နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်စီးတီးကို ရှုံးကြွေးဆပ်ဖို့ နယူးကာဆယ်တို့ အသင့် ဖြစ်နေရဲ့လား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – နယူးကာဆယ် 

အာဆင်နယ် အမှတ်လျော့ခဲ့တာကို အခွင့်ကောင်းယူပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်းကို ဖိအားပေးဖို့ ပြင်ဆင်နေတဲ့ မန်ချက်စတာစီးတီးက နယူးကာဆယ်ကို အီတီဟတ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ နယူးကာဆယ် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ကစားခဲ့တဲ့ ခရာဘောင်ဖလား ဆီမီးဖိုင်နယ်မှာ နှစ်ကျော့ပေါင်း ရလဒ် ၅-၁နဲ့ မန်စီးတီးကို ရှုံးနိမ့်ခဲ့ရမှုကို လက်စားပြန်ချေဖို့ ကြိုးပမ်းလာဖို့တော့ ရှိနေပါတယ်။ 

 

မန်ချက်စတာစီးတီး

၂၀၂၅-၂၆ ရာသီဟာ အင်္ဂလန် ကလပ် နှစ်သင်း (အာဆင်နယ်နဲ့ မန်စီးတီး) အတွက် မတ်လ အထိ ဆုဖလား ၄ လုံး (Quadruple) လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ပထမဆုံး ရာသီ ဖြစ်လာပါတယ်။ နည်းပြ မီခဲလ် အာတေးတားနဲ့ ပပ် ဂွါဒီယိုလာ တို့က ဒါကို ထုတ်မပြောပေမဲ့ နှစ်သင်းစလုံးဟာ ပြီးခဲ့တဲ့ တပတ်က အက်ဖ်အေဖလားမှာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ကြပါတယ်။ မန်စီးတီးဟာ အက်အေဖလား စတုတ္ထအဆင့်မှာ လိဂ်တူး ကလပ် ဆဲလ်ဖို့ဒ်စီးတီးကို ၂-၀ နဲ့ အနိုင်ရဖို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ အဲဒီ နိုင်ပွဲကြောင့် မန်စီးတီးက နောက်တစ်ဆင့်မှာ နယူးကာဆယ်နဲ့ပဲ ထပ်မံ တွေ့ဆုံနေပြီး ဒီရာသီအတွင်း ပြိုင်ပွဲစုံမှာ နှစ်သင်းစလုံး ၅ ကြိမ် အထိ ထိပ်တိုက်တွေ့ဆုံရမယ့် အခြေအနေ ဖြစ်နေပါတယ်။ လက်ရှိမှာ ဂွါဒီယိုလာရဲ့ အသင်းဟာ ပြိုင်ပွဲစုံ ၄ ပွဲဆက် အနိုင် ရထားပါတယ်။ ဒီဇင်ဘာလက ဖူလ်ဟမ်ကို ၅-၄ ဂိုးနဲ့ နိုင်ခဲ့ပြီး နောက်ပိုင်း နောက်ဆုံး ၁၂ ပွဲမှာ ၈ ဂိုးသာ ပေးထားရပြီး ပရီးမီးယားလိဂ်မှာ ခံစစ် အကောင်းဆုံးပုံစံကို ပြသနေပါတယ်။ 

 

နယူးကာဆယ်

လွန်ခဲ့တဲ့ နှစ်ပတ်က ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် နယူးကာဆယ်ဟာ အဝေးကွင်း ၃ ပွဲဆက် နိုင်ပွဲ ပြန်ရထားပါတယ်။ အဲဒီ ၃ ပွဲ မှာတင် နယူးကာဆယ်ရဲ့ သွင်းဂိုးက ၁၁ ဂိုးအထိ ရှိခဲ့တာပါ။ အက်စတွန်ဗီလာကို အက်ဖ်အေဖလားမှာ အနိုင်ယူခဲ့သလို၊ ကြားရက်က ချန်ပီယံလိဂ် ပလေးအော့ဖ် ပွဲစဉ် မှာလည်း အန်သိုနီ ဂေါ်ဒွန်ရဲ့ သွင်းဂိုးတွေနဲ့ အတူ ကွာရာဘတ်ကို ၆-၁ နဲ့ အပြတ်အသတ် အနိုင်ယူထားပါတယ်။ ဒါပေမယ့် နယူးကာဆယ် အတွက် စိန်ခေါ်မှု ကတော့ သူတို့ရဲ့ အဝေးကွင်း မှတ်တမ်း ဖြစ်ပါတယ်။ နယူးကာဆယ်ဟာ ၂၀၂၄ နိုဝင်ဘာလ နောက်ပိုင်း ဇယား ထိပ်ပိုင်းက အသင်းတွေရဲ့ ကွင်းမှာ နိုင်ပွဲမရသေးသလို၊ အီတီဟတ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲ ၂၀ မှာလည်း တစ်ကြိမ်မှ မနိုင်ဖူးသေးပါဘူး။

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ မန်စီးတီးက ၃ ကြိမ် နိုင်၊ နယူးကာဆယ်က ၁ ကြိမ် နိုင်၊ ၁ ကြိမ် သရေကျခဲ့ပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးကို အနိုင်ရထားတဲ့ နယူးကာဆယ်

အမှတ်ပေးဇယားထိပ်က အာဆင်နယ်က ဝုဗ်နဲ့ သရေကျခဲ့လို့ မန်စီးတီးက အခုပွဲကို နိုင်ရင် ရမှတ် ကွာဟချက်ကို ၂ မှတ် အထိ လျှော့ချနိုင်မှာ ဖြစ်သလို တစ်ပွဲလည်း အသာရနေဦးမှာ ဖြစ်ပါတယ်။ လိဒ်စ်လိုပဲ နယူးကာဆယ် ကလည်း ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပေမဲ့ မန်စီးတီးရဲ့ အိမ်ကွင်း စိုးမိုးမှုကို ကျော်ဖြတ်နိုင်ဖို့ ရုန်းကန်ရဖွယ် ရှိပါတယ်။ နယူးကာဆယ်ဟာ နိုဝင်ဘာလက အိမ်ကွင်းမှာ မန်စီးတီးကို နိုင်ထားတာကြောင့် အခုပွဲပါ ထပ်နိုင်ရင် ၁၉၅၅-၅၆ ရာသီနောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် မန်စီးတီး အပေါ် တစ်ရာသီ အတွင်း နှစ်ကျော့စလုံး အနိုင်ရတဲ့ မှတ်တမ်းသစ် ရေးထိုးနိုင်မှာပါ။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ မန်စီးတီး ဘက်က ဂဗာဒီယိုလ်၊ အယ်လေနီ၊ ကိုဗာချစ်၊ ဒိုကု၊ ဆာဗင်ညို တို့ လွဲချော်မှာ ဖြစ်ပါတယ်။ နယူးကာဆယ် ဘက်မှာတော့ ဝစ်ဆာ၊ ခရက်ဖ်၊ ရှား၊ လစ်ဗရာမန်တို၊ ဂီမာရေးစ်၊ မိုင်လီတို့ လွဲချော်ဖို့ ရှိနေပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

နယူးကာဆယ် – ဒွန်နာရမ်းမား၊ နူနက်စ်၊ ဒီးရာ့စ်၊ ဂူဟီ၊ အစ် နျူရီ၊ ရိုဒရီ၊ အိုရွိုင်လီ၊ ဘာနာဒို၊ ချာကီ၊ ဆီမီညို၊ ဟာလန်း

မန်ချက်စတာစီးတီး – ပုပ်၊ ထရစ်ပီယာ၊ သီယော၊ ဘန်း၊ ဟောလ်၊ ဂျိုးလင်တန်၊ တိုနာလီ၊ မာဖီ၊ ဝေါလ်တီမာဒါ၊ ဘန်းစ်၊ ဂေါ်ဒွန်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

မန်ချက်စတာစီးတီးက အီတီဟတ်ကွင်းမှာ နယူးကာဆယ်နဲ့ တွေ့ရင် နောက်ဆုံး ၆ ပွဲဆက် ဂိုးမပေးဘဲ နိုင်ထားသလို၊ အိမ်ကွင်း ၂၁ ပွဲဆက် ရှုံးပွဲ မရှိတဲ့ အပြင် ၁၆ ပွဲ ဆက်တိုက် အနိုင်ရထားတဲ့ မှတ်တမ်းကောင်းလည်း ပိုင်ဆိုင်ထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ မန်စီးတီးက ၃ ကြိမ် နိုင်၊ နယူးကာဆယ်က ၁ ကြိမ် နိုင်၊ ၁ ကြိမ် သရေကျခဲ့ပါတယ်။ 

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ မန်စီးတီး နိုင်ရင် ၁.၄၃ ဆ၊ နယူးကာဆယ် နိုင်ရင် ၅.၅၀ ဆ၊ သရေ ဆိုရင်တော့ ၄.၅၀ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း မန်စီးတီး ဘက်ကပဲ ကြေးဖွင့်ပေးထားပြီး ဂိုးပေါင်းကြေး ကလည်း ပုံမှန်ပါပဲ။ နယူးကာဆယ်က မန်စီးတီးကွင်းကို နောက်ဆုံး ၉ ကြိမ် သွားရောက် ကစားခဲ့ရာမှာ ၈ ကြိမ် အထိ ပထမပိုင်း ပွဲစ မိနစ် ၂၀ အတွင်းမှာတင် ဦးဆောင်ဂိုးတွေ ပေးခဲ့ရပြီး အဆိုပါ ပွဲစဉ်တိုင်း ကိုလည်း ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် အီတီဟတ်ကွင်းက သူတို့ရဲ့ နှစ်ရှည်လများ နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်ချင်တယ် ဆိုရင်တော့ အခုပွဲမှာ ပွဲစကတည်းက အာရုံစိုက်မှု လျော့နည်းပြီး အမှားကျူးလွန်တာမျိုး အဖြစ်မခံသင့်ပါဘူး။ 

ငှက်ကြား တို့က နောက်ပိုင်း ပွဲစဉ်တွေမှာ ပုံစံကောင်း ပြန်ရလာတာဟာ သူတို့ အတွက် ယုံကြည်မှု တိုးစေမှာ ဖြစ်ပေမယ့်၊ မန်စီးတီး ကလည်း ကြားရက်က အာဆင်နယ် အမှတ်လျော့ခဲ့တာကြောင့် သူတို့ရဲ့ ချန်ပီယံမျှော်လင့်ချက်ဟာ ကိုယ့်လက်ထဲကိုယ် ပြန်ရောက်လာပြီ ဆိုတာကို သိထားပြီး အားတက်နေကြပါတယ်။ ဒါကြောင့် အခုပွဲမှာတော့ အာရုံစူးစိုက်မှု အပြည့် ရှိနေတဲ့ မန်စီးတီးကပဲ ပြိုင်ဘက်ထက် သွင်းဂိုးတွေ ပိုမိုရယူနိုင်ပြီး အဖိုးတန် ၃ မှတ်ကို သိမ်းပိုက်သွားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ခန့်မှန်းရလဒ်

မန်ချက်စတာစီးတီး ၃-၁ နယူးကာဆယ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်