နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂေါ်ဒွန် အတွက် အနည်းဆုံး ပေါင် သန်း ၈၀ လိုချင်နေတဲ့ နယူးကာဆယ်၊ အင်တာမီလန်ကို အပြီးသတ် ပြောင်းမယ့် အာကန်ဂျီ | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေပိုင်း အထိ သိရှိရသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် ကနေ ထွက်ခွာဖို့ သေချာသလောက်ရှိနေတဲ့ မိုဟာမက် ဆာလာရဲ့ နေရာမှာ အစားထိုးဖို့ နယူးကာဆယ် တိုက်စစ်မှူး အန်သိုနီ ဂေါ်ဒွန်ကို “ အဓိကဦးစားပေး” အဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမယ့် သူ့ကို ခေါ်ယူဖို့ နယူးကာဆယ်ကို ပေါင် ၈၀ သန်းထက် မနည်း ပေးချေရဖို့ ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်တော့မယ့် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ရောင်းထုတ်ပြီး တခြား အပြောင်းအရွှေ့တွေ အတွက် အသုံးစရိတ် ရှာဖွေသွားဖို့ စဉ်းစားနေပါတယ်။ 

ဒါ့အပြင် ယူနိုက်တက်ဟာ သူတို့ရဲ့ ကွင်းလယ် ပစ်မှတ် စာရင်းထဲကို အက်စတွန်ဗီလာ ကွင်းလယ်လူ အမာဒူ အိုနာနာကို ထပ်မံ ဖြည့်စွက်လိုက်ပါတယ်။ 

အာဆင်နယ် အသင်းမှာ ပွဲထွက်ခွင့် ပုံမှန်မရတော့တဲ့ ဘန် ဝှိုက်ကို အသင်းက ရောင်းထုတ်သွားဖွယ် ရှိပြီး ယူရို သန်း ၅၀ တန်ကြေး ရှိတဲ့ ယူ-၂၁ စပိန် လက်ရွေးစင် အိုင်ဗန် ဖရက်စ်နေဒါ‌နဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။

ချဲလ်ဆီး ကတော့ အသင်းရဲ့ တိုက်စစ်မှူး လီယမ် ဒီလက်ပ်ကို အသင်း ကနေ ထွက်ခွာခွင့် ပေးချင်နေပြီး အဲဗာတန်က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒီလက်ပ်ဟာ အစ်ပ်ဆွစ်ချ်တောင်းမှာ ခြေစွမ်းပြခဲ့တာကြောင့် ချဲလ်ဆီးက အားကိုးတကြီး ခေါ်ယူခဲ့ပေမယ့် ဒဏ်ရာကြောင့် မကြာခဏ အနားယူနေရသူ ဖြစ်ပါတယ်။

ဝုဗ်ရဲ့ လူငယ် ကြယ်ပွင့် မားတီးယက်စ် မာနေးကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်၊ လစ်ဗာပူးလ်၊ အာဆင်နယ်၊ မန်ချက်စတာစီးတီး၊ ချဲလ်ဆီး၊ စပါးနဲ့ အဲဗာတန် စတဲ့ ပရီးမီးယားလိဂ် ၇ သင်း အပြင် ပီအက်စ်ဂျီနဲ့ ဘေယန်မြူးနစ် တို့ကပါ အပြိုင်အဆိုင် စောင့်ကြည့်နေကြပါတယ်။ 

အီဘရာဟီမာ ကိုနာတေးရဲ့ အနာဂတ် မရေမရာ ဖြစ်နေတာကြောင့် လစ်ဗာပူးလ် အသင်းဟာ လိဒ်စ်ယူနိုက်တက် ဗဟိုနောက်ခံလူ ဂျာကာ ဘီဂျိုးလ်ရဲ့ ခြေစွမ်းကို စောင့်ကြည့်နေပါတယ်။ 

ဒဏ်ရာ ပြဿနာ များလေ့ ရှိတဲ့ အသက် ၂၈ နှစ် အရွယ် ဂျိုး ဂိုးမက်ဇ်ကို လစ်ဗာပူးလ်က ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး ဘေယန်မြူးနစ်နဲ့ အက်တလက်တီကိုမက်ဒရစ် တို့က စိတ်ဝင်စားနေပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး နောက်ခံလူ မန်ဝဲလ် အာကန်ဂျီဟာ အင်တာမီလန်ကို အပြီးသတ် ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။
အင်တာမီလန်ကို အပြီးသတ် ပြောင်းရွှေ့တော့မယ့် မန်ဝဲလ် အာကန်ဂျီ

တော့တင်ဟမ်ဟော့စပါး အသင်းဟာ ခရစ္စရှန် ရိုမီယိုရဲ့ အနာဂတ် မသေချာမှုတွေ ရှိနေတာကြောင့် လေဗာကူဆင် နောက်ခံလူ အက်ဒ်မွန် တပ်ဆိုဘာကို ခေါ်ယူဖို့ အာရုံစိုက်နေပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး နောက်ခံလူ မန်ဝဲလ် အာကန်ဂျီဟာ အင်တာမီလန်ကို အပြီးသတ် ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။ အင်တာမီလန် ဘက်က ယူရို ၁၅ သန်းနဲ့ အပြီးသတ် ဝယ်ယူခွင့်ကို အသုံးပြုတော့မှာ ဖြစ်ပြီး ကစားသမားနဲ့လည်း ၃ နှစ် စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရထားပြီးသား ဖြစ်ပါတယ်။ 

နယူးကာဆယ်နဲ့ ခရစ္စတယ်ပဲလေ့စ် တို့ဟာ စပို့တင်းလစ္စဘွန်း နောက်ခံလူ အူစမန်နီ ဒီယိုမန်ဒီကို မျက်စိကျနေပါတယ်။ သူ့ရဲ့ စာချုပ်သစ်ထဲမှာ ယူရို သန်း ၈၀ တန် လျော်ကြေးစာချုပ် ပါဝင်နေပေမယ့် အာဆင်နယ် ကလည်း ကစားသမားရဲ့ ရင်းနှီးတဲ့ အသိုင်းအဝိုင်းနဲ့ အဆက်အသွယ် လုပ်ထားပါတယ်။ 

အက်စတွန်ဗီလာမှာ အငှားနဲ့ ကစားနေတဲ့ ဂျေဒန် ဆန်ချိုကို ဒေါ့မန်က တတိယအကြိမ်မြောက် အဖြစ် ထပ်မံ ခေါ်ယူချင်နေပါတယ်။ 

နော့တင်ဟမ်ဖောရက်စ်ဟာ အာဆင်နယ်ရဲ့ တတိယ ဂိုးသမား တော်မီ ဆတ်ဖို့ဒ်ကို လာမယ့် နွေရာသီမှာ အငှားနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ 

ဘရင်နန် ဂျွန်ဆင် (ခရစ္စတယ်ပဲလေ့စ်): တော့တင်ဟမ်ဟော့စပါး ကနေ ခရစ္စတယ်ပဲလေ့စ်ကို ပြောင်းရွှေ့ခဲ့တာ လပိုင်းပဲ ရှိသေးတဲ့ ဘရန်နန် ဂျွန်ဆင်ဟာ အသင်း ကနေ မမျှော်လင့်ဘဲ ပြန်လည် ထွက်ခွာဖို့ တွန်းအားပေးလာနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်