နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆီမီညိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ လိဒ်စ်ကို ခက်ခက်ခဲခဲ အနိုင်ရခဲ့တဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး စနေနေ့ညရဲ့ ပရီးမီးယားလိဂ် နောက်ကျပွဲစဉ် တစ်ပွဲ မှာတော့ မန်ချက်စတာစီးတီးက လိဒ်စ်ယူနိုက်တက်ကို အယ်လန်ရုတ်ဒ်မှာ ၀-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးက တိုက်စစ်မှူး အာလင်း ဟာလန်း မပါဝင်နိုင်ခဲ့ပေမဲ့လည်း အန်တိုနီယို ဆီမီညိုရဲ့ သွင်းဂိုးနဲ့ လိဒ်စ်ယူနိုက်တက်ကို အနိုင်ယူပြီး ချန်ပီယံဆု မျှော်လင့်ချက်ကို ဆက်လက် ရှင်သန်စေခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဒန်နီရယ် ဖာကီရဲ့ အသင်းက ၅-၄-၁ အခင်းအကျင်းနဲ့ မန်စီးတီးကို ရင်ဆိုင်သွားခဲ့ပြီး အိုကာဖောက လွဲလို့ လူစုံခဲ့ပါတယ်။ မန်စီးတီး ဘက်မှာတော့ ကြံ့ခိုင်မှု အဆင်မပြေခဲ့တဲ့ အာလင်း ဟာလန်း၊ ဂဗာဒီယိုလ် တို့က လွဲလို့ လူစုံခဲ့ကာ ဂွါဒီယိုလာ အနေနဲ့ တိုက်စစ်မှာ ဆီမီညိုနဲ့ မာမွတ်ရှ်ကို တွဲဖက် အသုံးပြုခဲ့ပါတယ်။ မန်စီးတီးဟာ ဘာနာဒို၊ ချာကီ၊ ရိုဒရီ၊ ဒီးရာ့စ်၊ ဂူဟီ၊ နျူရီ တို့နဲ့ ပွဲထွက်လာပေမယ့်လည်း ပွဲအစပိုင်းမှာ အနည်းငယ် ရုန်းကန်ခဲ့ရပါတယ်။

အမှတ်ပေးဇယား ထိပ်ဆုံးက ဦးဆောင်နေတဲ့ အာဆင်နယ်ကို ၂ မှတ် အကွာ အထိ လိုက်လံ ဖိအားပေးနိုင်ဖို့ အတွက် မန်ချက်စတာစီးတီးဟာ အားပိုစိုက်လာခဲ့ပေမယ့် ဟာလန်း မပါနိုင်ခဲ့တာကြောင့် တိုက်စစ်ပိုင်းက အားနည်းခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

မန်စီးတီး အတွက် ကတော့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဓိက ပြိုင်ဘက် ဖြစ်တဲ့ အာဆင်နယ်တို့ ချဲလ်ဆီးနဲ့ တွေ့ဆုံနေချိန်မှာ အခွင့်ကောင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဟာလန်း မပါပဲ နိုင်ပွဲ ရခဲ့တဲ့ မန်ချက်စတာစီးတီး

ပထမပိုင်းမှာ လိဒ်စ်ယူနိုက်တက်က အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ပြီး မန်စီးတီးကို အကျပ်ရိုက်စေခဲ့ပါတယ်။ ပွဲအစ ၃ မိနစ်မှာတင် ဒေါမင်နစ် ကဲလ်ဗတ်-လီဝင်း တစ်ယောက် အာရွန်ဆင်ရဲ့ ဖြတ်တင်ဘော ကနေ အခွင့်အရေးရခဲ့ပေမယ့် လွဲချော်ခဲ့သလို၊ အာရွန်ဆင် ကိုယ်တိုင်လည်း အပိုင်အခွင့်အရေး နှစ်ကြိမ်တိုင်တိုင်ကို ဖြုန်းတီးခဲ့ပါတယ်။ လိဒ်စ်တို့ အခွင့်အရေးတွေ လွဲချော်နေချိန်မှာပဲ ပထမပိုင်း နာကျင်အချိန်ပို မှာတော့ မန်စီးတီးတို့ ဂိုးရသွားခဲ့ပါတယ်။ ရေယန် ချာကီရဲ့ ဖန်တီးပေးမှု ကနေ တစ်ဆင့် ရေယန် အစ်နူရီက ဂိုးရှေ့ ဖြတ်တင်ပေးတာကို ဆီီုညိုက အဆုံးသတ်ကာ မန်စီးတီး အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း မှာတော့ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ထိန်းကစားသွားခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ နှစ်ဖက် ကစားသမားတွေ အခြေအတင် ဖြစ်ခဲ့ကြပြီး လိဒ်စ်ယူနိုက်တက် နည်းပြ ဒန်နီယယ် ဖာကီဟာ ရိုင်းစိုင်းတဲ့ စကားလုံးတွေ သုံးနှုန်းခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အာလင်း ဟာလန်း ရောက်လာပြီးကတည်းက မန်စီးတီးဟာ ဟာလန်း မပါတဲ့ ပရီးမီးယားလိဂ် ၁၈ ပွဲမှာ ၁၄ ပွဲ အထိ အနိုင်ရထားပြီး နိုင်ပွဲ ရရှိမှုနှုန်း ၇၈ ရာခိုင်နှုန်း အထိ ရှိနေပါတယ်။ ဆီမီညိုဟာ ဒီရာသီမှာ ဂိုးပါဝင် ပတ်သက်မှု ၁၈ ကြိမ် (၁၄ ဂိုးသွင်း၊ ၄ ဂိုးဖန်တီး) အထိ ရှိလာခဲ့ပါတယ်။ သူဟာ ဒီရာသီအတွင်း အယ်လန်ရုဒ်ကွင်းမှာ အသင်း နှစ်သင်း (ဘုန်းမောက်နဲ့ မန်စီးတီး) အတွက် ဂိုးသွင်းပေးနိုင်တဲ့ ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

နှစ်သင်းစလုံး ဂိုးပေါက် ခြိမ်းခြောက်မှု ၁၄ ကြိမ်စီနဲ့ တူညီခဲ့ကြပေမယ့် ဂိုးပေါက်တည့်မှု မှာတော့ မန်ချက်စတာစီးတီးက ၅ ကြိမ်၊ လိဒ်စ်ယူနိုက်တက်က ၂ ကြိမ်သာ ရှိခဲ့ပါတယ်။ မျှော်မှန်းဂိုး (xG) အရလည်း စီးတီးက ၁.၇၇ နဲ့ လိဒ်စ်ရဲ့ ၁.၄၇ ထက် အနည်းငယ် ပိုပြီး အသာရခဲ့တာ တွေ့ရပါတယ်။

မန်စီးတီး အတွက် ကတော့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဓိက ပြိုင်ဘက် ဖြစ်တဲ့ အာဆင်နယ်တို့ ချဲလ်ဆီးနဲ့ တွေ့ဆုံနေချိန်မှာ အခွင့်ကောင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ မန်စီးတီးတို့ အနည်းငယ် အကျပ်ရိုက်ခဲ့ပေမယ့် အသင်းကြီး တစ်သင်းရဲ့ သမ္ဘာနဲ့ နိုင်ပွဲ ရအောင် ယူပြသွားခဲ့တာ ဖြစ်ပါတယ်။ 

မန်စီးတီးဟာ လာမယ့် ပွဲစဉ် အဖြစ် မတ်လ ၅ ရက်နေ့မှာ နော့တင်ဟမ်ဖောရက်စ်နဲ့ ကစားရမှာ ဖြစ်ပြီး တန်းဆင်းဇုန် ဖိအားတွေ ရှိနေဆဲ ဖြစ်တဲ့ လိဒ်စ် ကတော့ မတ်လ ၄ ရက်နေ့မှာ ဆန်းဒါးလန်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်