နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် သမိုင်းတလျှောက် အကောင်းဆုံး ကွင်းလယ်လူ ၅ ဦး

ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေကို အသင်း တစ်သင်းရဲ့ အသက်သွေးကြောတွေ အဖြစ် သတ်မှတ်ကြပါတယ်။ သူတို့ဟာ ဂိုးဖန်တီးသူတွေ၊ မမောမပန်း ပြေးလွှားသူတွေ၊ ဘောလုံးလုယူ တားဆီးသူတွေနဲ့ ဂိုးသွင်းရှင်တွေ အဖြစ် ကဏ္ဍစုံမှာ ပါဝင် ပတ်သက်နေကြတာပါ။ တချို့က တစ်ဖက် ကမ်းခတ် ကျွမ်းကျင်ကြသလို၊ တချို့ ကလည်း ကွင်းထဲမှာ နေရာစုံ ကူညီပေးနိုင်ကြပါတယ်။ ဒါကြောင့်လည်း သူတို့ကို အသင်းရဲ့ “နှလုံးခုန်သံ” လို့တောင် တင်စားကြတာ ဖြစ်ပါတယ်။ အခုတခါမှာတော့ Sports Illustrated က ရွေးချယ်ထားတဲ့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး ကွင်းလယ်လူ (၅) ဦး အကြောင်းကို ပြန်လည် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ဘောလုံးအပေါ် အမြင်၊ အရည်အချင်းနဲ့ လွှမ်းမိုးနိုင်စွမ်းတွေဟာ လိဂ်ရဲ့ သမိုင်းကြောင်းကို ပုံဖော်ပေးခဲ့သလို၊ သူတို့ရဲ့ ကလပ်တွေ ကိုလည်း ဒီနေ့ ဒီနေအချိန်ခါမှာ မြင့်မားတဲ့ အခြေအနေ တစ်ခု အထိ ရောက်အောင် မြှင့်တင်ပေးခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

 

၅။ ရိုင်ယန် ဂစ် 

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှု (၁၆၂) ကြိမ်နဲ့ စံချိန်တင်ထားသူ ဖြစ်ပါတယ်။ ဒီစံချိန်ဟာ ချိုးဖျက်ရခက်တဲ့ အံ့အားသင့်ဖွယ် မှတ်တမ်းတစ်ခုပါ။ ရိုင်ယန် ဂစ်ဟာ ဆယ်စုနှစ် နှစ်ခု ကျော်ကြာ မန်ချက်စတာယူနိုက်တက်ရဲ့ အဓိက ဂိုးဖန်တီးရှင် ဖြစ်ခဲ့ပြီး လိဂ်ဖလား (၁၄) ကြိမ် ရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဂစ်ထက် ဖလား ပိုရထားတဲ့ ကစားသမား မရှိသလို၊ ဝေးလ်စ် လက်ရွေးစင် တောင်ပံ ကစားသမား (နောက်ပိုင်းမှာ ကွင်းလယ်လူ) အနားယူသွားပြီး ကတည်းက ယူနိုက်တက်ဟာ အမှတ်ပေးဖလား ထပ်မရတော့တာကို ကြည့်ရင် သူဟာ အသင်းရဲ့ အောင်မြင်မှုတွေ အတွက် ဘယ်လောက် အထိ အရေးပါခဲ့သလဲ ဆိုတာ သိသာပါတယ်။

 

၄။ ပေါလ် စခိုးလ် 

ပေါလ်စခိုးလ်နဲ့ အတူ ကွင်းထဲမှာ ကစားဖူးတဲ့ ကစားသမားတိုင်းက သူ့ကို အမွှမ်းတင် ပြောဆိုလေ့ ရှိကြပါတယ်။ ဝိန်းရွန်နီ၊ ခရစ္စတီယာနို ရော်နယ်ဒို၊ ရိုင်ယန် ဂစ်၊ ဆိုးလ်ရှားနဲ့ တခြား ကစားသမားများစွာက စခိုးလ်ကို သူတို့နဲ့ အတူ ကစားဖူးသမျှထဲမှာ “ အကောင်းဆုံး ကစားသမား” လို့ တင်စားကြသလို၊ ဆာ အဲလက်စ် ဖာဂူဆန် ကလည်း “ ဘော်ဘီ ချာလ်တန် ပြီးရင် အင်္ဂလန်ရဲ့ အကောင်းဆုံး ကွင်းလယ်လူ” လို့ ချီးကျူးခဲ့ပါတယ်။ သမိုင်းတစ်လျှောက် အကောင်းဆုံး ကွင်းလယ်လူလို့ သတ်မှတ်ခံရတဲ့ ဇာဗီ ကတောင် စခိုးလ်ဟာ သူမြင်ဖူးသမျှထဲမှာ “ အပြည့်စုံဆုံး” ကွင်းလယ်လူလို့ ပြောခဲ့ဖူးပါတယ်။ အင်္ဂလိပ် လူမျိုးတွေရဲ့ ကြံ့ခိုင်မှုနဲ့ စပိန် လူမျိုးတွေရဲ့ နူးညံ့သိမ်မွေ့တဲ့ အထိအတွေ့ကို ပေါင်းစပ်ထားတဲ့ စခိုးလ်ဟာ တကယ်ကို တစ်ဦးတည်းသော ထူးခြားတဲ့ ပါရမီရှင်တစ်ဦးပါ။

 

၃။ ဖရန့်ခ် လမ်းပတ် 

လမ်းပတ်ဟာ ပရီးမီးယားလိဂ် သမိုင်းမှာ ဂိုးအများဆုံး သွင်းယူထားတဲ့ ကွင်းလယ်လူ ဖြစ်ပြီး စုစုပေါင်း ၁၇၇ ဂိုး သွင်းယူခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ၁၇၇ ဂိုးအထိ သွင်းယူထားတဲ့ ဖရန့်ခ် လမ်းပတ်

လမ်းပတ်ဟာ ပရီးမီးယားလိဂ် သမိုင်းမှာ ဂိုးအများဆုံး သွင်းယူထားတဲ့ ကွင်းလယ်လူ ဖြစ်ပြီး စုစုပေါင်း ၁၇၇ ဂိုး သွင်းယူခဲ့ပါတယ်။ ဒီမှတ်တမ်း တစ်ခုတည်းနဲ့တင် သူဟာ အကောင်းဆုံး စာရင်းထဲမှာ ပါဝင်ဖို့ လုံလောက်နေပါပြီ။ အဝေး ကနေ ကန်သွင်းတာ၊ ဂိုးသမားကို ကျော်ပြီး ခပ်ပါးပါးလေး ခတ်သွင်းတာက အစ အပိုင်ပိတ်သွင်းတာတွေ အထိ လမ်းပတ်ဟာ ဂိုးဧရိယာထဲကို အချိန်ကိုက် ရောက်ရှိလာတတ်တဲ့ ထူးခြားတဲ့ စွမ်းရည်ရှိသူပါ။ ဒါတင်မကသေးဘဲ သူဟာ ဂိုးဖန်တီးမှု ၁၀၂ ကြိမ်နဲ့ သမိုင်းတစ်လျှောက် ပဉ္စမမြောက် ဂိုးဖန်တီးမှု အများဆုံးလည်း ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ဘယ်လွန်ဒေါ ဒုတိယဆုရှင် ဖြစ်သလို ပရီးမီးယားလိဂ် ဖလား (၃) ကြိမ် ရရှိခဲ့သူ လမ်းပတ်ဟာ ချဲလ်ဆီးကို ယနေ့ခေတ် အင်အားကြီး ကလပ် ဖြစ်လာအောင် တည်ဆောက်ပေးခဲ့တဲ့ အဓိက ကစားသမား ဖြစ်ပါတယ်။

 

၂။ ရွိုင်း ကိန်း 

ရွိုင်း ကိန်းကို ပြင်းထန်တဲ့ ဖျက်ထုတ်မှုတွေနဲ့ “ လူကြမ်းကြီး” တစ်ဦး အဖြစ် လူသိများကြပါတယ်။ ဒါပေမယ့် သူဟာ အဲဒီထက်မက ပိုပါတယ်။ ကိန်းဟာ ပါးနပ်တဲ့ ပေးပို့မှုတွေ ရှိသလို ဂိုးတွေလည်း သွင်းယူပေးနိုင်တဲ့ ကွင်းလယ်လူ တစ်ဦး ဖြစ်ပြီး အားလုံးထက် သာလွန်တာ ကတော့ သူရဲ့ “ ခေါင်းဆောင်မှု” ပါပဲ။ သူဟာ အသင်းဖော်တွေကို မြှင့်တင်ပေးနိုင်စွမ်း ရှိပြီး အသင်းရှုံးနေချိန်မှာတောင် မလျှော့သော ဇွဲ၊ သတ္တိတွေနဲ့ အနိုင်ရအောင် တွန်းအားပေး တိုက်ပွဲဝင်တတ်သူပါ။ အဲဒီလို အရည်အချင်း၊ ကြံ့ခိုင်မှုနဲ့ ခေါင်းဆောင်မှုတွေကြောင့်ပဲ သူဟာ မန်ချက်စတာယူနိုက်တက်နဲ့ အတူ ပရီးမီးယားလိဂ် ဖလား ၇ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

၁။ ကီဗင် ဒီဘရွန်းင်းနား 

ဒီဘရွန်းနားဟာ ပပ် ဂွါဒီယိုလာရဲ့ လက်ထက်မှာ မန်စီးတီး အသင်း ပရီးမီးယားလိဂ် ဖလား (၆) ကြိမ်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ အဓိက အင်ဂျင်ကြီး တစ်လုံး ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ သူ အသင်းက မထွက်ခွာခင် အထိ စံချိန်တင် အောင်မြင်မှုတွေကို ပုံဖော်ပေးခဲ့တာပါ။ မဖြစ်နိုင်တဲ့ လမ်းကြောင်းတွေ ကနေ ဘောလုံး ပေးပို့နိုင်တာ၊ ကွင်းလယ် ကနေ အန္တရာယ်ရှိတဲ့ ဖြတ်တင်ဘောတွေ ပေးပို့နိုင်တာတွေကြောင့် ဒီဘရွန်းနားဟာ ပရီးမီးယားလိဂ်ရဲ့ “ Playmaker” ဆိုတဲ့ အဓိပ္ပာယ်ကို တစ်မျိုး တစ်ဖုံ ပြောင်းလဲစေခဲ့ပါတယ်။ သူဟာ ဂိုးဖန်တီးမှု ၁၁၉ ကြိမ်နဲ့ သမိုင်းတစ်လျှောက် ဒုတိယနေရာမှာ ရှိနေပေမယ့် တစ်ပွဲချင်း အလိုက် ဂိုးဖန်တီးမှုနှုန်း မှာတော့ ဘယ်သူမှ မလိုက်နိုင်တဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ မန်စီးတီး အတွက်ရော ပရီးမီးယားလိဂ် အတွက်ပါ ဒီလို ပါရမီရှင်မျိုး နောက်ထပ် တစ်ယောက် မြင်တွေ့ရဖို့ ခဲယဉ်းပါလိမ့်မယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်