အက်စတွန်ဗီလာ – လိဒ်စ်ယူနိုက်တက်
အက်စတွန်ဗီလာနဲ့ လိဒ်စ်ယူနိုက်တက် တို့ကတော့ အခုတပတ် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ အဖြစ် ဗီလာပါ့ခ်မှာ ထိပ်တိုက် တွေ့ဆုံကြရတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၃ လခန့်က အယ်လန်ရုတ်ဒ်မှာ ကစားခဲ့တဲ့ ပထမအကျော့ ပွဲစဉ်မှာ ဗီလာက ၂-၁နဲ့ အနိုင်ရရှိထားတာကြောင့် အခုပွဲမှာပါ ထပ်နိုင်ခဲ့ရင်တော့ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် လိဒ်စ်ကို တစ်ရာသီ အတွင်း နှစ်ကျော့စလုံး အနိုင်ရတဲ့ မှတ်တမ်းကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာ
အက်စတွန်ဗီလာဟာ ပြီးခဲ့တဲ့ တပတ်က နယူးကာဆယ်ကို အိမ်ကွင်းမှာ ၃-၁နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ၁၁ ရာသီအတွင်း ၁၀ ကြိမ်မြောက် အဖြစ် အက်ဖ်အေဖလား စတုတ္ထအဆင့် ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။ နှစ်ပေါင်း ၆၉ နှစ်ကြာ ဝေးကွာနေတဲ့ အက်ဖ်အေဖလားကို ဗီလာ ပရိသတ်တွေ မျှော်လင့်နေကြပေမဲ့ နည်းပြ အူနိုင်း အမ်မရီ ကတော့ အသင်းရဲ့ ဦးစားပေးက ဘာလိုဆိုတာ ရှင်းရှင်းလင်းလင်းပဲ ပြောဆိုထားပါတယ်။ သူတို့ အတွက် “ပရီးမီးယားလိဂ်ဟာ အရေးအကြီးဆုံး ပြိုင်ပွဲ” လို့ ဆိုထားတာ ဖြစ်ပါတယ်။ လက်ရှိရာသီ ၂၆ ပွဲ ကစားပြီးချိန်မှာ ဗီလာက ရမှတ် ၅၀ (နိုင်ပွဲ ၁၅ ပွဲ၊ သရေ ၅ ပွဲ၊ ရှုံးပွဲ ၆ ပွဲ) စုဆောင်းထားနိုင်ပြီး ဒါဟာ အသင်းသမိုင်း တစ်လျှောက် ၂၀၀၈-၂၀၀၉ နဲ့ ၂၀၂၃-၂၀၂၄ ရာသီတွေ ပြီးရင် တတိယမြောက် အမြန်ဆုံး ရမှတ် ၅၀ ပြည့်တဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ် ကလည်း ဗီလာက ဘရိုက်တန်ကို ၁-၀ နဲ့ အနိုင်ရထားပါသေးတယ်။ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေတဲ့ ဗီလာဟာ အခုပွဲ နိုင်ရင် အမှတ်ပေးဇယား ထိပ်က အာဆင်နယ်နဲ့ ၅ မှတ် အကွာ အထိ ကပ်နိုင်မှာ ဖြစ်သလို အဆင့် ၆ နေရာက လစ်ဗာပူးလ်နဲ့ ၈ မှတ် အထိ ကွာဟနေတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အခြေအနေကောင်းနေပါတယ်။
လိဒ်စ်ယူနိုက်တက်
ဗီလာနဲ့ မတူတာ ကတော့ လိဒ်စ်ယူနိုက်တက်ဟာ ဘာမင်ဂမ်စီးတီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး အက်ဖ်အေဖလား ပဉ္စမအဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။ နောက်လ မှာတော့ နည်းပြ ဒန်နီယယ် ဖာကီက သူ့ရဲ့ အသင်းဟောင်း နော့ဝစ်ချ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လိဒ်စ်ဟာ ဒီဇင်ဘာလက စပြီး ပရီးမီးယားလိဂ်မှာ မန်စီးတီး၊ ယူနိုက်တက်တို့ ပြီးရင် ရှုံးပွဲ အနည်းဆုံး (၂ ပွဲသာ ရှုံး) အသင်း ဖြစ်ပေမဲ့ သရေပွဲတွေ အရမ်းများနေတာ (၇ ပွဲ) က အားနည်းချက် ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ တပတ် ကတော့ ချဲလ်ဆီးကို ၂ ဂိုးပြတ် ရှုံးနေရာ ကနေ ၂-၂ ဖြစ်အောင် အစွမ်းကုန် ကစားပြီး သရေတစ်မှတ် ခွဲယူနိုင်ခဲ့ပါတယ်။ အဲဒီရလဒ်ကြောင့် စပါးကို ကျော်ဖြတ်ပြီး အဆင့် ၁၅ နေရာကို ရောက်ရှိလာသလို တန်းဆင်းဇုန်နဲ့လည်း ၆ မှတ် အကွာမှာ ရှိနေပါတယ်။
သေချာတာက ဒီပွဲမှာ ဗီလာ အနေနဲ့ လိဒ်စ်ရဲ့ လက်ပစ်ဘော အန္တရာယ်ကို အထူး သတိထားမှ ရပါမယ်။ လိဒ်စ်ဟာ ဒီဇင်ဘာလက စပြီး ပင်နယ်တီ ဧရိယာထဲ လက်ပစ်ဘော အများဆုံး ပေးပို့နိုင်မှု (၆၂ ကြိမ်)၊ လက်ပစ်ဘော ကနေ တစ်ဆင့် ဂိုးကန်သွင်းမှု အများဆုံး (၂၀ ကြိမ်) နဲ့ မျှော်မှန်းဂိုး (xG) အများဆုံး အသင်း ဖြစ်နေပါတယ်။ အထူးသဖြင့် အသင်းခေါင်းဆောင် အီသန် အမ်ပါဒူဟာ ဧရိယာထဲကို လက်ပစ်ဘော အများဆုံး ပေးပို့ထားသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လိဒ်စ်ရဲ့ အဝေးကွင်း ရလဒ်ကတော့ စိုးရိမ်စရာပါ။ နောက်ဆုံး အဝေးကွင်း ၁၈ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပြီး (၅ ပွဲ သရေ၊ ၁၂ ပွဲ ရှုံး) စက်တင်ဘာလက ဝုဗ်ကို နိုင်ခဲ့တာက နောက်ဆုံး နိုင်ပွဲ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ၆ ပွဲ မှာတော့ ၅ ပွဲအထိ သရေကစားထားနိုင်တာကို တွေ့ရပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ဗီလာ ဘက်က ဘီဇော့တ်၊ ကတ်ရှ်၊ ကာမာရာ၊ မက်ဂင်းန်၊ တေးလီမန့်စ်တို့ လွဲချော်မှာ ဖြစ်ပါတယ်။ လိဒ်စ် ဘက်မှာတော့ စထရိုက်ခ်၊ စတက်ချ်၊ ဂျိမ်းစ်၊ အိုကာဖော တို့ လွဲချော်မှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း
လိဒ်စ်ယူနိုက်တက် – မာတီနက်ဇ်၊ ကတ်ရှ်၊ ကွန်ဆာ၊ မင်းဂ်၊ မတ်ဆန်၊ အိုနာနာ၊ လူးဝစ်ဇ်၊ ဆန်ချို၊ ရော်ဂျာစ်၊ ဘူအန်ဒီယာ၊ ဝက်ကင်န်
အက်စတွန်ဗီလာ – ဒါလိုးဝ်၊ ဂျက်စတင်၊ ရွန်ဒွန်၊ စထရိုက်ခ်၊ ဘိုဂဲလ်၊ အမ်ပါဒူ၊ ဂရူအက်ဗ်၊ ဂတ်မန်ဆန်၊ ဂျီနွန်တို၊ အာရွန်ဆန်၊ ကဲလ်ဗတ်-လီဝင်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
အမ်မရီရဲ့ ဗီလာဟာ လိဒ်စ်နဲ့ နောက်ဆုံး ၆ ပွဲ တွေ့ဆုံမှုမှာ ရှုံးပွဲ မရှိသလို (၄ ပွဲနိုင်၊ ၂ ပွဲသရေ)၊ တန်းတက် အသင်းတွေနဲ့ ကစားခဲ့တဲ့ ၁၈ ပွဲစလုံးမှာလည်း လုံးဝ ရှုံးပွဲ မရှိသေးပါဘူး။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာလည်း ဗီလာက ၃ ကြိမ်နိုင်ပြီး ၂ ကြိမ် သရေကျထားပါတယ်။ ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲ မှာတော့ ဗီလာက ၂ ကြိမ်နိုင်၊ လိဒ်စ်က ၂ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အက်စတွန်ဗီလာ နိုင်ရင် ၁.၈၆ ဆ၊ လိဒ်စ် နိုင်ရင် ၃.၇၈ ဆ၊ သရေ ဆိုရင်တော့ ၃.၂၅ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဗီလာ ဘက်ကပဲ ကြေးဖွင့်ပေးထားပြီး ဂိုးပေါင်း ကတော့ ပုံမှန်ပါပဲ။ လိဒ်စ်ယူနိုက်တက်ဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ အနိုင်ယူရခက်တဲ့ အသင်း ဖြစ်လာသလို၊ လက်ရှိမှာ ရလဒ်ပိုင်း အတက်အကျ ရှိနေတဲ့ အက်စတွန်ဗီလာ ကိုလည်း ဒုက္ခပေးနိုင်တဲ့ အရည်အသွေးမျိုး ရှိနေကြပါတယ်။ ဗီလာရဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ စုစုပေါင်း ဂိုးက ၇ ဂိုးသာ (ရဂိုး ၄ ဂိုး၊ ပေးဂိုး ၃ ဂိုး) ရှိခဲ့တာကြောင့် အခုပွဲဟာလည်း အကြိတ်အနယ်ရှိပြီး ဂိုးနည်းတဲ့ ပွဲမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ် မှာတော့ အိမ်ရှင် ဗီလာ ကပဲ နည်းလမ်းရှာပြီး အဖိုးတန် ၃ မှတ်ကို အရ ယူသွားလိမ့်မယ်လို့ ခန့်မှန်းချင်ပါတယ်။
ခန့်မှန်းရလဒ်
အက်စတွန်ဗီလာ ၂-၁ လိဒ်စ်ယူနိုက်တက်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


