ညက နော့တင်ဟမ်ဖောရက်စ် ကတော့ ဥရောပ ပြိုင်ပွဲ သမိုင်းတစ်လျှောက် သူတို့ရဲ့ ပထမဆုံးသော ပင်နယ်တီ အဆုံးအဖြတ် အနိုင်ရလဒ်နဲ့ အတူ မစ်ဂျယ်လန်းကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဗစ်တာ ပါရဲရားရဲ့ အသင်းက ဒုတိယအကျော့ ပုံမှန် ပွဲကစားချိန်မှာ ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၂-၂ ဂိုးစီ သရေကျခဲ့ပါတယ်။ ပင်နယ်တီ အဆုံးအဖြတ် မှာတော့ ဖောရက်စ်က ၃-၀ နဲ့ အပြတ်အသတ် အနိုင်ရကာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် နေရာ တစ်နေရာကို အပိုင်ယူနိုင်ခဲ့တာပါ။
ပွဲစဉ်အကျဉ်း
ပြီးခဲ့တဲ့ တပတ်က စီးတီးဂရောင်းမှာ ကစားခဲ့တဲ့ ပထမအကျော့တုန်းက အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့လို့ ဖောရက်စ်တို့ ဖိအား ရှိနေခဲ့တာပါ။ ဒါပေမယ့် မစ်ဂျယ်လန်း အိမ်ကွင်းမှာ ကစားတဲ့ ဒုတိယအကျော့ မှာတော့ ဖောရက်စ်တို့ ပွဲစကတည်းက ပွဲကို စိုးမိုးထားနိုင်ခဲ့ပါတယ်။ ဂျိမ်းစ် မက်အတီးရဲ့ ဖြတ်တင်ဘော ကနေ ရိုင်ယန် ယေးစ်ရဲ့ ကန်ချက် ဂိုးဘားတန်း ထိခဲ့သလို၊ မိုရာတိုရဲ့ ကန်ချက် ကိုလည်း မစ်ဂျယ်လန်း နောက်ခံလူ ဖိလစ် ဘေးလင်းက ဂိုးစည်းပေါ် ကနေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
ပွဲချိန် မိနစ် ၄၀ မှာတော့ ဒိုမင်ဂွက်ဇ်က ခေါင်းတိုက်ပြီး ဖောရက်စ် အတွက် အဖွင့်ဂိုးကို လှလှပပ သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းအစ ၇ မိနစ်မှာပဲ ရိုင်ယန် ယေးစ်က သူ မသန်တဲ့ ဘယ်ခြေနဲ့ ဧရိယာအပြင် ကနေ အဝေးကန်ချက်နဲ့ ဒုတိယဂိုး သွင်းယူပေးခဲ့လို့ ဖောရက်စ်တို့ နှစ်ကျော့ပေါင်း ရလဒ်မှာ ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဖောရက်စ်တို့ ပွဲကို လုံးဝ ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ ပွဲချိန် ၆၉ မိနစ်မှာ မစ်ဂျယ်လန်း နောက်ခံလူ မာတင် အာလစ်က အနီးကပ် half-volley ကန်ချက်နဲ့ ချေပဂိုး တစ်ဂိုး ပြန်သွင်းခဲ့လို့ ပွဲက ပြန်လည် အကြိတ်အနယ် ဖြစ်သွားခဲ့ပါတယ်။ ပွဲချိန် ၁၁၈ မိနစ်မှာ ရိုင်ယန် ယေးစ်က နောက်ထပ်ဂိုး တစ်ဂိုး သွင်းခဲ့သေးပေမယ့် လူကျွံဘော အဖြစ် သတ်မှတ်ခံခဲ့ရလို့ အချိန်ပို အထိ သရေကျနေခဲ့ပါတယ်။
ပင်နယ်တီ အဆုံးအဖြတ် မှာတော့ ဖောရက်စ်က မော်ဂန် ဂစ်ဘ်-ဝှိုက်၊ ဆန်ဂါရေးနဲ့ နီကို ဝီလီယမ်စ် တို့က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ပါတယ်။ တစ်ဖက် မှာတော့ မစ်ဂျယ်လန်း အသင်းရဲ့ ကန်ချက် ၃ ကြိမ်စလုံး လွဲချော်ခဲ့ပြီး နောက်ဆုံး ကန်သွင်းတဲ့ အက်ဒဝပ် ချီလူဖ်ယာဟာ ကန်သွင်းခါနီးမှာ ချော်လဲသွားခဲ့လို့ ဘောလုံးက ဂိုးဘား အပေါ် ကနေ ကျော်ထွက်သွားပြီး ဖောရက်စ်တို့ အောင်ပွဲခံနိုင်ခဲ့တာပါ။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
ဖောရက်စ်ဟာ ယူအီးအက်ဖ်အေဖလား/ ယူရိုပါလိဂ် သမိုင်းမှာ ပထမအကျော့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့် အဝေးကွင်းမှာ ပြန်လည် အနိုင်ယူပြီး နောက်တစ်ဆင့် တက်နိုင်တဲ့ ပထမဆုံးသော အင်္ဂလန် ကလပ် ဖြစ်လာခဲ့ပါတယ်။ ဖောရက်စ်ဟာ ဒီပွဲမှာ ဂိုးပေါက်ခြိမ်းခြောက်မှု အကြိမ် ၂၀ အထိ ပြုလုပ်နိုင်ခဲ့ပြီး မျှော်မှန်းဂိုး (xG) ၂.၀၃ အထိ ရှိခဲ့ပါတယ်။ ဒီရာသီ ယူရိုပါလိဂ် ၁၂ ပွဲမှာ ဖောရက်စ်တို့ ၂၁ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ်မှာ ပွဲ ၃၀ ကစားပြီး သွင်းဂိုး ၂၈ ဂိုးနဲ့ ယှဉ်ရင် သိသိသာသာကို ပိုကောင်းမွန်နေတာပဲ ဖြစ်ပါတယ်။ နော့တင်ဟမ်ဖောရက်စ်ဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် မှာတော့ ပေါ်တိုနဲ့ ရင်ဆိုင်ရမှာ ဖြစ်တာကြေင့် လွယ်ကူဖို့တော့ မရှိပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


