ချဲလ်ဆီး ကတော့ ရာသီ အတွက် အဆုံးအဖြတ်ပေးမယ့် အရေးကြီးတဲ့ အချိန်ကာလကို ရောက်ရှိနေပေမယ့် ရလဒ်တွေ ဆက်တိုက် ဆိုးရွားကျဆင်းနေပါတယ်။ ချဲလ်ဆီးဟာ နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင် ပြိုင်ပွဲစုံ ၄ ပွဲဆက် ရှုံးထားပြီး ပရီးမီးယားလိဂ် မှာတော့ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲ ရှုံးထားပါတယ်။
အဲဒီ ၄ ပွဲ အတွင်း မှာတင် ပေးဂိုး ၁၂ ဂိုး အထိ ရှိလာခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရသလို၊ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အမှတ်ပေးဇယား ရပ်တည်မှု မှာလည်း ရမှတ် ကွာဟချက်တွေ များလာနေခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက လာမယ့် ဧပြီလထဲမှာ မန်စီးတီး၊ မန်ချက်စတာယူနိုက်တက် တို့လို ပရီးမီးယားလိဂ် ထိပ်သီးတွေနဲ့ ဆက်တိုက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒါကြောင့် ချဲလ်ဆီး နည်းပြ လီယမ် ရိုစီနီယာ အနေနဲ့ အသင်းကို လက်ရှိ ပုံစံ အတိုင်း ရှေ့ဆက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ဒါဆို နိုင်ငံတကာ အားလပ်ရက် နှစ်ပတ်တာ အတွင်း ရိုစီနီယာ အနေနဲ့ ဘာတွေ ဖြေရှင်းဖို့ လိုအပ်မလဲ ဆိုတာ ကြည့်ရအောင်ပါ။
၁။ ရောဘတ် ဆန်းချက်ဇ်ရဲ့ ယုံကြည်မှုကို ပြန်လည် တည်ဆောက်ခြင်း
နည်းပြသစ် ရိုစီနီယာ လက်ထက်မှာ အထိနာဆုံး ကစားသမား ကတော့ ဂိုးသမား ရောဘတ် ဆန်းချက်ဇ် ဖြစ်ပါတယ်။ ဆန်းချက်ဇ်က နည်းပြဟောင်း မာရက်စကာ လက်ထက်မှာ ခြေစွမ်းပြနေခဲ့ပေမယ့် နည်းပြသစ် ရောက်လာပြီး နောက်ပိုင်း မှာတော့ အမှားအယွင်းတွေ ဆက်တိုက် ကျူးလွန်လာခဲ့ပါတယ်။ ဆန်းချက်ဇ်ကို အရန်ခုံ ပို့ပြီး အစားထိုးခဲ့တဲ့ ဖိလစ်ပ် ဂျော်ဂျန်ဆင် ကလည်း ပီအက်စ်ဂျီနဲ့ ပွဲမှာ အဆိုးရွားဆုံး ခြေစွမ်းပြခဲ့သလို အခုအခါ မှာလည်း ခွဲစိတ်မှု ခံယူထားရပါတယ်။

ဒါကြောင့် ဆန်းချက်ဇ် အနေနဲ့ အသင်းရဲ့ အဓိက ဂိုးသမား နေရာကို ပြန်ရမှာ ဖြစ်ပေမယ့် နည်းပြရဲ့ လျစ်လျူရှုခြင်း ခံထားရတဲ့ အတွက် ယုံကြည်မှုတွေ ပျောက်ဆုံးနေပါတယ်။ နည်းပြ အနေနဲ့ ဆန်းချက်ဇ်ရဲ့ အားနည်းချက်ကို ဖုံးကွယ်ပေးနိုင်မယ့် နည်းဗျူဟာပိုင်း ပြောင်းလဲမှုတွေကို အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
၂။ ခံစစ်ဒဏ်ရာ ပြဿနာတွေကို နည်းဗျူဟာနဲ့ ကျော်လွှားခြင်း
တိုက်စစ်က တီထွင် ဖန်တီးမှု အားနည်းတာထက် ချဲလ်ဆီးရဲ့ ခံစစ်ပိုင်း ပျက်ယွင်းနေတာက ပိုပြီး စိုးရိမ်စရာ ဖြစ်နေပါတယ်။ ကစားသမားတွေဟာ နေရာယူမှု မှားယွင်းနေကြသလို အချင်းချင်း နားလည်မှုလည်း လုံးဝ မရှိကြပါဘူး။ ဒါ့အပြင် အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ်ဟာ တံကေကာက်ကြော ဒဏ်ရာရသွားသလို၊ ထရီဗော့ ချာလိုဘာ ကလည်း ခြေချင်းဝတ် ဒဏ်ရာကြောင့် ၆ ပတ်ခန့် နားနေရဦးမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဝက်စလေ ဖိုဖာနာ ကလည်း ခြေစွမ်းကျနေပြီး လူငယ် ကစားသမား အာချင်မ်ပေါင် ကလည်း အတွေ့အကြုံပိုင်း လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ဒါကြောင့် မတည်ငြိမ်တဲ့ ခံစစ်ပိုင်းကို ဘယ်လို ပြန်လည် တည်ငြိမ်အောင် လုပ်မလဲ ဆိုတာက ရိုစီနီယာ အတွက် ပဟေဠိ ဖြစ်နေဦးမှာ သေချာပါတယ်။
၃။ အက်စတီဗာအို အတွက် အစီအစဉ်ကောင်းတစ်ခု ရှာဖွေခြင်း
ဘရာဇီးလ် ကြယ်ပွင့်လေး အက်စတီဗာအိုဟာ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာပြီ ဖြစ်တာကြောင့် ချဲလ်ဆီးရဲ့ ထိုင်းမှိုင်းနေတဲ့ တိုက်စစ်အတွက် အားဆေး တစ်ခွက် ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သူ့ကို ဘယ်နေရာမှာ ထားကစားမလဲ ဆိုတာက ပြဿနာပါ။ အက်စတီဗာအိုဟာ ညာတောင်ပံမှာ အကောင်းဆုံး ကစားနိုင်သူ ဖြစ်ပေမယ့် အဲ့ဒီနေရာမှာ ကိုးလ် ပါးလ်မား ရှိနေပါတယ်။ ပါးလ်မားကို ကွင်းလယ်မှာ သုံးမယ် ဆိုရင်လည်း အန်ဇို ဖာနန်ဒက်စ် ရှိနေပြန်ပါတယ်။ ဒါပေမယ့် အသင်းရဲ့ တိုက်စစ် အတွက် အက်စတီဗာအိုရဲ့ တီထွင် ဖန်တီးနိုင်စွမ်းကို ချဲလ်ဆီး ပရိသတ်တွေ ကတော့ အသုံးချစေချင်နေကြပါလိမ့်မယ်။
၄။ အကောင်းဆုံး ကွင်းလယ်အတွဲအဖက်ကို ဖော်ထုတ်ခြင်း
လောလောဆယ် အန်ဇို ဖာနန်ဒက်စ်ရဲ့ ကွင်းလယ် အခန်းကဏ္ဍ ကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ရိုစီနီယာ လက်ထက်မှာ အန်ဇိုကို တိုက်စစ်ဆင်တဲ့ နေရာမှာ ထားကစားပေမယ့် အရင်လို ပွဲကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပါဘူး။ နည်းပြအနေနဲ့ အန်ဇိုကို မွိုက်ဆက်စ် ကိုင်စီဒိုနဲ့ အတူ အထိုင်ချပြီး ကစားစေမလား၊ ဒါမှမဟုတ် တခြား ကစားသမားတွေနဲ့ တွဲဖက်မလား ဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရပါတော့မယ်။ ကွင်းလယ် ဆိုတာ အသင်း တသင်းရဲ့ ကျောရိုး ဖြစ်တာကြောင့် မတည်ငြိမ်ဘဲ ခဏခဏ ပြောင်းလဲနေတာဟာ အသင်းကို အားနည်းစေပါတယ်။
ဒါတွေ ကတော့ ချဲလ်ဆီးတို့ နိုင်ငံတကာ ရက်သတ္တပတ်တွေ အတွင်း အလျင်အမြန် ပြင်ဆင်နိုင်ဖို့ လိုအပ်နေတဲ့ အရာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ ရိုစီနီယာဟာ အစပိုင်းမှာ ဟုတ်သလို ရှိခဲ့ပေမယ့် အခုတော့ ချဲလ်ဆီးလို အသင်းကြီး တစ်သင်းကို ကိုင်တွယ်ဖို့ အရည်အချင်း ပြည့်မီရဲ့လား ဆိုတဲ့ မေးခွန်းတွေ ထုတ်ခံနေရပါပြီ။ ချဲလ်ဆီးဟာ ရာသီကုန်ချိန်အထိ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား တို့သာ ကစားဖို့ ကျန်ရှိနေပါတယ်။ အကယ်၍ ဒီပြိုင်ပွဲ နှစ်ခုမှာ မျှော်မှန်းထားတဲ့ အောင်မြင်မှု မရခဲ့ရင်တော့ ရိုစီနီယာ တစ်ယောက် ထုံးစံ အတိုင်း စတန်းဖို့ဒ်ဘရစ်ချ် ကနေ အထုပ်ဆွဲ ဂျောင်းရဖွယ် ရှိကြောင်း ပြောကြားရင်း…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


