နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

လစ်ဗာပူးလ်ရဲ့ “ခြေစွမ်းကောင်း တစ်ခုကို ရေရှည် ထိန်းထားနိုင်ခြင်း မရှိတဲ့” ပြဿနာကို အမြန်ဆုံး အဆုံးသတ်ရမယ် ဆိုတဲ့ ဗန်ဒိုက်ခ် | ပရီးမီးယားလိဂ်

လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ မတ်လ အတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ရမှတ် ၁ မှတ်သာ ရရှိထားခဲ့ပါတယ်။ ဒါကြောင့် အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ခ်က အသင်းရဲ့ လက်ရှိ ခြေစွမ်းက ပြောင်းလဲမှ ဖြစ်တော့မယ်လို့ သတိပေးလိုက်ပါတယ်။ 

ဗန်ဒိုက်ခ်က လက်ရှိမှာ ရုန်းကန်နေရတဲ့ လစ်ဗာပူးလ် အတွက် အရေးကြီးတဲ့ ရာသီပိတ်ကာလ မတိုင်ခင် ပြတ်သားတဲ့ တိုက်တွန်းမှု တစ်ခု ပြုလုပ်လိုက်တာလည်း ဖြစ်ပါတယ်။ ဗန်ဒိုက်ခ်က အသင်း အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရချင်တယ် ဆိုရင် “ခြေစွမ်းကောင်း တစ်ခုကို ရေရှည် ထိန်းထားနိုင်ခြင်း မရှိတဲ့” ပြဿနာကို အမြန်ဆုံး အဆုံးသတ်ရမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ဘရိုက်တန်ကို ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် လစ်ဗာပူးလ်ဟာ မတ်လ အတွင်း ပရီးမီးယားလိဂ်မှာ တစ်ပွဲမှ အနိုင်မရဘဲ အဆုံးသတ်ခဲ့ရပါတယ်။ နည်းပြ အာနေး ဆလော့တ်ရဲ့ အသင်းက လက်ရှိ အဆင့် (၅) နေရာမှာ ရှိနေပြီး အဆင့် (၆) က ချဲလ်ဆီးနဲ့လည်း (၁) မှတ်သာ ကွာဟပါတော့တယ်။

ဒါကြောင့် အသင်းခေါင်းဆောင် ဗန်ဒိုက်ခ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ပြီးခဲ့တဲ့လ အနည်းငယ် ကတည်းက ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့မှာ ခြေစွမ်းကောင်း တစ်ခုကို ဆက်တိုက် ထိန်းထားနိုင်စွမ်း မရှိပါဘူး။ ဒါဟာ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အတွက် ဆိုရင် မဖြစ်မနေ ပြောင်းလဲရမယ့် အချက်ပါ။ ဒါဟာ ကစားသမားတွေနဲ့ အသင်းသား အားလုံး အပေါ် မှာပဲ မူတည်ပါတယ်။ အဲ့ဒီအချက်ကို ပြောင်းလဲနိုင်ရင် ကျွန်တော် တို့က အရမ်းကို ကြောက်ဖို့ ကောင်းတဲ့ အသင်းဖြစ်လာမှာပါ။ ဒါပေမယ့် အခုလောလောဆယ် မှာတော့ အဲ့ဒီလို မဟုတ်သေးပါဘူး။” လို့ နယ်သာလန် ခံစစ်မှူးကြီးက ဆိုပါတယ်။

ဒါကြောင့် လစ်ဗာပူးလ်က တစ်ရာသီလုံး ပရီးမီးယားလိဂ် မကန်ပဲ ချန်ပီယံလိဂ်ပဲ ကန်ချင်နေတယ်လို့ စနောက်မှုတွေပါ ရှိနေခဲ့ပါတယ်။
ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းပြီး ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးနေတဲ့ လစ်ဗာပူးလ်

လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် အဆင့် ၅ နေရာ အထိ ကျဆင်းသွားခဲ့ရခြင်း အကြောင်းရင်း များစွား ရှိနေပါတယ်။ အဓိက ကတော့ ကစားသမားသစ်တွေ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာ၊ ဒဏ်ရာ ပြဿနာတွေနဲ့ မိုဟာမက် ဆာလာရဲ့ ခြေစွမ်းကျဆင်းမှုတွေ အပြင် နည်းပြ အာနေး ဆလော့တ်ရဲ့ နည်းဗျူဟာပိုင်း အားနည်းချက်တွေလည်း ပါဝင်နေပါတယ်။ ဒါပေမယ့် အဆိုးရွားဆုံး ကတော့ ဗာဂျယ် ဗန်ဒိုက်ခ် ပြောသလိုပဲ မတည်ငြိမ်တဲ့ ခြေစွမ်း ဖြစ်ပါတယ်။ 

လစ်ဗာပူးလ်ဟာ ဥရောပပွဲစဉ်တွေမှာ ဂိုးပြတ် နိုင်လိုက်၊ နောက်ရက် ပရီးမီးယားလိဂ် ပွဲမှာ ရှုံးလိုက်နဲ့ အရှေ့တစ်လှမ်းတက်၊ အနောက် နှစ်လှမ်းဆုတ် ဖြစ်နေပါတယ်။ ဥပမာ အားဖြသ့် ဇန်နဝါရီ ၂၁ ရက် ချန်ပီယံလိဂ်မှာ မာဆေးလ်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ လစ်ဗာပူးလ်က ဇန်နဝါရီ ၂၄ ရက် ပရီးမီးယားလိဂ်မှာ ဘုန်းမောက်ကို ၃-၂ နဲ့ ရှုံးခဲ့ပါတယ်။ မတ်လ ၁၈ ရက် ချန်ပီယံလိဂ်မှာ ဂါလာတာဆာရေးကို ၄-၀ နဲ့ နိုင်ပြီးနောက် မတ်လ ၂၁ ရက် ပရီးမီးယားလိဂ်မှာ ဘရိုက်တန်ကို ၂-၁ နဲ့ ရှုံးခဲ့ပါတယ်။ ဒါကြောင့် လစ်ဗာပူးလ်က တစ်ရာသီလုံး ပရီးမီးယားလိဂ် မကန်ပဲ ချန်ပီယံလိဂ်ပဲ ကန်ချင်နေတယ်လို့ စနောက်မှုတွေပါ ရှိနေခဲ့ပါတယ်။

လက်ရှိမှာ လစ်ဗာပူးလ်က ဒဏ်ရာ ပြဿနာတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။ အလက်ဇန္တား အိဆက်၊ အန်ဒို၊ ကော်နာ ဘရက်ဒ်လေနဲ့ ဂျီယိုဗန်နီ လီယွန်နီတို့ အပြင် လက်ရှိမှာ မိုဟာမက် ဆာလာ (ကြွက်သားဒဏ်ရာ)၊ အလီဆွန် ဘက်ကာ (ကာလရှည် အနားယူရဖွယ် ရှိ)၊ ဟူဂို အစ်ကီတီကေး (ဘရိုက်တန်နဲ့ပွဲမှာ ဒဏ်ရာရရှိ) တို့လည်း လစ်ဗာပူးလ်ရဲ့ ပွဲစဉ်တွေကို လွဲချော်ဖို့ ရှိနေပါတယ်။ အထူးသဖြင့် အသင်းရဲ့ တိုက်စစ်မှူး ဟူဂို အစ်ကီတီကေး ဒဏ်ရာရသွားတာက အသင်းရဲ့ တိုက်စစ် ကစားဟန်ကို ပြောင်းလဲသွားစေတယ်လို့ ဗန်ဒိုက်ခ်က ဆိုပါတယ်။ ဒါပေမယ့် သူက ဒဏ်ရာတွေ အပေါ် အပြစ်ပုံချမနေဘဲ အဓိက ပြဿနာက “ခြေစွမ်းကောင်းကို ဆက်မထိန်းထားနိုင်တာ” ပဲ ဖြစ်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်