ ယှဉ်ပြိုင် ကမ်းလှမ်းနိုင်စွမ်း ရှိကြပေမယ့်၊ ဒီလောက်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို တကယ်ပဲ စွန့်စား လုပ်ဆောင်ကြပါ့မလား ဆိုတာ ကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်