ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကွင်းလယ်လူ ဒေါမနစ်ခ် ဆိုဘို့ဇ်ဆလိုင်းကို ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီအချိန်မှာ သူ့ရဲ့ အေးဂျင့် ဖြစ်သူက “ကမ္ဘာ့အကြီးဆုံး ကလပ်တွေ ထဲက တစ်ခုမှာ ကစားနေတာ ဖြစ်လို့ တခြား ဘယ်အသင်း ကိုမှ စိတ်မဝင်စားကြောင်း” တုံ့ပြန်လိုက်ပါတယ်။
လက်ရှိမှာ ဆိုဘို့ဇ်ဆလိုင်းနဲ့ အလက်ဆစ် မက်အယ်လစ္စတာတို့ နှစ်ဦးစလုံးဟာ ပရီးမီးယားလိဂ် ကလပ်နဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေကြသူတွေ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းဟာ တိုနီ ခရူးစ်နဲ့ လူကာ မိုဒရစ်တို့ ထွက်ခွာသွားပြီးနောက် ကွင်းလယ်ပိုင်းကို ပြန်လည် တည်ဆောက်ဖို့ လိုအပ်နေပါတယ်။ တစ်ဖက် မှာလည်း ဆိုဘို့ဇ်ဆလိုင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် အသင်း အတွက် ခက်ခဲတဲ့ ရာသီတစ်ခုမှာ အကောင်းဆုံး ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။
ဒါပေမယ့် ဆိုဘို့ဇ်ဆလိုင်းရဲ့ အေးဂျင့် ဖြစ်သူ မာတေး အက်စတာဟာဇီက NB1 နဲ့ အင်တာဗျူးမှာ အခုလို အာမခံ ပြောကြားခဲ့ပါတယ်။ “ဆိုဘို့ဇ်ဆလိုင်း ဒီလို ခြေစွမ်းပြနေတဲ့ အချိန်မှာ သူ နောက်ထပ် ဘယ်ကို သွားမလဲ၊ ဒီထက် မြင့်တဲ့ နေရာ ရှိဦးမလား ဆိုတာ လူတွေပြောကြတာ သဘာဝပါ။ ဒါပေမယ့် ဒါက ကျွန်တော်တို့ အတွက် ဆွေးနွေးစရာ ခေါင်းစဉ် မဟုတ်ပါဘူး။”
“အခုက ရာသီအလယ်ပဲ ရှိနေသေးတယ်။ သူ့ရှေ့မှာ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ပွဲတွေ အများကြီး ကစားဖို့ ရှိနေပါသေးတယ်။ လစ်ဗာပူးလ် ဆိုတာ ကမ္ဘာ့အကြီးဆုံး ကလပ်တွေထဲက တစ်ခု ဖြစ်သလို သူကလည်း အသင်းမှာ အရေးပါတဲ့ နေရာက ရှိနေတာမို့ တခြား ဘယ်အသင်း ကိုမှ မျှော်ကြည့်နေမှာ မဟုတ်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

လစ်ဗာပူးလ်ဟာ ၂၀၂၃ နွေရာသီမှာ ကွင်းလယ်ပိုင်းကို ပေါင် ၁၄၅ သန်း အကုန်အကျခံပြီး အကြီးအကျယ် ပြုပြင် ပြောင်းလဲခဲ့ပါတယ်။ အဲဒီထဲမှာ ဆိုဘို့ဇ်ဆလိုင်း၊ မက် အယ်လစ္စတာ၊ ဂရာဗန်ဘက်ချ်နဲ့ အန်ဒိုတို့ ပါဝင်ခဲ့ပါတယ်။ သတင်းတွေရဲ့ အဆိုအရ ဆိုဘို့ဇ်ဆလိုင်းထက် စာရင် မက်အယ်လစ္စတာက လစ်ဗာပူးလ် ကနေ ထွက်ခွာဖို့ ပိုပြီး ဖြစ်နိုင်ခြေ ရှိတယ်လို့ သိရပါတယ်။
လာမယ့် နွေရာသီမှာ သူတို့ နှစ်ဦးစလုံးဟာ စာချုပ်သက်တမ်း နောက်ဆုံး ၂ နှစ်ထဲကို ရောက်ရှိတော့မှာ ဖြစ်လို့ လစ်ဗာပူးလ် အနေနဲ့ စာချုပ်သစ်ချုပ်မလား၊ ဒါမှမဟုတ် ဈေးကောင်းရတုန်း ရောင်းထုတ်မလား ဆိုတာ ဆုံးဖြတ်ရတော့မှာပါ။ (ထရန့် အလက်ဇန္တား အာနိုးလ်တုန်းကလို အမှားမျိုး ထပ်မလုပ်ဖို့ လစ်ဗာပူးလ်က သတိထားနေပါတယ်)။
ဆိုဘို့ဇ်ဆလိုင်းနဲ့ မတူတာက မက် အယ်လစ္စတာရဲ့ ခြေစွမ်းဟာ ဒီရာသီမှာ အနည်းငယ် ကျဆင်းနေပါတယ်။ ရီးရဲလ်မက်ဒရစ် ကလည်း သူ့ကို ခေါ်ယူဖို့ အရင်ကတည်းက စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ မက်အယ်လစ္စတာရဲ့ ဖခင်ဖြစ် သူကတော့ သူ့ရဲ့ သား ဖြစ်သူဟာ လစ်ဗာပူးလ်မှာ ပျော်ရွှင်နေပြီး လက်ရှိရာသီ ကိုပဲ အာရုံစိုက်ထားတယ်လို့ ပြောပေမယ့် ဆိုဘို့ဇ်ဆလိုင်းရဲ့ အေးဂျင့်လောက် ပြတ်ပြတ်သားသား ငြင်းဆိုခြင်းမျိုးတော့ မရှိခဲ့ပါဘူး။
ဆိုဘို့ဇ်ဆလိုင်း အတွက်တော့ ဒီရာသီဟာ သူ့ရဲ့ ကစားသမားဘဝမှာ အတောက်ပဆုံး အချိန်တွေထဲက တစ်ခုလို့ ပြောလို့ ရပါတယ်။ လစ်ဗာပူးလ် အသင်း ရုန်းကန်နေရတဲ့ ပွဲစဉ်တွေမှာတောင် သူက အကောင်းဆုံး ခြေစွမ်းပြနိုင်သူ အဖြစ် သတ်မှတ်ခံထားရပါတယ်။ ကွင်းလယ်မှာ လုပ်အားနှုန်း မြင့်မားသလို၊ အဝေးကန်ချက်တွေနဲ့ ဂိုးဖန်တီးမှုတွေ မှာလည်း ထိရောက်မှု ရှိပါတယ်။ သူ့ရဲ့ ခြေစွမ်းကြောင့်ပဲ ရီးရဲလ်မက်ဒရစ်လို အသင်းကြီးတွေက မျက်စိကျလာရတာပါ။ အေးဂျင့် ဖြစ်သူ ကလည်း သူဟာ အသင်းမှာ အရည်အသွေး အပြည့် ရှိပြီး အားကိုးရသူ အဖြစ် ရှိနေတယ်လို့ ဆိုထားပါတယ်။
မက်အယ်လစ္စတာ အတွက်တော့ ဒီရာသီဟာ အတက်အကျ နည်းနည်းရှိနေတဲ့ ရာသီတစ်ခု ဖြစ်ပါတယ်။ ဆိုဘို့ဇ်ဆလိုင်းနဲ့ မတူတာက မက်အယ်လစ္စတာရဲ့ ခြေစွမ်းဟာ ဒီရာသီမှာ အနည်းငယ် ကျဆင်းနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ မက် အယ်လစ္စတာက ကွင်းလယ်မှာ ဘောလုံး ထိန်းချုပ်မှုနဲ့ ပွဲဖတ်နိုင်စွမ်း ကောင်းမွန်ဆဲ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီကလောက် သက်ရောက်မှု မရှိဘူးလို့ ဝေဖန်ခံနေရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


