အင်္ဂါနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ပထမအကျော့ မှာတော့ ပြင်သစ် လီဂူးဝမ်း ပြိုင်ဘက်တွေ ဖြစ်တဲ့ မိုနာကိုနဲ့ ပီအက်စ်ဂျီတို့ အကြိတ်အနယ် ကစားခဲ့ကြပါတယ်။ ပီအက်စ်ဂျီဟာ မိုနာကိုကို တဖက်သတ် ကစားနိုင်ခဲ့တယ် ဆိုပေမယ့် နောက်ကနေ လိုက်ကစားခဲ့ရပြီး လူစားဝင် ကစားသမား ဒီဇိုင်းရား ဒူယေးရဲ့ သွင်းဂိုး နှစ်ဂိုးက ပီအက်စ်ဂျီ အတွက် အဆုံးအဖြတ် ဖြစ်စေခဲ့ပါတယ်။
ပွဲစဉ်အကျဉ်း
ပွဲစလို့ ၅၅ စက္ကန့်မှာတင် မိုနာကိုတို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဂိုလိုဗင်ရဲ့ ဘယ်တောင်ပံက ဖြတ်တင်ဘောကို ဖိုလာရင် ဘယ်လိုဂန်က အပိုင်ခေါင်းတိုက် သွင်းယူခဲ့တာပါ။ ၁၈ မိနစ် မှာတော့ အက်ကလီယူချီရဲ့ ဖန်တီးပေးမှု ကနေ ဘယ်လိုဂန် ကပဲ ဒုတိယမြောက် ဂိုးကို ထပ်မံ သွင်းယူခဲ့လို့ မိုနာကိုတို့ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီ အတွက် ဂိုးပြန်ရဖို့ အခွင့်အရေး ရခဲ့ပေမယ့် ဗစ်တင်ညာ ကန်သွင်းတဲ့ ပင်နယ်တီကို မိုနာကို ဂိုးသမား ဖိလစ် ခွန်းက ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဓိက ကစားသမား အူစမန်နီ ဒမ်ဘီလီ ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာဟာ ပီအက်စ်ဂျီ အတွက် ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒမ်ဘီလီရဲ့ နေရာမှာ အစားဝင်လာတဲ့ ဒူယေးက ပွဲကို ပြောင်းလဲပစ်ခဲ့ပါတယ်။ သူဟာ ကွင်းထဲ ရောက်ပြီး မကြာခင်မှာပဲ ဝေးရာတိုင် အတွင်းဘက်ကို ကန်သွင်းပြီး ပထမချေပဂိုး သွင်းယူခဲ့ပါတယ်။ ပထမပိုင်း မပြီးခင် ၄ မိနစ် အလို မှာတော့ ဒူယေးရဲ့ ကန်ချက်ကို ဂိုးသမား ပုတ်ထုတ်ရာ ကနေ ကျလာတဲ့ ဘောလုံးကို အာချက်ဖ် ဟာကီမီက ပိတ်သွင်းပြီး ၂-၂ သရေ ရလဒ် ဖြစ်စေခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်စပြီး ၃ မိနစ် အကြာ မှာတော့ မိုနာကို အတွက် အခြေအနေ ပိုဆိုးသွားခဲ့ပါတယ်။ ဂိုလိုဗင်က ဗစ်တင်ညာရဲ့ ခြေထောက်ကို ကန်မိခဲ့တာကြောင့် VAR ကြည့်ပြီး တိုက်ရိုက် အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ အဲဒီနောက် မိနစ် ၆၇ မှာတော့ ဇိုင်း အမ်မရီရဲ့ ပေးပို့မှု ကနေ တစ်ဆင့် ဒူးယေးက အနိမ့်ဘောနဲ့ အဝေးတိုင်ထဲကို အပိုင်ကန်သွင်းပြီး ပီအက်စ်ဂျီ အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
ဂိုလိုဗင်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က နန့်စ်နဲ့ပွဲ မှာလည်း အထုတ်ခံခဲ့ရတာကြောင့် နှစ်ပွဲ ဆက်တိုက် အနီကတ် ပြသခံခဲ့ရတာ ဖြစ်ပါတယ်။ ဒူးယေးဟာ လူစားဝင်ပြီး ၁ မိနစ်နဲ့ ၅၉ စက္ကန့် အတွင်း မှာတင် ဂိုးသွင်းနိုင်ခဲ့တာကြောင့် ဒီရာသီ ချန်ပီယံလိဂ်ရဲ့ အမြန်ဆုံး လူစားဝင် သွင်းဂိုး အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါ့အပြင် သူဟာ ၂၀၁၉ ခုနှစ်က အမ်ဘာပေး နောက်ပိုင်း ပီအက်စ်ဂျီ အတွက် ချန်ပီယံလိဂ် ပွဲစဉ် တစ်ပွဲမှာ လူစားဝင်လာပြီး တစ်ဂိုးထက် ပိုသွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာပါတယ်။ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် သမိုင်းမှာ ၂ ဂိုးပြတ် ရှုံးနိမ့်နေရာ ကနေ ပြန်လည် အနိုင်ရရှိတာဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ (ပထမအကြိမ်မှာ ၂၀၂၅ ဇန်နဝါရီက မန်စီးတီးကို ၃-၂ နဲ့ နိုင်ခဲ့တာပါ)။
ဒီပွဲမှာ ပီအက်စ်ဂျီဟာ မိုနာကို ဂိုးပေါက်ကို အကြိမ် ၃၀ အထိ ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးပေါက် တည့်မှု ကတော့ ၁၀ ကြိမ် အထိ ရှိခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ မျှော်မှန်းဂိုး (xG) ၃.၀၉ ရှိခဲ့ပြီး မိုနာကို ကတော့ ပီအက်စ်ဂျီ ဘက်ကို ဂိုးပေါက် ၇ ကြိမ် ကန်ရာမှာ ၄ ကြိမ် ဂိုးပေါက်တည့်ပြီး မျှော်မှန်းဂိုး (xG) ၁.၁၉ ရှိထားပါတယ်။
လက်ရှိ ဂိုးရလဒ် အရ ဆိုရင်တော့ မိုနာကို အတွက် ဒုတိယအကျော့က မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိုနာကိုဟာ ပီအက်စ်ဂျီကို သူတို့ရဲ့ အိမ်ကွင်းမှာသာ ဒုက္ခပေးတတ်တဲ့ အသင်း ဖြစ်ပြီး Parc des Princes မှာ ဆိုရင်တော့ အမြဲတမ်း ဒုက္ခရောက်လေ့ ရှိတာ တွေ့ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


