နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဖာမင်း လိုပက်ဇ် အတွက် ယူရို သန်း ၁၀၀ သုံးဖို့ အသင့် ရှိနေတဲ့ ယူနိုက်တက်၊ အသင်း ပြောင်းချင်နေပြန်တဲ့ အိဆက်ခ် | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ ဘာစီလိုနာ ကွင်းလယ်လူ ဖာမင်း လိုပက်ဇ်ကို ခေါ်ယူဖို့ အတွက် ယူရို သန်း ၁၀၀ အထိ အသုံးပြုဖို့ အသင့်ရှိနေပါတယ်။ ဒါပေမယ့် စပိန် လက်ရွေးစင် ကစားသမား ကတော့ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခြင်း မရှိဘူးလို့ သိရပါတယ်။

မန်ယူနိုက်တက်ဟာ လာမယ့် အပြောင်းအရွှေ့ ဈေးကွက်ဖွင့်တာနဲ့ ဂါလာတာဆာရေး ကွင်းလယ်လူ ဂါဘရီရယ် ဆာရာ အတွက် ကမ်းလှမ်းမှု ပြုလုပ်တော့မှာ ဖြစ်ကြောင်း တူရကီ သတင်း အရင်းအမြစ်တွေက ဖော်ပြပါတယ်။

အာဆင်နယ်ဟာ ညာနောက်ခံလူ အသစ် ရှာဖွေနေတာကြောင့် ဘန် ဝှိုက်ဟာ အသင်း ကနေ ထွက်ခွာရဖို့ ရှိနေပြီး သူ့ကို ခေါ်ယူဖို့ အဲဗာတန်က ထိပ်ဆုံး ကနေ ဦးဆောင်နေပါတယ်။

လေဗာကူဆင် ကနေ အငှားနဲ့ လာရောက် ကစားနေတဲ့ ပီယာရို ဟင်ကပ်ပီယေရဲ့ ခြေစွမ်း အပေါ် နည်းပြ အာတေးတား တယောက် စိတ်ပျက်နေတာကြောင့် အာဆင်နယ် အနေနဲ့ သူ့ကို အပြီးသတ် ခေါ်ယူဖို့ အစီအစဉ်ကို ပြန်လည် စဉ်းစားနေပါတယ်။

မန်ချက်စတာစီးတီးဟာ ပီအက်စ်ဂျီ တိုက်စစ် ကစားသမား ဘရက်ဒ်လေ ဘာကိုလာကို လာမယ့် နွေရာသီရဲ့ အဓိက စူပါစတား ခေါ်ယူမှု အဖြစ် ပစ်မှတ်ထားနေပါတယ်။

အလက်ဇန္တား အိဆက်ခ်ဟာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကနေ ထွက်ခွာခွင့် ရဖို့ သူ့ရဲ့ အေးဂျင့်တွေကို ပြောဆိုထားပြီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ အိဆက်ခ်ဟာ ပြီးခဲ့တဲ့ နှစ်ကလည်း လစ်ဗာပူးလ်ဆီ အသည်းအသန် ပြောင်းရွှေ့ချင်ခဲ့တာကြောင့် နယူးကာဆယ်ကို ဆန့်ကျင်မှုတွေ ပြုလုပ်ခဲ့ဖူးပြီး အခုလည်း အလားတူ လုပ်ရပ်မျိုး ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ် ကွင်းလယ်လူ ဆန်ဒရို တိုနာလီကို ခေါ်ယူဖို့ အတွက် အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီး အသင်းကြီး ၃သင်းစလုံးက အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် အန်တိုနီဘို ရူဒီဂါကို ခေါ်ယူဖို့ လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် တို့က စုံစမ်းမှုတွေ ပြုလုပ်ထားပါတယ်။ ရူဒီဂါ အနေနဲ့ လက်ရှိမှာ ခြေစွမ်းကောင်း ပြန်လည် ပြန်လည် ရရှိနေတာကြောင့် ရီးရဲလ်မက်ဒရစ် ဘက်က စာချုပ်သက်တမ်းတိုးသင့် မတိုးသင့် အပေါ် ပြန်လည် စဉ်းစားနေတယ်လို့လည်း သိရပါတယ်။

အလက်ဇန္တား အိဆက်ခ်ဟာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကနေ ထွက်ခွာခွင့် ရဖို့ သူ့ရဲ့ အေးဂျင့်တွေကို ပြောဆိုထားပြီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။
ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်နေပြန်တဲ့ အလက်ဇန္တား အိဆက်ခ်

ချဲလ်ဆီး အသင်းဟာ လူငယ် နောက်ခံလူ ဂျော့ရှ် အာချင်မ်ပေါင် အတွက် ယူရို သန်း ၃၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမှုတွေကို လက်ခံဖွယ် ရှိနေပါတယ်။ သူ့ကို လစ်ဗာပူးလ်၊ နယူးကာဆယ်တို့ အပြင် ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မန် တို့ကလည်း စောင့်ကြည့်နေပါတယ်။

တော့တင်ဟမ်ဟော့စပါး တာဝန်ရှိသူတွေဟာ ခရစ္စတီယန် ရိုမီယိုရဲ့ နောက်ဆုံး ပွဲစဉ်က ခြေစွမ်း အပေါ် အတော်လေး ဒေါသထွက်နေကြပြီး အပြောင်းအရွှေ့ ဈေးကွက် ဖွင့်ချိန်မှာ ကမ်းလှမ်းမှုတွေကို လက်ခံ ရောင်းချဖို့ ဆန္ဒရှိနေပြီ ဖြစ်ပါတယ်။

မိုနာကို အသင်းက မဂ်နက်စ် အက်လီယူချီနဲ့ လာမင်း ကာမာရာ တို့ကို မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ် တို့က အနီးကပ် စောင့်ကြည့်နေပါတယ်။

စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ပက်ဒရို ဂွန်ကဲလ်ဗက်စ်ကို အက်စတွန်ဗီလာက ပြန်လည် စိတ်ဝင်စားလာပါတယ်။

ဘိုလော့ဂ်နာ တိုက်စစ်မှူး ဆန်တီယာဂို ကက်စထရိုကို ခေါ်ယူချင်နေတဲ့ နော့တမ်ဟမ်ဖောရက်စ်နဲ့ ဝက်စ်ဟမ်း တို့ဟာ အေစီမီလန်ရဲ့ ကြားဖြတ် စိတ်ဝင်စားမှုကြောင့် အခက်တွေ့နေရပါတယ်။

ရလဒ်ဆိုးတွေကြောင့် ဖိအားများနေတဲ့ နည်းပြ လီယမ် ရိုစီနီယာရဲ့ ရာထူးက လက်ရှိအချိန်အထိ စိတ်ချရတဲ့ အနေအထားမှာ ရှိနေဆဲ ဖြစ်ပြီး တကယ်လို့ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ရင်တောင် ဘုတ်အဖွဲ့က ရိုစီနီယာကို နည်းပြ အဖြစ် ဆက်ထားဖို့ ဆုံးဖြတ်ထားပါတယ်။

ချဲလ်ဆီး အသင်းဟာ ပြိုင်ပွဲစုံ ၄ ပွဲ ဆက်တိုက် ရှုံးပွဲတွေ့ခဲ့ပြီးတဲ့နောက် ရိုစီနီယာရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ခန့်မှန်းသတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပေမယ့် အသင်းဘုတ်အဖွဲ့ တာဝန်ရှိသူတွေ ကတော့ တစ်ရာသီထဲမှာ နောက်တစ်ကြိမ် နည်းပြ အပြောင်းအလဲ လုပ်ဖို့ အစီအစဉ် မရှိပါဘူး။ ချဲလ်ဆီး အသင်း ပိုင်ရှင်တွေဟာ ရာသီ လက်ကျန်ပွဲတွေမှာ အရမ်းဆိုးဆိုးရွားရွား ဖြစ်မှပဲ နွေရာသီကျရင် နည်းပြ အပြောင်းအလဲ မဖြစ်မနေလုပ်သွားဖို့ ရှိပေမယ့် အဲဒီလောက်အထိ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်နေကြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်