ဒီကနေ့ ညနေပိုင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အော်ရီလီယန် ချူအာမန်နီကို လာမယ့် နွေရာသီမှာ ကမ်းလှမ်းဖို့ စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ဘက်က ဘယ်ကမ်းလှမ်းမှု ကိုမှ လက်ခံ စဉ်းစားမှာ မဟုတ်ကြောင်း ရှင်းလင်းစွာ အသိပေးထားတယ်လို့ သိရပါတယ်။
ချဲလ်ဆီးဟာ ဆန်းဒါးလန်း ဂိုးသမား ရော်ဘင် ရိုအက်ဖ် ကိုလည်း မျက်စိကျနေပါတယ်။ ပေါင်သန်း ၅၀ တန်ကြေး ရှိတဲ့ ဒတ်ချ် ဂိုးသမားကို လက်ရှိ အရန် ဂိုးသမား ရောဘတ် ဆန်းချက်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။
အာဆင်နယ်မှာ ၎င်း၏ အခန်းကဏ္ဍ အပေါ် စိတ်ပျက်နေတဲ့ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်က လာမယ့် နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့နိုင်ရေး ညှိနှိုင်းပေးဖို့ သူ့ရဲ့ အေးဂျင့်တွေကို တောင်းဆိုထားကြောင်း ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။
အာဆင်နယ်က စပို့တင်းလစ္စဘွန်း ဗဟိုခံစစ်မှူး အူစမန် ဒီယိုမန်ဒီကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ ၎င်းရဲ့ စာချုပ်သစ်မှာ ပါဝင်တဲ့ စာချုပ် ဖျက်သိမ်းကြေးမှာ ယူရို သန်း ၈၀ (ပေါင် ၆၉.၉ သန်း) ရှိပါတယ်။ ၎င်းကို ခရစ္စတယ်ပဲလေ့စ်နဲ့ နယူးကာဆယ်တို့ ကလည်း စိတ်ဝင်စားနေကြပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက်ဟာ နယူးကာဆယ် ကွင်းလယ်လူ ဆန်ဒရို တိုနာလီနဲ့ တိုက်စစ် ကစားသမား အန်တိုနီ ဂေါ်ဒွန် တို့ကို အတွဲလိုက် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ဒါပေမယ့်လည်း အင်တာမီလန် ဘယ်နောက်ခံလူ ဖယ်ဒရစ်ကို ဒီမာကို ကတော့ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာမှာ မဟုတ်ကြောင်း သိရပါတယ်။ အင်တာမီလန် တာဝန်ရှိသူတွေက ယူနိုက်တက်ရဲ့ ကင်းထောက်တွေရဲ့ စုံစမ်းမှု အပေါ် လှောင်ပြောင်ခဲ့ကြပြီး ဒီမာကိုနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အက်စတွန်ဗီလာ ကွင်းလယ်လူ အာမာဒူ အိုနာနာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုကို ပြန်လည် အသက်သွင်းလာပါတယ်။ ကစားသမား ကိုယ်တိုင်က ပြောင်းရွှေ့လိုပေမယ့်လည်း ဗီလာ ဘက်က ပြောင်းရွှေ့ကြေး အမြောက်အမြား တောင်းဆိုဖို့ ပြင်ဆင်နေပါတယ်။
ဘေယန်မြူးနစ်ရဲ့ အဆိုအရ လစ်ဗာပူးလ်က လိုက်ပ်ဇစ် တောင်ပံ ကစားသမား ယန် ဒီယိုမန်ဒီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း သိရပါတယ်။
ဒါပေမယ့်လည်း တခြားသတင်းတွေအရ ဒီယိုမန်ဒီဟာ ဘယ်အသင်းနဲ့မှ သဘောတူညီမှု မရသေးဘဲ အာဆင်နယ်၊ ချဲလ်ဆီး၊ ယူနိုက်တက်၊ နယူးကာဆယ်နဲ့ စပါးတို့ ကလည်း ၎င်းကို အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။
ချဲလ်ဆီး နည်းပြ လီယမ် ရိုစီနီယာက အဲဗာတန်က စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး လီယမ် ဒီလပ်ကို အသင်းမှာ ဆက်ထိန်းထားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
အေစီမီလန်က ဝက်စ်ဟမ်း ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး နစ်ကလပ်စ် ဖူးလ်ခရက်ဂျ်ရဲ့ ခြေစွမ်း အပေါ် အားရမှု မရှိတာကြောင့် အပြီးသတ် ခေါ်ယူမယ့် အခွင့်အရေးကို အသုံးချရန် အလားအလာ နည်းပါးနေပါတယ်။
အေစီမီလန်က အင်္ဂလန် ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ်ဟာ ၈ ပတ် ဝန်းကျင် အနားယူရမယ်လို့ အေစီမီလန်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ လော့ဖ်တပ်စ်ချိခ်ဟာ ဖြတ်တင်ဘောကို ခေါင်းခုန် တိုက်ဖို့ ကြိုးပမ်းစဉ် ပါးမား ဂိုးသမား ကော်ဗီနဲ့ ထိခိုက်ခဲ့တာ ဖြစ်တယ်။ ၎င်း အနေနဲ့ မေးရိုး အပြင် သွားတွေလည်း ကျိုးသွားခဲ့တယ်လို့ သိရပါတယ်။
ကွင်းထဲကနေ လော့ဖ်တပ်စ်ချိခ်ကို ဦးခေါင်းထိန်း အကူပစ္စည်းနဲ့ အတူ ထမ်းစင်နဲ့ သယ်ထုတ်သွားခဲ့ရပါတယ်။ အေစီမီလန်က ချဲလ်ဆီး၊ ခရစ္စတယ်ပဲလေ့စ်နဲ့ ဖူလ်ဟမ် ကစားသမားဟောင်းဟာ ခွဲစိတ် ကုသမှု ခံယူခဲ့ပြီး ဆေးရုံက ဆင်းခဲ့ပြီ ဖြစ်ပေမဲ့ ၈ ပတ်ဝန်းကျင် အနားယူရမယ်လို့ ပြောခဲ့ပါတယ်။ လော့ဖ်တပ်စ်ချိခ်ကို တနင်္ဂနွေနေ့မှာပဲ ချက်ချင်း ခွဲစိတ်ကုသမှု ကြိုးပမ်းခဲ့ပေမယ့် တနင်္လာနေ့ မနက်မှ ခွဲစိတ်ကုသခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


