ဂျာမနီ လက်ရွေးစင် အသင်း နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းက လာမယ့် ကမ္ဘာ့ဖလား အတွက် ဟော့ဖန်ဟိမ်း အသင်းခေါင်းဆောင် အိုလီဗာ ဘောင်မန်းကို အသင်းရဲ့ ပထမ ဂိုးသမား အဖြစ် အသုံးပြုသွားမယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။ ဂျာမနီဟာ နော်အာ မရှိတော့တဲ့ နောက်ပိုင်း နံပါတ် ၁ ဂိုးသမား နေရာကို ဘယ်သူ့ကို လွှဲပြောင်းပေးမလဲ ဆိုတာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က အထိ မဆုံးဖြတ်ရသေးတာပါ။
ဂိုးသမားနေရာ အပြောင်းအလဲ
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၄ ကြိမ် ဆက်တိုက်နဲ့ ယူရို ၂၀၂၄ တို့မှာ နာမည်ကျော် ဂိုးသမားကြီး မန်နူရယ် နော်အာက နံပါတ် တစ် ဂိုးသမား အဖြစ် တာဝန်ယူခဲ့တာပါ။ ဒါပေမယ့် ယူရို ပြိုင်ပွဲ အပြီး မှာတော့ သူဟာ လက်ရွေးစင် အသင်း ကနေ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။ မူလက နော်အာရဲ့ နေရာမှာ အစားထိုးဖို့ ရေပန်းစားခဲ့တဲ့ တာစတီဂျန်ဟာ ၂၀၂၄-၂၅ ရာသီမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရသလို၊ ဘာစီလိုနာက ယိုအန် ဂါစီယာကို ခေါ်ယူခဲ့ပြီးနောက် မှာတော့ အသင်းရဲ့ ပွဲထွက်ခွင့်နေရာ ပျောက်ဆုံးခဲ့ရပါတယ်။
ဘောင်မန်းရဲ့ လက်စွမ်း
အသက် ၃၅ နှစ် အရွယ် ဘောင်မန်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၆ ပွဲစလုံးမှာ ပါဝင်ကစားခဲ့ပြီး ၄ ပွဲ အထိ ဂိုးမပေးရအောင် (Clean Sheet) စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဥရောပဇုန် ခြေစစ်ပွဲတွေမှာ စပိန် ဂိုးသမား အူနိုင်း ဆီမွန် (၅ ပွဲ) ပြီးရင် သူဟာ Clean Sheet အများဆုံး ရရှိထားတဲ့ ဂိုးသမားလည်း ဖြစ်ပါတယ်။
နူဘယ်ကို ပွဲထွက်စေမယ့် နေဂဲလ်စ်မန်း

လာမယ့် တနင်္လာနေ့ ဂါနာနဲ့ ကစားမယ့် ခြေစမ်းပွဲ မှာတော့ နေဂဲလ်စ်မန်းက နူဘယ်လ်ကို ပွဲထွက် ကစားစေမှာ ဖြစ်ပါတယ်။ ဒါဟာ ဂိုးသမား နေရာ အတွက် အစမ်းသပ်ခံခိုင်းတာ မဟုတ်ဘဲ သူ့ရဲ့ ရေရှည် လက်စွမ်းကောင်းတွေ အတွက် ဆုလာဘ် အနေနဲ့ သူကျွမ်းကျင်တဲ့ စတုဂတ်ကွင်း (MHPArena) မှာ ကစားခွင့်ပေးတာ ဖြစ်တယ်လို့ နေဂဲလ်စ်မန်းက ဆိုပါတယ်။
တဆက်တည်း မှာပဲ ဒေါ့မန် ကွင်းလယ်လူ အန်မီချာနဲ့ ပတ်သက်ပြီးတော့လည်း နေဂဲလ်စ်မန်းက စိုးရိမ်စရာ သတင်းတစ်ခု ကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အန်မီချာဟာ ဒူးဒဏ်ရာ ရရှိနေတာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲ အမီ ပြန်လည် သက်သာလာဖို့ မသေချာဘဲ ဖြစ်နေပါတယ်။ နည်းပြ နေဂဲလ်စ်မန်းက “သူ့ရဲ့ ဒဏ်ရာက ကျွန်တော်တို့ အတွက် မကောင်းပါဘူး။ ပြန်ကောင်းဖို့ အချိန် တစ်ခု လိုအပ်သလို ပြန်ကစားနိုင်ရင်တောင် နာကျင်မှု ကင်းကင်းနဲ့ ကစားနိုင်ပါ့မလားဆိုတာ မသေချာပါဘူး။ သူသာ ကမ္ဘာ့ဖလား လွဲချော်ခဲ့မယ် ဆိုရင် ဒါဟာ အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခု ဖြစ်ပါလိမ့်မယ်။” လို့ ပြောကြားခဲ့ပါတယ်။
နေဂဲလ်စ်မန်းဟာ လက်ရှိအချိန်ထိ ဂျာမနီ လက်ရွေးစင် အသင်းကို ပွဲပေါင်း ၃၀ ကိုင်တွယ်ထားပြီး ၁၈ ပွဲနိုင်၊ ၆ ပွဲ သရေ၊ ၆ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။ နေဂဲလ်စ်မန်းဟာ ဂျာမနီ လက်ရွေးစင် အသင်းကို လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ အောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးရမှာ ဖြစ်ပါတယ်။ အကယ်၍ ဂျာမနီသာ အောင်မြင်မှု မရခဲ့ဖူး ဆိုရင်တော့ နေဂဲလ်စ်မန်း တစ်ယောက် အသင်း ကနေ ထွက်ခွာပြီး ထိပ်တန်း ကလပ် အသင်း တစ်သင်းထံ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


